ပန်ကလန်ဘန် - အင်ဒိုနီးရှား စုံစမ်းစစ်ဆေး သူများက လေယာဉ်ပျက်ကျရသည့်
အကြောင်း ရင်းကို ရှာဖွေဖော်ထုတ်လျက်ရှိရာတွင် အင်ဒိုနီးရှား ကယ်ဆယ်ရေးအဖွဲ့များက
ပျောက်ဆုံး အဲအေးရှားလေယာဉ်၌ လိုက်ပါသွားသူများ၏ ရုပ်အလောင်းများ ဂျာဗား ပင်လယ်၌
ရှာဖွေနေခြင်းကို ရာသီဥတုဆိုးရွားမှုကြောင့် ဒီဖင်ဘာလ ၃၁ ရက်နေ့က ခေတ္တရပ်ဆိုင်းထားရ
ကြောင်း သိရသည်။
ဂျာဗားပင်လယ်အတွင်း ပျောက်ဆုံး လေယာဉ်၏ အပိုင်းအစများကို ပိုက်စိပ်တိုက် ရှာဖွေခဲ့ရာ နှစ်
ရက်ကြာပြီးနောက် လေယာဉ်ပျက်မှ အပျက်အစီး အပိုင်းအစ များနျင့် ရုပ်အလောင်းများကို ဒီဇင်
ဘာလ ၃၀ ရက်နေ့က ရှာဖွေရေးအဖွဲ့များ စတင်တွေ့ရှိ ခဲ့ရာ လေယာဉ်ပေါ် လိုက်ပါသွားသူများ၏
သတင်းနှင့်ပတ်သက်ပြီး စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသော ဆွေမျိုးမိတ်ဆွေများ ကြေကွဲပူဆွေး
ခဲ့ကြရသည်။
အာဏာပိုင်များက ဒီဖင်ဘာလ ၃၁ ရက် နေ့တွင် အင်တိုက်အားတိုက် ဆက်လက် ရှာဖွေပေးမည်
ဟု ကတိပြုထားသော်လည်း မုန်တိုင်းတိုက်ကာ ရာသီဥတုဆိုးရွားနေ ခြင်းကြောင့် ဒီဖင်ဘာလ ၂၈
ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ ဖြစ်သည့် ဆူရာဘာယာမှ စင်ကာပူသို့ ပျံသန်း
ရင်း ဂျာဗားပင်လယ်အတွင်း အဆက် အသွယ် ပြတ်သွားခဲ့သော အဲအေးရှား လေယာဉ်မှ ကျန်
သည့် အစိတ်အပိုင်းများ နျင့် ရုပ်အလောင်းများ ဆက်လက်ရှာဖွေမှုကို ရပ်ဆိုင်းထားရသည်။
လေယာဉ်ပျက်မှ တံခါးတစ်ခုနျင့် အပြာ ရောင် ခရီးဆောင်လက်ဆွဲသေတ္တာတစ်ခုတို့ အပါအဝင်
အပျက်အစီး အပိုင်းအစများနျင့် ရုပ်အလောင်းများကို ဘော်နီယိုကျွန်း၏ အနောက်တောင်ဘက်
ဂျာဗားပင်လယ်အတွင်း ဒီဖင်ဘာလ ၃၀ ရက်နေ့ကတွေ့ရှိခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ၏ အရေးပေါ်
ကယ်ဆယ်ရေးဌာန အကြီးအကဲ ဘမ်ဘန်း ဆိုလစ်ဇ် ယိုက သင်္ဘောအမှုထမ်းဝတ်စုံဝတ် အမျိုး
သမီး တစ်ဦး၏ ရုပ်အလောင်းအပါအဝင် ရုပ်အလောင်း ခြောက်လောင်းကို ပြန်ဆယ်နိုင်ခဲ့ကြောင်း
ဒီဖင်ဘာလ ၃၁ ရက်နေ့ကပြုလုပ် ခဲ့သည့် သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင်ပြောကြားခဲ့သည်။
ရုပ်အလောင်း ၄၀ ကျော်ကို ဆယ်ယူနိုင်ခဲ့ကြောင်း ရေတပ်မှပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အစော
ပိုင်းက ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် ယင်းမှာ ၀န်ထမ်းတစ်ဦး၏သတင်းပေးပို့မှု မှားယွင်း
ခြင်းကြောင့်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
ခရီးသည်နှင့်လေယာဉ်ဝန်ထမ်း ၁၆၂ ဦး အနက် ၁၅၅ ဦးမှာ အင်ဒိုနီးရှားနိုင်ငံသားများဖြစ်ပြီး ရှာဖွေ
ရေးလုပ်ငန်းများတွင် အမေ ရိကန်၊ ဩစတြေးလျ၊ စင်ကာပူ၊ ဗတာင်ကိုရီး ယားနျင့် မလေးရှားနိုင်ငံ
တို့က ပါ၀င်ဆောင် ရွက်လျက်ရှိသည်။ အင်ဒိုနီးရှားသမ္မတ ဂျိုကို ၀ီဒိုဒိုက ဒီဖင် ဘာလ ၃၀ ရက်နေ့
တွင် ဆူရာဘာယာမြို့သို့ သွားရောက်ကာ လေယာဉ်ပေါ် ပါသွားသည့် ခရီးသည်များ၏ မိသားစု
ဆွေမျိုးများကို သွားရောက်တွေ့ဆုံ၍ နျစ်သိမ့်အားပေးရင်း ရှာဖွေမှုများ အရှိန်မြှင့်ဆောင်ရွက်မည်ဟု
ကတိပြုပြောကြားခဲ့သည်။
ဘော်နီယိုကျွန်းပေါ်ရှိ ကာလီမန်တန် အလယ်ပိုင်း ပြည်နယ်၏ ပန်ကလန်ဘန်မြို့ အနောက်တောင်
ဘက် ကီလိုမီတာ ၁၆၀ (မိုင် ၁၀၀) ခန့်အကွာရှိ လေယာဉ်အပိုင်းအစများ တွေ့ရှိရာ ရေမျက်နှာပြင်ဋ္ဌ
အောက်တွင် ပျောက် ဆုံး လေယာဉ်ကိုယ်ထည်ဟု ယူဆရသော အရိပ်ကြီးတစ်ခုကို တွေ့ရှိထား
ကြောင်းနှင့် ယင်းနေရာ၌ ရှာဖွေရေးလုပ်ငန်းများဆောင် ရွက်နေကြောင်း ဆိုလစ်ဇ်ယိုက ပြောကြား
ခဲ့သည်။
အဲအေးရှားလေယာဉ် စတင် ထွက်ခွာပျံသန်းပြီး မိနစ် ၄၀ ခန့်အကြာတွင် ရာသီဥတုဆိုးရွားနေသောကြောင့် လေယာဉ်လမ်းကြောင်းပြောင်းလဲပျံသန်းခွင့်ပေးရန် လေယာဉ်မှူး
ကအကြောင်းကြားခဲ့ပြီးနောက် လေယာဉ်နှင့်အဆက်အသွယ်ပြတ်တောက်ခဲ့သည်။ မုန်တိုင်းရှိ၍
အမြင့်ပေ ၃၂,၀၀၀ မှ ၃၈,၀၀၀ သို့ ပြောင်းလဲပျံသန်းခွင့်ပြုရန် လေယာဉ်မှူးက တောင်းဆိုခဲ့သော်
လည်း အမြင့် ပေ ၃၂,၀၀၀ အထက်တွင် အခြား လေယာဉ် များ ပျံသန်းနေခြင်းကြောင့် ရုတ်တရက်
ခွင့်ပြုမပေးခဲ့ခြင်းဖြစ်ကြောင်း လေကြောင်း အန္တရာယ် ကင်းရှင်းရေး ဒါရိုက်တာ ၀စ်စနူ ဒါဂျိုနိုက
အေအက်ဖ်ပီသို့သတင်းဌာနသို့ ပြောကြားခဲ့သည်။ နျစ်မိနစ် သုံးမိနစ်ကြာပြီးနောက် အမြင့် ပေ
၃၄,၀၀၀ ၌ လမ်းကြောင်းရှင်းကြောင်း အကြောင်းကြားသည့်အချိန်၌ အဲအေးရှား လေယာဉ်နှင့်
အဆက်အသွယ် ပြတ်တောက် ခဲ့ခြင်းဖြစ်ကြောင်း ဒါဂျိုနိုက ပြောသည်။
ပျောက်ဆုံးလေယာဉ်မှာ မလေးရှားအခြေစိုက် အဲအေးရှားလေကြောင်းလိုင်းနှင့်ဆက် စပ်သည့်
အင်ဒိုနီးရှားအဲအေးရှားလေကြောင်း လိုင်းမှဖြစ်ပြီး ယခုနှစ်အတွင်း မလေးရှား လေယာဉ်များ ဘေး
အန္တရာယ်ကျရောက်မှုတွင် တတိယမြောက် လေယာဉ်ဖြစ်သည်။
(အေအက်ဖ်ပီ)

















