မိဘများသွေးလှူဒါန်းပါက ကျောင်းသားများ စာမေးပွဲအမှတ်ပိုရမည်

မိဘများသွေးလှူဒါန်းပါက ကျောင်းသားများ စာမေးပွဲအမှတ်ပိုရမည်

တရုတ်ပြည်ဂျင်ဟွာမြို့တွင် ကောင်တီအုပ်ချုပ်ရေးအဖွဲ့တစ်ခုသည် ကျောင်းသားများအား ၎င်းတို့၏
မိဘများအနေဖြင့် တစ်ဂါလန်နှင့် အထက်သွေးလှူဒါန်းမှုပြုလုပ်ပါက အထက်တန်း ၀င်ခွင့်စာမေးပွဲ
ဖြေဆို ရာတွင် အမှတ်ပိုပေးမည််ဟု ကမ်းလှမ်းခဲ့ကြောင်း ယူပီအိုင်သတင်းဌာနက ဖော်ပြခဲ့သည်။

ဖူကျင်းအစိုးရအဖွဲ့သည် တစ်ဂါလန်ခန့် သွေးလှူဒါန်းသည့်ကျောင်းသားသည် အထက်တန်းဝင်ခွင့်
စာမေးပွဲ ဖြေဆိုရာတွင် အပိုအမှတ်ရရှိမည်ဖြစ်ကြောင်း တိုက်ရိုက်ညွှန်ကြားချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်
ပြီး ကျောင်းသား မိဘများအနေဖြင့် ၁.၅ ဂါလန်လှူဒါန်းပါက နှစ်မှတ်၊ ၂ ဂါလန် လှူဒါန်းပါက သုံးမှတ်
စသည်ဖြင့် ၎င်းတို့သားသမီးများ၏ ရမှတ်များ တက်လာမည်ဖြစ်သည်။

ရှန်ကျင်းသတင်းဌာနက အရွယ်ရောက်သူတစ်ယောက်သည် သွေးတစ်ဂါလန် ပြည့်အောင်
လှူဒါန်းမှုပြုလုပ်နိုင် ရန် တစ်နှစ်လျှင်နှစ်ကြိမ်နှုန်းဖြင့် ငါးနှစ်နီးပါးလှူဒါန်းရမည်ဖြစ်ကြောင်း ဖော်ပြ
ခဲ့သည်။

ဒေသအစိုးရအဖွဲ့မှ ဆေးဝါးကုသမှုအတွက် ကုန်ကျစရိတ်ထုတ်ပေးခြင်း၊ သွားလာရေးအတွက် အခမဲ့ ဆောင်ရွက်ပေးခြင်း၊ ငွေကြေးထုတ်ပေးခြင်းများဖြင့် သွေးလှူဒါန်းမှုများပြုလုပ်ကြရန် မက်လုံး
ပေး ဆောင်ရွက်လျက်ရှိသည်။

အသက် ၂၈နှစ်အရွယ် အမျိုးသားတစ်ယောက်သည် သွေးလှူဒါန်းမှုတစ်ဂါလံပြည့်သည့် အထိမ်း
အမှတ်ကို ဝေလ်ဘိုလူမှုကွန်ယက်စာမျက်နှာတွင် သူသိများစေရန် ကြေညာခဲ့သည်။

"အဲဒီပေါ်လစီကြောင့် စွန့်စွန့်စားစားနဲ့ သွေးအများကြီးလှူခဲ့တာပါ။ကျွန်တော့်ရဲ့သားကို အထက်တန်း
၀င်ခွင့်စာ မေးပွဲအတွက် စိတ်မပူနဲ့ မင်းအတွက်ရမှတ်တွေ အများကြီးရအောင်လုပ်ပေးထားတယ်
လို့ ပြောချင်ပါတယ်" ဟုအဆိုပါအမျိုးသား၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။