အိန္ဒိယနိုင်ငံ တာရီဟူတီတွင် နေထိုင်သည့် မေ့ဆေးပညာရှင် တစ်ဦးသည် ၎င်း၏မင်္ဂလာပွဲပြီးတွင်
လက်ထပ်ပြီးစ ဇနီးသည်ကို သတ်လိုက်သည့်အပြင် ၎င်းတိုယ်တိုင်လည်း သတ်သေခဲ့ကြောင်း
ယူပီအိုင် သတင်းဌာနတွင် ဖော်ပြထားသည်။
အဆိုပါမေ့ဆေးပညာရှင်မှာ အသက် ၅၄ နှစ်အရွယ် ဒေါက်တာဂျော်ဂျီစကော့ဆမ်ဆွန် ဖြစ်ပြီး
၎င်း၏ဇနီးမှာ အသက် ၅၀ အရွယ် ကယ်လီ အက်ကာဆမဆွန်အမည်ရှိ သူနာပြုတစ်ဦးဖြစ်သည်။
၎င်းတို့နှစ်ဦး၏ မင်္ဂလာပွဲကို အောက်တိုဘာလ ၄ ရက်(စနေနေ့) ညနေပိုင်းက ပြုလုပ်ခဲ့ပြီး နောက်
တစ်နေ့တွင် နှစ်ဦးလုံးမှာ သေနတ်ဒဏ်ရာဖြင့်သေဆုံးနေခဲ့ခြင်းဖြစ်သည်။
တနင်္ဂနွေနေ့နံနက်ပိုင်း တစ်နာရီကျော် အချိန်ခန့်တွင် ကယ်လီက ၉၁၁ သို့ အလျင်စလိုပုံစံဖြင့်
ဖုန်းဆက်ခဲ့ကြောင်း၊ အဆိုပါ ဆရာဝန်၏ အလောင်းကို မြေအောက်ခန်းတွင် တွေ့ရှိ၍ အမျိုး
သမီး၏အလောင်းကို ရေချိုးခန်းတွင် တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။
"သူတို့လက်ထပ်ပြီးမှ အခုလိုဖြစ်သွားတာက သူတို့ကြားမှာ အထင်လွဲစရာပြဿနာကြီးကြီးမားမား
ရှိနေတယ် လို့ထင်ပါတယ်။ သူ့မိန်းမကို သေနတ်နဲ့အရင်ပစ်ပြီးမှ သူ့ကိုယ်သူပစ်သတ်သွားတာ"
ဟု သေမှုသေခင်းစုံစမ်း စစ်ဆေးရေးကောင်စီမှ ဒေါက်တာဆူဆန်အမိုက သုံးသပ်သည်။
ပထမဆုံး ၉၁၁ ကိုခေါ်ပြီး မိနစ်ပိုင်းအတွင်းတွင် အဆိုပါအိမ်သို့ တာဝန်ရှိသူများရောက်ရှိခဲ့သည်
ဟု ရဲအရာရှိ ကပြောသည်။ ပထမဖုန်းခေါ်ဆိုမှုတွင် သူမက ၎င်း၏ခင်ပွန်းမှာ ၎င်းကိုသတ်ရန်ကြိုး
စားနေကြောင်း အကြောင်း ကြားခဲ့ခြင်းဖြစ်ပြီး ၉၁၁ သို့ တတိယအကြိမ်မြောက် ဖုန်းခေါ်ဆိုနေချိန်
တွင် သူမ၏ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ရဲအရာရှိကပြောသည်။
မစ္စတာဆမ်မွန်တွင် သေနတ်များစွာရှိပြီး ယင်းတို့ကို မြေအောက်ခန်းတွင် သိုဝှက်သိမ်းဆည်း
ထားသည့်အပြင် ခဲယမ်းလက်နက်များစွာကိုလည်း သိုလှောင်ထားကြောင်း Vigo ကောင်စီစာရေး
ကော့တွမ်က ပြောသည်။

















