အကောင်း အဆိုးနဲ့ နာကျင်ပင်ပန်းမှုတွေရောနေ

အကောင်း အဆိုးနဲ့ နာကျင်ပင်ပန်းမှုတွေရောနေ

လွန်ခဲ့တဲ့ရက်သတ္တပတ်တုန်းက အပူပိုင်းနိုင်ငံ တစ်နိုင်ငံရဲ့ သာယာတဲ့နေရာက အရက်ဆိုင်
လေးတစ်ဆိုင်မှာ ကျွန်တော်ရှိနေစဉ် အနည်း ဆုံး လူသုံးယောက်က ကျွန်တော့်ကို ဘာပြော
သလဲဆိုရင် စင်ကာပူက မီဒီယာဟာ ဒေသတွင်း မှာ ဆင်ဆာအလုပ်ခံရဆုံးလို့ ပြောခဲ့ကြတယ်။

ပထမတော့ ဘာမှမပြောဘဲ ကျွန်တော် နားထောင်နေခဲ့တယ်။ အရက်ဆိုင်မှာရှိတဲ့ တခြားလူ
တွေကပါ အားပါးတရ ထောက်ခံ တယ်လို့ပြောတဲ့အခါမှာတော့ မနေသာ တော့ဘဲ သဘာဝ
ကျတဲ့ အချက်ကလေး တစ်ခုကို ကြားဖြတ် ၀င်ပြောလိုက်တယ်။ ဟုတ်ပါတယ်။ ပြည်တွင်းနိုင်
ငံရေး အကြောင်းကို စင်ကာပူသတင်းစာတွေမှာ ထိန်းချုပ်ထားတယ်၊ တစ်ဖက်သတ်လည်း
ဆန်တယ်၊ ဒါပေမဲ့ အရင်တုန်းကနဲ့စာရင် အများကြီးတော်သေးတယ်။ ဒါပေမဲ့ နိုင်ငံခြား ရေးရာ
ကိစ္စတွေကို ဖော်ပြတဲ့အခါမှာတော့ တခြားဒေသတွင်းထုတ်တဲ့ စာစောင်တွေ ထက်စာရင်
ဘက်မလိုက်တဲ့နေရာမှာ ပြိုင်ဘက်ကင်းတယ်။

အကြောင်းကိုတော့ သတိပြုမိဖို့ မခက် ပါဘူး။စင်ကာပူနိုင်ငံရဲ့ အထင်ကရသတင်းစာ
The Straits Times ဟာ သူ့သတင်းထောက် တွေကို ဒေသတွင်းမှာတာဝန်ချထားရာမှာ
ပေကျင်း၊ တိုကျို၊ ဒေလီနဲ့ ၀ါရှင်တန်မြို့တွေ မှာလည်း ရှိတယ်။

ဒီတော့ New York Times ၊ သို့မဟုတ် Guardian သတင်းစာတွေဆီက သတင်းတွေ ကို
ဖတ်စရာမလိုတော့ဘဲနဲ့ ှအမငေအျ ွှငာနျ ရဲ့ ကိုယ်တွေ့သတင်းဖော်ပြမှုတွေမှာ ဒီဒေသကို
နားလည်ကြသူတွေရဲ့ သဘောထားအမြင် တွေနဲ့ ရသခံစားနိုင်စွမ်းတွေလည်း ပါတယ်။

Straits Times သတင်းစာမှာ ကျွန်တော် တစ်ချိန်က လုပ်ခဲ့တာကို ဖွင့်ဟပြောဆို ပါရစေ။
၀ါရှင်တန်နဲ့ ဟနွိုင်းမြို့တွေမှာ ဗျူရိုအကြီးအကဲတာဝန်ကို ထမ်းဆောင်ခဲ့တာ ပါ။ အဲဒီတုန်းက
ကျွန်တော်ရေးသားပေးပို့ ခဲ့တဲ့ သတင်းတွေဟာ တချို့မှာ တမင်တကာ ဆွပေးတဲ့သတင်းတွေ
၊ စင်ကာပူအစိုးရကို မလိုလားတဲ့သတင်းတွေ ပါတာတောင် သတင်းတစ်ပုဒ်ပဲ သုံးခွင့်မရခဲ့ဘူး။
ဟုတ်ပါတယ်။ ပြည်တွင်းသတင်းရေးသား မှုတွေဟာ အပြစ်အနာအဆာ မကင်းပါဘူး။ ဒါပေမဲ့
နိုင်ငံခြားသတင်းရေးသားမှုကတော့ အလွန်ကောင်းပါတယ်။ ဒီကွဲလွဲတဲ့ ၀ိရောဓိ က စင်ကာပူနိုင်ငံ
ကို သရုပ်ဖော်လိုက်တာပဲ ဖြစ်တယ်။ ဒီအတိုင်းဖြစ်နေတာလို့ ထင်ရတာ ကိုက မဟုတ်သလိုပဲ။

မကြာသေးမီက အွန်လိုင်းကထုတ်ဝေတဲ့ ွူသဘေူငျအ စာစောင်ထဲမှာပါတဲ့ ဆောင်းပါး နှစ်ပုဒ်က
ဒီအဖြစ်ကိုဖော်ပြဖို့ ကြိုးပမ်းခဲ့သေး တယ်။ ၀ါရှင်တန်မြို့မှာရုံးစိုက်တဲ့ စာစောင်ဖြစ် တယ်။
အယ်ဒီတာချုပ် ှအနစ့ညေ ျွငခ့အနမ ကို ကျွန်တော် အဲဒီမှာနေတုန်းက သိခွင့်ရခဲ့တယ်။
စင်ကာပူနိုင်ငံနဲ့ပတ်သက်တဲ့ ွူသဘေူငျအ သတင်းတွေဟာ ဖတ်သင့်ပါတယ်။ ဘာ ကြောင့်လဲ
ဆိုရင် ဆန့်ကျင်ဘက်ရှိတဲ့မတူကွဲ ပြားခြားနားမှုများကို ဖော်ပြတဲ့အတွက် ဖြစ်တယ်။

အထူးသဖြင့် အရင်လကပါခဲ့တဲ့ Dazzling Singapore's Deep Contradictions
ဆောင်းပါးပေါ့။ ပထမဆုံးအကြိမ် ရောက်လာတဲ့ ဧည့်သည် တွေကို သဘောကျစေတဲ့ MRT
အောက် မီးရထားစနစ်၊ ဇိမ်ခံဟိုတယ်တွေဖြစ်တဲ Fullerton နဲ့ Raffles ၊ ကြီးမားတဲ့
Singapore Eye Ferris လောင်းကစားရုံသစ်ကြီးတွေရှိတဲ့ Marina Bay နဲ့ Sentosa Island
တို့ကို စာရေးသူ John West က ဖော်ပြခဲ့တယ်။

John West ဟာ ဒီအဆောက်အအုံတွေနဲ့ Orchard Towers က ပြည့်တန်ဆာ အထပ်
လေးထပ်၊ သို့မဟုတ် ဆင်းရဲပြီး ညစ်ပတ်တဲ့ Deaker Road သို့မဟုတ် Geylang တို့နဲ့ ဆန့်ကျင်
နှိုင်းမပြခဲ့ပါဘူး။ Singapore Eye ဟာ ဘိုင်ကျနေပြီး လောင်း ကစားရုံတွေကလည်း ပဋိပက္ခ
အလုံးစုံကို ဖြစ်ပေါ်စေတာကိုလည်း ဖော်မပြဘူး။ သူ့ရဲ့ မှန်ကန်တဲ့ မှတ်ချက်ကတော့ အပေါ်ယံ
ကနေ အောက်ပိုင်းကိုခြစ်လိုက်ရင် ရှင်သန်ဖို့အတွက် ရုန်းကန်နေရတဲ့စနစ်ကို ဖော်ပြလာတယ်
လို့ ဆိုတယ်။ မှန်တာတစ်ခုကတော့ စင်ကာပူနိုင်ငံမှာ တစ်ခုခု အနံ့မကောင်းတာဖြစ်နေတယ်။
ဒူးရင်းသီးအနံ့မဟုတ်ဘူးဆိုတာကတော့ သေချာတယ်။ တာရှည်အုပ်ချုပ်လာပြီး ပင်ပန်းနွမ်းနယ်
အားကုန်နေတဲ့ People's Action Party (PAP) ပဲဖြစ်တယ်။

ခေတ်သစ်စင်ကာပူကို တည်ထောင်ခဲ့တဲ့ အခု အသက် ၉၀ ကျော်ရှိပြီဖြစ်တဲ့ လီကွမ်း ယူ
ကွယ်လွန်သွားတဲ့အခါမှာ သူ့အရိုက်အရာ ဆက်ခံမယ့်လူတွေကို အကျင့်ပိုင်းဆိုင်ရာနဲ့ သမိုင်း
အရ တရားဝင်ဖြစ်မှုဆိုတဲ့ ဆုံးရှုံးမှု တွေက စမ်းသပ်စစ်ဆေးမှာပဲလို့ West ပြောခဲ့တာဟာ
မှန်တယ်။

ဒီစမ်းသပ်မှုကို သူတို့ကြိုးစားဖြေနေပေမယ့် အမှတ်ကောင်းတော့ မရသေးဘူး။ The Ruling Elite
of Singapore စာအုပ် ရေးသားခဲ့သူ ဩစတြေးလျပညာရှင် Michael Barr ရဲ့ လျှို့ဝှက်ပူးပေါင်း
ကြံစည်တဲ့ သီအိုရီကို West က ထောက်ခံတဲ့အခါမှာ တော့ သူ့ရဲ့အကြောင်းပြချက်ကို လျှော့
ပေါ့ပြီး ပြောဆိုခဲ့တယ်။

စင်ကာပူရဲ့အုပ်ချုပ်ရေးစနစ်ကို လီကွမ်း ယူက တမင်စီမံကိန်းစခဲ့ပြီး ကိုယ်တိုင်ကြပ်မတ် တာဟာ
သူနဲ့ သူ့မိသားစုဩဇာကြီးမားဖို့ ရည်ရွယ်ထားတယ်လို့ Barr ရဲ့အဆိုပြုချက် ဟာ သံတမန်ဆန်
ဆန် ပြောရမယ်ဆိုရင်တော့ နည်းနည်းလွန်သွားသလား မပြောတတ်ဘူး။

Globalist စာစောင်ရဲ့ နောက်ဆုံး ဆောင်းပါးတစ်ခုဖြစ်တဲ့ The upright and Welcoming
Jewel of Southeast Asia ရဲ့ ဆောင်းပါးရှင် Guy Pfeffermann ကလည်း စင်ကာပူရဲ့ဂုဏ်
သိက္ခာကို ထိခိုက်စေတဲ့ ယုံတမ်းစကားတွေကို ကြက်တူရွေးလို ၀မ်းနည်းစွာနဲ့ ရွတ်ပြခဲ့တယ်။

Globalist  ဆောင်းပါးတွေရဲ့ စိတ်မကောင်း စရာအကောင်းဆုံး အပြစ်အနာအဆာက တော့
တခြားဆောင်းပါးအများစုတွေလိုပဲ လီရဲ့ အစိုးရဟာ ဆင်းရဲမွဲတေမှုတွေနဲ့ပြည့်နေတဲ့ ရွှံ့ညွန်ကို
အရှေ့တောင်အာရှရဲ့ အကြွယ်ဝ အချမ်းသာဆုံး နိုင်ငံဖြစ်အောင်လုပ်ပေးခဲ့ တယ်ဆိုတဲ့ သတင်း
မှားကို ထပ်တလဲလဲ ပြောဆိုနေတာပဲဖြစ်တယ်။ ခေတ်သစ် စင်ကာပူနိုင်ငံဟာ ကြီးပွား ချမ်းသာ
တယ်ဆိုတာ ငြင်းဖွယ်ရာမရှိပါဘူး။ အရင်ကတည်းကလည်း ဒီလိုပါပဲ။ လီခေတ် မတိုင်မီ ၁၉၄၀
ပြည့်နှစ်တွေနဲ့ ၁၉၅၀ ပြည့် နှစ်တွေက ့သက ွှကဘန ကိုကြည့်ရင် သိနိုင်ပါ တယ်။

ဆင်းရဲမွဲတေမှုနဲ့ပြည့်နေတဲ့ ရွှံ့ညွန် လားလို့ မေးခွန်းထုတ်စရာရှိတယ်။ စင်ကာပူနိုင်ငံသားတွေ
တိုးတိုးပြီးသိလာ နေကြတယ်။ PAPဟာ ဥစ္စာပေါကြွယ်တဲ့ လူမှုရေး စိတ်ကစဉ့်ကလျားရောဂါ
ကို ဇိမ်ကျ ပြီး မျက်စိနောက်လောက်အောင် တောက်ပ တဲ့ သွားဆရာရဲ့ လူနာဆောင်အခန်း
ထဲကို ပို့ပေးလာတယ်။ ဟုတ်ပါတယ်။ သက်သောင့်သက်သာရှိပြီး လူတွေက ပြံုးပျော်နေတဲ့
အသွင်ကို ဆောင်နေ ကြတယ်။ ဒါပေမဲ့ ရှေ့မှာတော့ နာကျင်မှုနဲ့ စိတ်ပင်ပန်း လူပင်ပန်းမှုတွေ
က စောင့်နေ ပါတယ်။

ဒီအဆိုချင်း၊ အတီးချင်းမတူတဲ့ အသွား နှစ်မျိုးကို တစ်ပြိုင်တည်းလုပ်တဲ့ အခြေအနေ ဟာ
စင်ကာပူနိုင်ငံရဲ့ မီဒီယာကို အားသာချက် နဲ့ အားနည်းချက်ရသကိုပေးတာ အသာထား
မိမိကိုယ်မိမိ အဆုံးစီရင်မှုတွေ မြင့်တက်လာ တာနဲ့ နိုင်ငံကထွက်ခွာပြီး တခြားနိုင်ငံမှာ
အခြေ ချချင်စိတ်တွေ တိုးပွားလာစေတယ်။

ဤဆောင်းပါးသည် ရော်ဂျာမစ်တန်၏ အာဘော် သာဖြစ်သည်။