စင်ကာပူဟာ ဒီနှစ်ဆိုရင် လွတ်လပ်ရေးရတာ နှစ်ပေါင်း ၅၀ ပြည့်လာတာကြောင့် ဒီ အထိမ်း
အမှတ်ကို မီးရှူးမီးပန်းတွေ၊ ပွဲတော် တွေနဲ့ ကျင်းပမှာဖြစ်တယ်။ ပထဝီအနေအထားအရဆိုရင်
အလွန်ပဲ သေးငယ်ပါတယ်။ အမြဲလည်း 'နီ'နေမှာ ဖြစ်တယ်။
ဘာကြောင့်လဲဆိုရင် လူဦးရေလေးပုံသုံးပုံဟာ တရုတ်တွေဖြစ်တယ်။ ဒီလိုပဲ အမြဲဖြစ်နေမှာပဲ။
တာရှည် အုပ်ချုပ်လာတဲ့ People Action Party(PAP) ရဲ့ ဆိုရိုးက စင်ကာပူနိုင်ငံရဲ့ လူမျိုးအုပ်စု
သုံးစုရဲ့အချိုး ဟာ အမြဲတမ်း ဒီအတိုင်းဖြစ်ရမယ်တဲ့။ ဒါကြောင့်လည်း လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ က
လုပ်ခဲ့သလိုပဲ လူဦးရေရဲ့ ရ၅ ရာခိုင်နှုန်း ဟာ တရုတ်လူမျိုး၊ မလေးလူမျိုးက ၁၄ ရာခိုင် နှုန်း၊ အိန္ဒိယ
လူမျိုး ရှစ်ရာခိုင်နှုန်းနဲ့ ကျန်လူ တွေကတော့ ဥရောပ၊ အာရှသားတွေဖြစ်ကြ တယ်။ မှန်ပါတယ်။
မကြာသေးမီက အဖြစ် အပျက်တွေကိုကြည့်ရင် ဏဗဏ ရဲ့ ဒဏ္ဍာရီလာ ခရီးရောက်မှုကတောင်
ကိန်းဂဏန်းတွေကို တိတိကျကျ ထိန်းမထားနိုင်ဘူး။ ဒီတော့ မလေး လူမျိုးတွေဟာ လက်ရှိအချိန်
မှာ ၁၃ ရာခိုင် နှုန်းကို ရောက်သွားပြီး အိန္ဒိယလူမျိုးတွေဟာ ကိုးရာခိုင်နှုန်းကို တက်လာတယ်။
ကိန်းဂဏန်းတွေဟာ တစ်ရာခိုင်နှုန်း၊ သို့မဟုတ် နှစ်ရာခိုင်နှုန်း အတက်အကျ ဖြစ်သွားတာနဲ့
တရုတ်၊ အင်ဒိုနီးရှား၊ သို့မဟုတ် မလေးရှားနိုင်ငံတွေက လူတွေကို အခြေစိုက် ဖို့ခေါ်လာပြီး
ခြားနားမှုကို ပြန်ပြောင်းလိုက် တယ်။ ဒီလူမျိုးရေး လူသားသန့်ဗေဒမူဝါဒကို သုံးခြင်းဖြင့် စင်ကာပူ
ရဲ့ လူမှုရေးတည်ငြိမ်မှု၊ အရည်အသွေးအလျောက် မြှောက်စားတဲ့ ပညာရေးစနစ်နဲ့ အိမ်ရာစနစ်
တွေကို အခြေ ခိုင်မာစေပြီး စီးပွားရေးဖွံ့ဖြိုးမှုကို မြန်စေ ခဲ့တယ်။ စင်ကာပူနိုင်ငံရဲ့ 'အနီ'ဆိုတဲ့
အမည်နာမ ကိုလည်း ၁၉၅၀ ပြည့်နှစ်တွေဆီကို ခြေရာ ခံလို့ရတယ်။ အဲဒီအချိန်က ဖွဲ့စည်းပြီးခါစ
PAP ကို ကွန်မြူနစ်တွေ၊ ဆိုရှယ်လစ်စနစ် တွေနဲ့ တခြားဝါဒတွေက စိုးမိုး ခြယ်လှယ် ခဲ့ကြတယ်။
PAP ရဲ့ စိတ်ဓာတ် တက်ကြွတဲ့ လူငယ်ခေါင်းဆောင် ဟယ်ရီလီ (အခုတော့ လီကွမ်းယူလို့
လူသိများတဲ့ခေါင်းဆောင်)ဟာ ဆန္ဒပြနေတဲ့ စာတိုက်ဝန်ထမ်းတွေကို ကျော်ကြားအနိုင်ရအောင်
၁၉၅၄ ခုနှစ်က အလုပ်သမားသမဂ္ဂ အကြံပေးတစ်ယောက် အနေနဲ့ ကူညီခဲ့တယ်။ လက်တွေ့
အကျိုး ဖြစ်ထွန်းလာတဲ့အခါမှာတော့ ဟယ်ရီဆိုတဲ့ အင်္ဂလိပ်နာမည်ကို ဖြုတ်လိုက်တယ်။ ဆေး
လိပ် ဖြတ်လိုက်တယ်၊ ပြီးတော့ ဂျဟိုးဘာရူးကို ကားနဲ့သွားပြီး သူ့သူငယ်ချင်းတွေနဲ့ ဘီယာ
သောက်တာကို ရပ်လိုက်တယ်။ သူဟာ အာဏာရှင်ဆန်တဲ့ အရင်းရှင်တစ်ယောက် အဖြစ်ပြောင်း
လဲကာ လက်ဝဲဆန်တဲ့ မျိုးရိုး ဇာစ်မြစ်တွေကို အထင်အမြင်သေး နှိမ့်ချကာ မည်သည့်ကိစ္စကိုပဲဖြစ်
ဖြစ် သူ့အနေအထား ကို အကြီးအကျယ်ပြောင်းလဲပစ်ဖို့ ၀န်မလေး တော့ပေ။
ဒီလိုဖြစ်လာတာကို ဘယ်လိုသိနိုင်လဲ ဆိုရင် ၀န်ကြီးချုပ်ဖြစ်လာပြီး မကြာခင် ၁၉၅၉ ခုနှစ်မှာ
စင်ကာပူနိုင်ငံတစ်နိုင်ငံတည်း ရှင်သန်နိုင်မှာ မဟုတ်တာကြောင့် မလေးရှား နဲ့ ပေါင်းစည်းရမယ်လို့
လီကွမ်းယူက အချေအတင်ပြောဆိုခဲ့တယ်။ ဒီတော့လည်း နှစ်နိုင်ငံ ပေါင်းစည်းလိုက်ကြတယ်။
ဒါပေမဲ့ ဒီလုပ်ရပ် ဟာ မအောင်မြင်ခဲ့လို့ လီကွမ်းယူဟာ သူ့ သဘောထားကို အပြောင်းကြီးပြောင်း
လဲ လိုက်ပြီး စင်ကာပူနိုင်ငံကို ထိုပေါင်းစည်းမှုမှ ၁၉၆၅ ခုနှစ်၊ ဩဂုတ်လ ၉ ရက်မှာ ထွက်လိုက်
တယ်။
အဲဒီနေ့စွဲကစတင်ပြီး နှစ်ပေါင်း ၅၀ အထိမ်းအမှတ်ကို ယူခဲ့တာဖြစ်တယ်။ ပေါင်းစည်းမှု
မအောင်မြင်တာကို ဘေး ချိတ်ပြီး လီကွမ်းယူဟာ သူ့အမျက်ဒေါသကို နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံ
ရေးပြိုင်ဘက်တွေ အပေါ် စုပုံချခဲ့တယ်။ ဒီနိုင်ငံရေးပြိုင်ဘက်တွေ ဟာ အစကနဦးကတည်းက
နှစ်နိုင်ငံပေါင်း စည်းမှုမလုပ်ဖို့ ကန့်ကွက်ခဲ့သူတွေပဲ ဖြစ်တယ်။ နိုင်ငံရေးပြိုင်ဘက်တွေမှာ အနှိမ်
နင်းခံခဲ့ရ ပြီးနောက် ဆယ်စုနှစ်နှစ်ခုအထိ လီကွမ်းယူရဲ့ PAP ဟာ ပါလီမန်မှာ အမတ်နေရာ
အားလုံး ကို ယူထားခဲ့တယ်။ စင်ကာပူနိုင်ငံဟာ ကြွယ်ဝ ချမ်းသာလာခဲ့တယ်။
ဒါပေမဲ့ အလွန်တော်၊ အဂတိလိုက်စားမှုကင်းပြီး ရာဇဝတ်မှုမရှိတဲ့ အယူအဆမှာ မကြာမီနှစ်တွေ
အတွင်းမှာ မကျောနိုင်ဖြစ်ခဲ့တယ်။ အသက် ၉၁ နှစ်ရှိပြီဖြစ်တဲ့ လီကွမ်းယူခမျာ သူ ဒီအရွယ်ရောက်
ခါမှ စင်ကာပူ လုပ်ငန်းရှင် တွေ၊ အစိုးရဝန်ထမ်းတွေနဲ့ ရဲအဖွဲ့နဲ့ လုံခြံုရေး အဖွဲ့တွေက အဖွဲ့ဝင်တွေ
ခြစားမှုကြောင့် စွဲချက်အတင်ခံရတာတွေကြည့်ပြီး ဒေါသ ဖြစ်မှာသေချာတယ်။ အခြေခံအဆောက်
အအုံ ဆုံးရှုံးမှုတွေဟာမကြာခဏဆိုသလို ဖြစ်ပေါ်လာကာ စင်ကာပူ စတော့ဒိုင်ဟာ မကြာသေး
ခင်က သုံးကြိမ် ယိုယွင်းခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီး ပွဲစားတွေနဲ့ ကုမ္ပဏီတွေ တုန်လှုပ်ဒေါသဖြစ်ခဲ့
ကြရတယ်။
တစ်ချိန်က နာမည်ကြီးခဲ့တဲ့ ြျွွှ မြေ အောက် မီးရထားစနစ်ဟာလည်း လွန်ခဲ့တဲ့ နှစ်က အကြိမ်ပေါင်း
တစ်ဒါဇင်ကျော် ပျက်ခဲ့ရာ ခရီးသည်တွေဟာ မှောင်တဲ့ ဥမင် လိုဏ်ခေါင်းအတွင်းမှာ အကူအညီ
မရဘဲ အချိန်ကြာမြင့်စွာ သောင်တင်ခဲ့ကြတယ်။ နိုင်ငံခြားက အလုပ်သမားတွေအပေါ် အားကိုး
မှုဟာလည်း ပေါက်ကွဲမယ့်အခြေ အနေကို ဦးတည်နေတယ်။ သူတို့တွေဟာ လူဦးရေရဲ့ သုံးပုံ
တစ်ပုံကျော်ရှိတယ်။ စင်ကာပူနိုင်ငံရဲ့ အောင်မြင်မှုဟာ ဘင်္ဂလား ဒေ့ရှ်၊ ဖိလစ်ပိုင်နိုင်ငံတွေနဲ့
ဒေသတွင်းမှာ ရှိကြတဲ့ အလုပ်သမားတွေ ဈေးပေါပေါနဲ့ရခဲ့ တာကြောင့် ဖြစ်တယ်လို့ PAP
ပါလီမန်အမတ် တစ်ယောက်က ကျွန်တော့်ကို တစ်ချိန်က ပြောခဲ့တယ်။
အတွေးအခေါ် အကြံအစည် ကင်းမဲ့နေ တဲ့ ဏဗဏ ဟာ လောင်းကစားလုပ်ငန်းကို လိုင်စင်ပေး
ခွင့်ပြုခဲ့တဲ့ အဖြစ်မျိုးဟာ လီကွမ်း ယူကို ထိတ်လန့်တုန်လှုပ်သွားစေမှာဖြစ်တယ်။ ကြီးမားတဲ့လောင်း
ကစားရုံတွေက ရရှိတဲ့ ၀င်ငွေဟာ စင်ကာပူနိုင်ငံရဲ့ စီးပွားရေးကို အထောက်အကူပြုနိုင်ပေမယ့် ပြည်မတရုတ် နိုင်ငံက လောင်းကစားသမားတွေလာတာ လျော့သွား
တာကြောင့် လွန်ခဲ့တဲ့ နှစ်နှစ် အတွင်း ၀င်ငွေ သိသိသာသာကျဆင်းသွား ခဲ့တယ်။ ဒါတင်မကသေး
ပါဘူး။
လီကွမ်းယူ ၀န်ကြီးချုပ်ဖြစ်တုန်းက အစိုးရက သတိပေး ခဲ့သလိုပဲ လောင်းကစားရုံတွေရဲ့နောက်
ဆက် တွဲပြဿနာတွေကတော့ လူဆိုးဂိုဏ်းတွေ၊ ငွေခဝါချမှုတွေ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု
နဲ့ ပြည့်တန်ဆာလုပ်ငန်းတွေ ပေါ်လာမှာ ဖြစ်တယ်။ အခုလည်း ဒီအတိုင်းဖြစ်နေပြီ။ ဈေးနှုန်းတွေ
ထိုးတက်ပြီး ဆိုးရွားတဲ့ အဆင့်အတန်းတွေ ဖြစ်ပေါ်လာတယ်။
Marina Bay Sands လောင်းကစားရုံနဲ့ ပတ်သက်ပြီး Bangkok Post သတင်းစာက Umesh
Pandey က "အတွေ့အကြံု ကတော့ဗျာ စိတ်ပျက်စရာပါပဲ။ ယဉ်ကျေး ရည်မွန်မှုကလည်း မရှိဘူး၊
ဒါဟာ ကျွန်တော့်ရဲ့ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်ပါပဲ" လို့ ရေးသားခဲ့တယ်။
ပိုက်ဆံကိုရေလိုသုံးနိုင်ပြီး နာကျင်မှုကို အရသာခံတတ်တဲ့သူသာ အနည်းဆုံးတစ်ည ကို အမေရိ
ကန်ဒေါ်လာ
၃၀၀ ပေး ကဲမှာပါလို့ တခြား သုံးသပ်သူတွေကလည်း ပြောကြတယ်။ နျစ်ပေါင်း ၅၀ အကြာမှာ
တော့ စင်ကာပူ နိုင်ငံဟာ ဒီလိုဖြစ်လာတာပါပဲ။ ချမ်းသာ ကြွယ်ဝသူတွေနဲ့ ပေါကြောင်ကြောင်နိုင်
တဲ့ လူတွေအတွက် လမ်းပေါ်မှာ မွန်တီကာလို ကလို နိုင်ငံတကာ ကားပြိုင်ပွဲတွေလုပ်တာ ဟာ
လည်း သာမန်နိုင်ငံသားတွေအတွက် ရက်သတ္တတစ်ပတ်လုံးနီးနီး ၀ရုန်းသုန်းကား အခြေအနေကို
ဖြစ်ပေါ်စေခဲ့တယ်။ ဒီလောက်ဆို တော်လောက်ပါပြီ။
အလွန် အလေးအနက်ထားပြီး စိတ်အားထက်သန်တဲ့ စင်ကာပူနိုင်ငံသားတွေ သူတို့နိုင်ငံရဲ့ မွေးနေ့
ဆင်နွှဲကြမှာကို မနာလိုဝန်တိုစိတ် မထားဖို့ ဆင်ခြင်ကြရအောင်လား။ "သင်တို့ ထိုက်သင့်တဲ့အစိုးရ
ကို ရတာပဲ" လို့ လီကွမ်းယူကိုယ်တိုင်က ပြောခဲ့ပေမယ့် စင်ကာပူနိုင်ငံသားတွေဟာ လက်ရှိ လူ
တွေနဲ့ မထိုက်တန်ပါဘူး။ ခန့်မှန်းခြေအားဖြင့် ပြောရ ရင် နောက်ရာစုတစ်ဝက် မကုန်ခင် သူတို့ဟာ
ဒီလူတွေကို ပထုတ်ပါလိမ့်မယ်။ ါ ဤဆောင်းပါးသည် ရော်ဂျာမစ်တန်၏ အာဘော် သာဖြစ်သည်။
သောင်းညွန့် ဘာသာပြန်သည်။

















