ဒါကာ - ကလေးများ ဆော့ကစားတဲ့ ပန်းခြံ တစ်ခုကို ဒါကာမြို့နားက ပုဂ္ဂလိက
အားကစားအသင်းတစ်သင်းက သိမ်းယူ တိုက်တာကြောင့် ကလေးမိဘများ၊ နိုင်ငံ့ အားကစား
အကျော်အမော်ဟောင်းကြီးများ နဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်လှုပ်ရှားသူ ထောင်ချီပါ၀င်တဲ့
ဆန့်ကျင်ဆန္ဒပြမှုကြီး ဖြစ်ပေါ်ခဲ့ပါတယ်။
ကမ္ဘာ့လူဦးရေ အထူထပ်ဆုံးနဲ့ ညစ်ထေး မှုအများဆုံးမြို့တစ်မြို့ဖြစ်တဲ့ ဒါကာမြို့ လူထု နားနေ
အပန်းဖြေရာ ဒီပန်းခြံကို ပြန်လည် ပေးအပ်ဖို့ ရက်ချီထိုင်လျက် ဆန္ဒပြခဲ့ကြတာပါ။
"ဒီဒေသက ကလေးတွေအတွက် ရှားရှား ပါးပါးရှိနေတဲ့ ဒီနေရာကလေးကိုမှ ဒီအသင်းက
သူတို့ပိုင် မြေအမှတ်နဲ့ အပိုင်စီးထားတာပဲ"လို့ သပိတ်မှာပါ၀င်တဲ့ ဘင်္ဂလားဒေ့ရှ် ခရစ်ကက်
အားကစားခေါင်းဆောင်ဟောင်း ဂါဇီအာရှပ် လီပူးက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် စာနယ်ဇင်း
ရှေ့မျက်နှာဖုံး မှာဖော်ပြကြတဲ့ ဒီသတင်းတွေကြောင့် ဒါကာ မြို့က ကလေးတွေ ပန်းခြံထဲ
ခြေချခွင့်မရဘဲ ကြီးပြင်းခဲ့ရပုံ၊ အိမ်ခြံမြေရောင်းဝယ်သူတွေ၊ ့ုဂ္ဂလိက အသင်းအဖွဲ့တွေနဲ့ နိုင်ငံရေး
ပါတီ တွေရဲ့ အမြတ်ကြီးစား ချယ်လှယ်မှုနဲ့ အဖိုးတန် ပန်းခြံမြေတွေ ပုံမှန် မတရားသိမ်းဆည်းမှု
တွေကြောင့် မြို့နေ သာမန်လူထု စိတ်သောက ရောက်နေကြရပုံတွေလည်း သိရှိလာကြရ
ပါတယ်။
"ဒါဟာ ပြည်သူပိုင်ပစ္စည်းကို ဓားပြတိုက် ယူတာပဲ၊ ဒါပေမဲ့ ဒီလို ဩဇာအာဏာရှိသူ တွေကို
ကျွန်တော်တို့ ဘယ်လိုမှ မဟန့်တား နိုင်ကြပါဘူး"လို့ ၁၉၈၅ မှ ၁၉၉၀ ပြည့်နှစ် အထိ ဘင်္ဂလား
ဒေ့ရှ် ခရစ်ကက်အသင်းကို ဦးဆောင်ခဲ့တဲ့ လီပူးကဆိုတယ်။ မြို့သက် နျစ်ပေါင်း ၄၀၀ ရှိပြီဖြစ်တဲ့
ဒါကာမြို့က အားကစားကွင်းနဲ့ တခြား ပန်းဥယျာဉ်ပေါင်း သုံးပုံနှစ်ပုံ ကွယ်ပျောက် သွားပါပြီ။
ဒီနေရာမှာ လူနေတိုက်ခန်းပါ အဆောက်အအုံတွေ၊ ဗလီတွေ၊ ဗဆာက်လုပ် ရေးကုမ္ပဏီသုံး
ကုန်တင်ယာဉ်တွေ ရပ်နား စခန်းနဲ့ အမှိုက်ပုံနေရာတွေ ဖြစ်နေပါပြီလို့ တရားဝင် ခန့်မှန်းချက်
တစ်ခုကဆိုပါတယ်။
ဒါကာလူဦးရေဟာ နောက်ဆုံး နျစ် ၂၀ အတွင်းမှာ နှစ်ဆခွဲတိုးခဲ့ပြီး ၁၇ သန်းအထိ ရှိလာတယ်။
မြို့ဧရိယာ ၁၂၅ စတုရန်းမိုင် လောက် (၃၂၄ စတုရန်းကီလိုမီတာ) အတွင်း မှာ ငါးပိသိပ်ငါးချဉ်
သိပ် ဖြစ်နေပါတယ်။ လူဦးရေသိပ်သည်းဆအနေနဲ့ စတုရန်း တစ်မိုင်အတွင်းမှာ လူပေါင်း
၁၂၀,၀၀၀ ၀န်းကျင်ရှိနေပါတယ်။
ဒါကာမှာ နောက်ဆုံးကျန်နေသေးတဲ့ အငယ်ဆုံးကစားကွင်း ၂၈ ကွင်းနဲ့ ပန်းခြံ ရ၀ ဟာလည်း
ပျက်စီးကုန်တဲ့အပြင် နည်း အမျိုးမျိုးနဲ့ အပိုင်စီးသွားကြပါပြီလို့ ဘင်္ဂလား ဒေ့ရှ် ပတ်ဝန်းကျင်
ထိန်းသိမ်းရေးအဖွဲ့ (BAPA ) တွဲဖက်အတွင်းရေးမှူး အစ်ဘော ဟာဘစ်က ဆိုပါတယ်။
မြို့နေလူထု အသုံးပြုဖို့ထားရှိတဲ့ ဒီလို မြေကွက်နဲ့ ပန်းခြံတွေကို အဓမ္မသိမ်းယူ အသုံး ပြုကြ
တာကြောင့်လည်း မြေဈေးတွေ အဆ မတန်ကြီးမြင့်လာခဲ့ပါတယ်။ ဒီပြဿနာကို အစိုးရက
ကိုင်တွယ်ဖြေရှင်း မှုမပြုခဲ့ပေမယ့် BAPA အဖွဲ့နဲ့ ဆန္ဒပြသူတွေ ကတော့ ဆက်လက်ဆောင်
ရွက်သွားကြဖို့ သန္နိဋ္ဌာန်ချထားကြတယ်။
မြေသိမ်းသူတွေက အစိုးရနဲ့ ပူးပေါင်း လှုပ်ရှားနေတာကြောင့် BAPA ရဲ့ဥပဒေအရ တရားစွဲ
ဆောင်ရွက်မှုတွေဟာ အောင်မြင် သင့်သလောက် မအောင်မြင်ခဲ့ဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့
ဥပဒေအရ အားကစားကွင်းတွေ၊ လွင်ပြင်နဲ့ ပန်းခြံတွေ မြေနေရာပေါ်မှာ မည်သည့်အဆောက်
အအုံ မှ အစားထိုးဆောက်လုပ်ခွင့်မရှိပါဘူး။ ဥပဒေ နဲ့ တားမြစ်ထားပြီးဖြစ်ပါတယ်။
လေ့လာချက်တွေအရ ဒါကာမြို့ဟာ ညစ်ညမ်းမှု အမြင့်မားဆုံးအဆင့်ရောက်နေ ခြင်း၊ မြို့ပြ
စီမံကိန်းစနစ်မရှိခြင်း၊ ့စားကွင်း ပန်းခြံစတဲ့ မြို့လူထု အပန်းဖြေလှုပ်ရှားနားနေ နိုင်တဲ့ မြေနေရာ
တွေ ပျက်စီးဆုံးပါးနေခြင်း တို့ကြောင့် ကမ္ဘာ့လူနေမှုအဆိုးရွားဆုံး မြို့တစ်မြို့ဖြစ်နေပြီလို့
ဆန်းစစ်ချက်တွေက ဆိုပါတယ်။
ဒီလိုအခြေအနေမျိုးမှာ ကြီးပြင်း လာတဲ့ ကလေးလူငယ်တွေမှာလည်း စိတ်ဓာတ် ရေးရာ ထိခိုက်
လာနိုင်တယ်လို့ ဒါကာတက္က သိုလ် စိတ်ပညာပါမောက္ခ မာမူဒါရာမန်က ပြောပါတယ်။ ကလေး
လူငယ်တွေဟာ မိတ်ဆွေအပေါင်း အသင်းတွေနဲ့ အတူကစားကြခြင်းဖြင့် အပြန် အလှန်ဆက်ဆံ
တတ်လာကြမယ်၊ အခက်အခဲ တွေကို ဖြေရှင်းတတ်လာကြမယ်၊ ခေါင်း ဆောင်မှု အရည်အသွေး
တွေကိုလည်း ရရှိ လာနိုင်ကြမှာဖြစ်တယ်လို့ ပါမောက္ခက ဆိုပါ တယ်။
(အေအက်ဖ်ပီ)

















