သမ္မတဂျိုကိုဝီရဲ့ စိတ်ဓာတ်တက်ကြွစေတဲ့ ဥပမာ

သမ္မတဂျိုကိုဝီရဲ့ စိတ်ဓာတ်တက်ကြွစေတဲ့ ဥပမာ

အခုအချိန်နဲ့ နောင်နှစ် အထွေထွေရွေးကောက် ပွဲမတိုင်မီ သမ္မတ ဦးသိန်းစိန်နဲ့
ဒေါ်အောင် ဆန်းစုကြည်တို့ လူတစ်ယောက်ကို လေ့လာ သုံးသပ်လို့ အကျိုးအရှိဆုံး
ပုဂ္ဂိုလ်ရှိမယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတသစ် ဂျိုကိုဝီဒိုဒိုပဲ ဖြစ်လိမ့်
မယ်။

သမ္မတ ဂျိုကိုဝီဟာ သူ့နိုင်ငံရဲ့ တည်ငြိမ်မှု ကို ထိန်းသိမ်းပြီး စီးပွားရေးအရလည်း ကောင်း
မွန်စွာ လုပ်ဆောင်လို့ အောင်မြင်ခဲ့ရင် အမျိုးမျိုး ကွဲပြားခြားနားမှုတွေရှိတဲ့ မြန်မာ နိုင်ငံ
အတွက် သမ္မတ ဂျိုကိုဝီကို စံနမူနာ ထားဖို့လိုတယ်။ အင်ဒိုနီးရှားနိုင်ငံဟာလည်း မြန်မာနိုင်
ငံ လိုပဲ လူမျိုးရေး၊ ဘာသာရေး ကွဲပြားခြားနား မှုတွေ များပြားစွာရှိတယ်။ မြန်မာနိုင်ငံနဲ့
တူတာ တစ်ခုကတော့ ကွဲပြားခြားနားတဲ့ လူမျိုးနွယ် လူနည်းစုတွေ ဟာ ပေကတ်ကတ်နိုင်
လှတဲ့ ပြဿနာ အရေး ကိစ္စတွေကို ရင်ဆိုင်ေ-နရတယ်။ အားလုံးဟာ ဗဟိုအစိုးရထံက အခွင့်
အရေးတွေ ပိုပြီး တောင်းဆိုနေကြတယ်။

နေပြည်တော်အစိုးရနဲ့ မတူတာကတော့ ဂျကာတာအစိုးရဟာ ပြတ်သားစွာ ဆုံးဖြတ် ချက်
ချလိုက်ပြီး ပြည်နယ် ၃၄ ခုစလုံးကို သူတို့ရဲ့ကိစ္စတွေ ထိန်းချုပ်မှုကို စို့စို့ပို့ပို့ပေးခဲ့ ပြီး အာ
ချေးကိုတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အားလုံးလိုလို ပေးခဲ့တယ်။ ဗဟိုအာဏာကို
လက်အောက်အဖွဲ့အစည်း တွေကို ခွဲဝေပေးလိုက်ခြင်းဟာ ပိုင်နက် တည်တံ့ခိုင်မြဲမှုကို
ခြိမ်းခြောက်ခံရမယ့်အစား အင်ဒိုနီးရှားနိုင်ငံရဲ့ ထွေပြားတဲ့လူမျိုးတွေကို ခိုင်မာပြီး တပေါင်း
တစည်းဖြစ်တဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်စေဖို့ ဖန်တီးပါတယ်။

ဒီလိုနည်းနဲ့ သမ္မတ ဂျိုကိုဝီဟာ သူ့နိုင်ငံကို ခိုင်မာတောင့် တင်း မြှင့်တင်ပေးလိုတဲ့ ဆန္ဒရှိ
နေတယ်။ နောင်နှစ် ရွေးကောက်ပွဲအပြီး နေပြည် တော်မှာ အာဏာရလာမယ့် အစိုးရဟာ
သမ္မတ ဂျိုကိုဝီရဲ့ ဥပမာကို အတုခိုးသင့်တယ်။ လောလောဆယ်မှာတော့ သူ့ရဲ့ ပေါ်လွင်
ထင်ရှားတဲ့ မူဝါဒတွေဟာ ပြည်တွင်း အတိုက် အခံသမားတွေနဲ့ ဘာသာရေး အစွန်း
ရောက် သူတွေကြောင့် ချွတ်ချော်မသွားဖို့ မျှော်လင့် ရမှာပဲ။

အခုအချိန်အထိ အတိတ်နိမိတ်တွေ ကတော့ အပြုသဘောကို ဆောင်နေတာကို တွေ့
ရတယ်။ ဒီကိစ္စနဲ့စပ်လျဉ်းပြီးတော့ သမ္မတ ဂျိုကိုဝီ ဟာ အမေရိကန်သမ္မတ အိုဘားမားနဲ့
မကြာ ခဏ နှိုင်းယှဉ်ခံရတယ်။ အိုဘားမားဟာ လူမသိ သူမသိအခြေအနေကနေ နိုင်ငံ
ရဲ့ အမြင့်ဆုံး ရာထူးကို တစ်ရှိန်ထိုး တက်လာ ပြီးရခဲ့တယ်။ သမ္မတ အိုဘားမားကို မဆို
ထားနဲ့ ဘယ်သူ ပဲဖြစ်ဖြစ် လွန်ကဲတဲ့ မျှော်လင့်ချက်တွေကို ပြီးမြောက်ဖို့ ဘယ်လိုမှ
မလုပ်နိုင်ဘူး။ မကြာ သေးခင် ပြီးသွားခဲ့တဲ့ ကွန်ဂရက်ရွေးကောက် ပွဲရလဒ်ကိုကြည့်ရင်
အိုဘားမားရဲ့ မအောင် မြင်မှုဟာ အမေရိကန်ပြည်သူ အတော်များ များကို စိတ်ပျက်သွား
စေခဲ့တယ်။

သမ္မတ ဂျိုကိုဝီလည်း သတိမထားရင် အိုဘားမားလိုပဲ ဖြစ်သွားနိုင်တယ်။ အမှန် ပြောရရင်
တော့ သူတို့နှစ်ယောက် တစ်ရှိန်ထိုး တက်သွားတာ နှိုင်းယှဉ်လို့ရတဲ့ အချက်ကလွဲ ရင်
ဒီပုဂ္ဂိုလ်နှစ်ယောက်ဟာ ကွဲပြားကြတယ်။ သမ္မတ ဂျိုကိုဝီရဲ့ ထင်ရှားတဲ့ ၀ိသေသ လက္ခ
ဏာတစ်ခုကိုကြည့်ရင် ဒေသတွင်း တခြားခေါင်းဆောင်တွေနဲ့ ဘယ်လောက် တောင်
ခြားနားလဲဆိုရင် ရက်သတ္တ နှစ်ပတ် လောက်တုန်းက သူ စင်ကာပူနိုင်ငံကို သွားခဲ့တဲ့
ဖြစ်ရပ်ပဲဖြစ်တယ်။

သူ့ရဲ့ အငယ်ဆုံးသား ကျောင်းပြီးသွား တာကို သွားတာမှာ တခြားခေါင်းဆောင် တွေလို
ကိုယ်ပိုင်လေယာဉ်နဲ့မသွားဘဲ အများ စီးလေယာဉ် ရိုးရိုးတန်းက လိုက်သွားခဲ့တယ်။ သူ့ရဲ့
အဓိက ရည်မှန်းချက်တစ်ခုဖြစ်တဲ့ အဂတိလိုက်စားမှု နှိမ်နင်းရေးကြောင့် ချမ်းသာ ကျော်
ကြားတဲ့လူတွေလို သွားလာ လှုပ်ရှားရင် ရှေ့နောက်မညီဖြစ်သွားနိုင် တယ်။ ကျေးဇူးတင်
ဖို့ကောင်းတာကတော့ သူ့ သမ္မတသက်တမ်း စောစောပိုင်းတွေမှာ အဆင်ချောနေတယ်။

အထူးသဖြင့် ကက်ဘိ နက်အဖွဲ့ ရွေးချယ်တာကိုကြည့်ရင် သိနိုင်တယ်။ ဘဏ္ဍာရေးနဲ့
ပညာရေးဘက်မှာ သူက ထိပ်တန်း သိပ္ပံ စက်မှုပညာရှင်တွေကို ခန့်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ
သမိုင်းမှာ အမျိုးသမီး ၀န်ကြီးတွေကို အများဆုံး ခန့်ခဲ့တယ်။ စုစု ပေါင်းအမျိုးသမီးဝန်ကြီး
ကိုးဦးခန့်ခဲ့တယ်။ မလေးရှားနဲ့ မြန်မာနိုင်ငံမှာ နှစ်ဦးစီနဲ့ စင်ကာပူမှာ တစ်ဦးသာရှိတယ်။

ကံမကောင်းတာကတော့ Indonesian Democratic Party of Struggle ပါတီဝင်
အဖြစ် ယှဉ်ပြိုင်ခဲ့တာကြောင့် ဒီပါတီကို ထိန်းချုပ် ထားတဲ့ သမ္မတဟောင်း မီဂါ၀ါတီ
ဆူကာနို ပူထရီရဲ့သစ္စာခံတချို့ကို ချီးမြှောက်ခဲ့ရတယ်။ ဒါကြောင့် အာချေးနဲ့ ပါပူဝါတို့မှာ
လူ့ အခွင့်အရေးချိုးဖောက်တဲ့ စွပ်စွဲမှုတွေရှိနေတဲ့ ဗိုလ်ချုပ်ဟောင်း Ryamizard Ryacudu
ကို ကာကွယ်ရေးဝန်ကြီးရာထူး ပေးလိုက်ရပြီး အတွေ့အကြံုနုတဲ့ မီဂါ၀ါတီရဲ့သမီး ပွမ်မ
ဟာ ရာနီကို ၀န်ကြီးတစ်နေရာပေးလိုက်ရတယ်။

ဒီချို့ယွင်းချက်တွေကလွဲရင် သမ္မတ ဂျိုကိုဝီ ဟာ လူမျိုးရေး၊ သို့မဟုတ် ဘာသာရေး တစ်ယူ
သန်သဘောထားတွေကို အနောက်ဘက်သို့ ပို့ရာမှာ ကြီးမားတဲ့ အင်အားကိုပြသခဲ့တယ်။ သူ့လိုလုပ်ရပ်မျိုးကို မြန်မာနိုင်ငံက ခေါင်း ဆောင်တွေနဲ့ ဒေသတွင်းက ခေါင်းဆောင်တွေ
မလုပ်နိုင်သေးဘူး။ ၂၀၁၂ ခုနှစ်က ဂျကာတာရဲ့ ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ဂျိုကိုဝီ
အရွေးခံရ တုန်းက ဒုတိယနေရာအတွက် အရွေးခံရသူ ဂျိုကိုဝီရဲ့ မဟာမိတ်ရင်း ဘာဆူကီ
တာဂျာ ဟာဂျာပူနာမာကိုကြည့်ရင် သိနိုင်ပါတယ်။ အဟော့ခ်လို့ လူသိများတဲ့ ဘာဆူကီဟာ
အင်ဒိုနီးရှားနိုင်ငံ လူဦးရေရဲ့ တစ်ရာခိုင်နှုန်း သာရှိတဲ့ အုပ်စုထဲမှာပါ၀င်တယ်။

သူဟာ တရုတ်လူမျိုး ခရစ်ယာန်ဘာသာဝင်ဖြစ်တယ်။ အဟော့ခ်ဟာ သူ့တာဝန်ဝတ္တရား
တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်သူဖြစ်ပေမယ့် အစ္စလမ္မစ် တရားသေသမားတွေက
အဟော့ခ် ကို အတိုက်အခံလုပ်ကြတယ်။ ဒါပေမဲ့ ဂျိုကိုဝီ ဟာ အဟော့ခ်ကို သမ္မတဖြစ်
လာတဲ့အချိန် အထိ လုံးဝ မပစ်ပယ်ခဲ့ဘူး။ အဟော့ခ်က တော့ အခု ပြည်နယ်အုပ်ချုပ်ရေး
မှူးဖြစ်နေပြီ။ ဒီလိုဖြစ်ဖို့ကလည်း အတော်လေးကြိုးစား ပမ်းစားလုပ်ခဲ့ရတယ်။

သမ္မတ ဦးသိန်းစိန်၊ သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်တို့က လာမယ့်နှစ် ရွေးကောက်ပွဲ
မှာ ဒုတိယနေရာ အရွေးခံဖို့ ရခိုင်မွတ်စလင်၊ သို့မဟုတ် ကချင် ခရစ်ယာန်တစ်ယောက်ကို
ရွေးချယ်လိုက် သလိုပေါ့။ ဒါမျိုးဖြစ်လာမှာမဟုတ်ဘူး။ သူတို့ ဟာ ဂျိုကိုဝီလိုသတ္တိမျိုး မရှိကြ
ဘူး။ လာမယ့်နှစ်မှာ ဂျိုကိုဝီရဲ့ လုပ်ဆောင်ချက် တွေကို ဆက်ပြီးလေ့လာရင် သူတို့အနေနဲ
့ တန်ဖိုးရှိတဲ့ သင်ခန်းစာတွေကို ရနိုင်တာ ကလည်း အကြောင်းတစ်ခုပဲ။ ဘာဖြစ်လို့လဲဆို
ရင် ဒါတွေကို လေ့လာမှု ကြောင့် ရွေးကောက်ပွဲမှာနိုင်ဖို့ အထောက် အကူရသွားနိုင်တယ်။ 

ဤဆောင်းပါးသည် ရော်ဂျာမစ်တန်၏ အာဘော် သာဖြစ်သည်။
သောင်းညွန့် ဘာသာပြန်သည်။