စင်ကာပူနိုင်ငံရဲ့ တာရှည်အုပ်ချုပ်နေတဲ့ ပြည်သူ့အရေးတော်ပုံပါတီ(People's Action Party
-PAP) အဖို့ကတော့ သိသာထင်ရှားတဲ့ အဆိုးဆုံးအခြေအနေကို ရောက်သွားပါတယ်။ ဒီပါတီဟာ
အလွန်ကျွမ်းကျင်တယ်၊ အဂတိ လိုက်စားမှုကင်းတယ်လို့ ရိုးစင်းစွာ မကြာ ခဏဆိုသလို ဂုဏ်ဖော်
ပြောဆိုခဲ့ကြတယ်။
တစ်နည်းအားဖြင့်ပြောရရင်တော့Lance Armstrong Syndrome လို့လည်း ပြောလို့ ရတယ်။
Armstrong ဟာ Tour de France စက်ဘီးပြိုင်ပွဲကို ခုနစ်ကြိမ် အနိုင်ရရှိခဲ့တယ်။ ကင်ဆာရောဂါ
ကို အောင်နိုင်ခဲ့တယ်။ အလှူ တွေအတွက် ရန်ပုံငွေရှာပေးခဲ့သူတစ်ယောက် ဖြစ်ပေမယ့် သူဟာ
မူးယစ်ဆေးဝါးသုံးတယ်၊ လိမ်ညာတတ်တဲ့ လူဆိုးလူမိုက်လို့ ဘယ်သူမှ မထင်မိခဲ့ဘူး။ အမှန်ကို
ဖော်ထုတ်ဖို့ ကြိုးစားသူတွေဟာ မကြာခဏဆိုသလို အပြစ်ပြော ဝေဖန်ခံခဲ့ ရတယ်။ နောင်မှ
အချက်အလက်အမှန်တွေ စုပုံလာကာ ဗမာျအမသညါ ရဲ့ ငြင်းဆိုမှုတွေဟာ ယုံကြည်လို့မရနိုင်
တော့တဲ့အခါကျမှ နောက် ဆုံးမှာ သူဟာ ၀န်ခံလိုက်ရတယ်။
စင်ကာပူနိုင်ငံမှာလည်း အဖြစ်မှန်ကိုဖော်ထုတ်ဖို့ ကြိုးစားခဲ့တဲ့လူတွေဟာ ဝေဖန် ပြစ်တင်ခံခဲ့ရတယ်။
ဒါပေမဲ့ ဒီကြိုးပမ်း အားထုတ်မှုတွေဟာ မမျှော်လင့်ဘဲ လွန်ခဲ့တဲ့ ရက်သတ္တပတ်က စင်ကာပူဝန်ကြီး
ချုပ် လီရှန် လွန်းကြောင့် အချည်းနှီးမဖြစ်ခဲ့ဘူး။ စိတ်ဝင်စားစရာကောင်းတာက ၀န်ကြီး ချုပ်ဟာ လူ
တွေပြောပြောနေကျဖြစ်တဲ့ အမှိုက်ကင်းစင်ပြီး သန့်ရှင်းမှုကို ဂုဏ်ယူကြ တဲ့ကိစ္စကို စူးစိုက်ပြောဆို
တာပဲဖြစ်တယ်။ ၀န်ကြီးချုပ်ဟောင်း လီကွမ်းယူဟာ ပလက်ဖောင်းပေါ်မှာ အမှိုက်တွေ့လို့ သူ့ ဇိမ်ခံ
မှန်လုံကားကြီးကိုရပ်ကာ ဆင်းကောက်ခဲ့တဲ့ ပုံပြင်တွေကို လူတိုင်းသိကြတယ်။ အခုအချိန် မှာတော့
သူကောက်နိုင်မှာမဟုတ်တော့ဘူး။
လွန်ခဲ့တဲ့လက လဟာပြင်မှာကျင်းပခဲ့တဲ့ တေးဂီတဖျော်ဖြေပွဲမှာ ပရိသတ်တွေက အမှိုက်တွေ
မြေပြင်ပေါ်မှာ အစုလိုက်အပုံ လိုက် ထားခဲ့တာကို လီကွမ်းယူရဲ့သား လက်ရှိ ၀န်ကြီးချုပ်က စင်ကာ
ပူနိုင်ငံသားတွေကို ဒေါသတကြီး ဝေဖန်ပြောဆိုခဲ့တယ်။ လွန်ခဲ့တဲ့ နိုဝင်ဘာလက မြန်မာ ဘောလုံး
အသင်း စင်ကာပူအသင်းနဲ့ ယှဉ်ပြိုင်ကစား ခဲ့တုန်းက မြန်မာဘောလုံးပရိသတ်တွေက သူတို့ပစ်ထား
တဲ့ အမှိုက်သရိုက်တွေကို ကောက်ခဲ့တာနဲ့နှိုင်းယှဉ်ကာ ၀န်ကြီးချုပ် လီရှန် လွန်းက ပြောခဲ့တယ်။
၀န်ကြီးချုပ်လီ တစ်ယောက်တည်း ဒေါသ ဖြစ်တာလားဆိုတော့ မဟုတ်ပါဘူး။ သူ့အရင် က ၀န်ကြီး
ချုပ်ဟောင်း ဂိုချောက်တောင်က စင်ကာပူနိုင်ငံဟာ 'အမှိုက်မြို့တော်'ဖြစ်လာ နိုင်တယ်လို့ သတိပေး
ခဲ့တယ်။
"ကမ္ဘာ့အသန့်ရှင်းဆုံး မြို့တစ်မြို့ဖြစ်တယ် ဆိုတဲ့ စင်ကာပူရဲ့ ဂုဏ်သိက္ခာဟာ အမှိုက် ပစ်တဲ့ မြောင်း
ထဲ ရောက်နေတယ်။ သန့်ရှင်း မှုဟာ ပင်ကိုစရိုက်နဲ့ဆိုင်တယ်၊ မိမိဟာ ဘယ်လိုလူစားလဲဆိုတာကို
ပြတယ်" လို့ ဂိုချောက်တောင်က ပြောခဲ့တယ်။ ကံမကောင်းချင်တော့ စင်ကာပူနိုင်ငံသား တွေက
သန့်ရှင်းစွာနေတတ်တဲ့သူတွေ မဟုတ်ဘူးဆိုတဲ့ အထောက်အထားတွေဟာ တဖြည်းဖြည်း များ
လာတယ်။ လွန်ခဲ့တဲ့နှစ်က အမှိုက်သရိုက်စွန့်ပစ်မှု တွေကြောင့် ဆင့်ခေါ်စာ ၁၉,၀၀၀ ရှိခဲ့တယ်လို့
၀န်ကြီးတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့ တယ်။
၂၀၁၃ ခုနှစ်ကထက် နှစ်ဆတိုးလာ တယ်လို့ဆိုတယ်။စင်ကာပူနိုင်ငံရဲ့ သန့်ရှင်းတဲ့ပုံရိပ်ဟာ
Armstrongလမ်းအတိုင်း သွားနေရုံတင် မကဘူး၊ စီးပွားရေးကလည်း ကျဆင်းသွား တယ်။
စင်ကာပူဒေါ်လာရဲ့အင်အားဟာ နာမည်ကြီးခဲ့ပေမယ့် အခုအချိန်မှာတော့ အထိနာနေတယ်။
လွန်ခဲ့တဲ့ခြောက်လ အတွင်း စင်ကာပူဒေါ်လာတန်ဖိုးဟာ သိသိ သာသာကျဆင်းသွားခဲ့တယ်။
အမေရိကန် ဒေါ်လာနဲ့ယှဉ်ရင် ခုနစ်ရာခိုင်နှုန်းနီးပါး ကျသွားတာကြောင့် အင်ဒိုနီးရှားနိုင်ငံ ရူပီးယား
ထက်တောင် အခြေအနေဆိုးတယ်။ ငွေကြေးဆန်းစစ်သူတွေရဲ့ အဆိုအရ ဒီနှစ် ခြောက်လပိုင်း
အထိ အားနည်းနေဦးမယ်တဲ့။ နိုင်ငံတွင်း ဆိုးလာတဲ့ပြဿနာတွေလည်း တစ်စိတ်တစ်ပိုင်းပါတာပေါ့။
အရင်လက စင်ကာပူနိုင်ငံရဲ့ ကြျငညနျျ ဥစအငာငျာ ှုညိနထ ဟာ နှစ်နှစ်အတွင်း အနိမ့်ဆုံးအဆင့်
ကို ရောက်သွားပြီး အတိုးနှုန်း တွေ ရုတ်တရက် တက်လာတာကလည်း အခြေအနေမကောင်းလှ
တဲ့ ပြည်တွင်း မြေနဲ့ အိမ်ရာဈေးကွက်ကို အားနည်းသွားဖို့ ခြိမ်းခြောက်နေတယ်။ တင်ပို့ကုန်တွေက
ရုန်းကန်နေရပြီး ခရီးသွားလုပ်ငန်းကလည်း တန့်နေကာ လောင်း ကစားရုံနှစ်ရုံရဲ့ အမြတ်အစွန်းက
လည်း ကျဆင်းသွားခဲ့တယ်။ မူးယစ်ဆေးဝါး ပိုမိုသုံးစွဲ လာတာ၊ ရာဇဝတ်မှုတွေ၊ အဂတိလိုက်စားမှု
တွေနဲ့ အမှိုက်သရိုက်တွေရဲ့ပယောဂလည်း ပါတာ ပေါ့။ ဒါတွေကို ၀န်ကြီးချုပ်လီက ပြင်းထန်တဲ့
အဂတိလိုက်စားမှု ဆန့်ကျင်တဲ့ အတိုင်း အတာတွေကို အကြံပြုထားတယ်။ စင်ကာပူမှာ အဂတိ
လိုက်စားမှုမရှိဘူးလို့ သင်ထင်ခဲ့တယ် မဟုတ်လား။
ထိပ်တန်း အရာရှိတွေပါ၀င်တဲ့ အဆင့်မြင့် အဂတိ လိုက်စားတဲ့အမှုတွေ ပေါ်ပေါက်လာတာက
ဒီယုံတမ်းစကားကို ပျက်ပြယ်သွားစေခဲ့တယ်။ ထုံးစံအတိုင်းပေါ့။ ပြန်လည်ရှင်သန် လာတဲ့
အတိုက်အခံတွေကလည်း အစိုးရ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို အခွင့်ကောင်း ယူဖို့ကြိုးစားနေ
ကြရာ ၀န်ကြီးချုပ်လီရဲ့ အရိုက် အရာကို ဆက်ခံဖို့ အမွှမ်းတင်ခံနေရတဲ့ Singapore Democratic
Party ၀န်ကြီး ချန်ချွန်ဆင်ရဲ့ အသုံးမကျတဲ့လုပ်ရပ်တွေက အတိုက်အခံကို အားပေးသလိုဖြစ်ပြန်
တယ်။
အမေရိကန်နိုင်ငံက Huffington Post အွန်လိုင်းသတင်း ပေါ်တယ်လ်အတွက် အတိုက် အခံပါတီ
Singapore Democratic Party ရဲ့ အထွေထွေအတွင်းရေးမှူး ချီဆွန်ဂျွမ်က ဆောင်းပါးနှစ်
ပုဒ် ရေးပေးလိုက်တာကစပြီး ချန်ချွန်ဆင်ရဲ့ အဓိပ္ပာယ်မရှိတဲ့ စွန့်စားမှု စတင်ခဲ့တယ်။ ချီရဲ့ ပထမ
ဆောင်းပါးမှာ ၂၀၀၃ ခုနှစ်က အမေရိကန်နဲ့ လွတ်လပ်စွာ ကုန်သွယ်ခွင့် သဘောတူညီချက်ကို
စင်ကာပူအစိုးရ လက်မှတ်ရေးထိုးခဲ့တုန်းက အမေရိကန်က အထက်တန်းလွှာလုပ်ငန်းရှင်တွေဟာ
ဈေး သက်သာတဲ့ လုပ်ခတွေကို အမြတ်ထုတ် လိမ့်မယ်လို့ ချီက သတိပေးခဲ့ခဲ့တယ်။ နောင် ၁၀
နှစ်ကြာပြီးတဲ့နောက်မှာ သူသတိပေးခဲ့ သလို မှန်ကန်နေကြောင်း အထောက်အထား တွေက
ရေးသားခဲ့တယ်။
ကမ္ဘာပေါ်ရှိ သန်းကြွယ်သူဌေးတွေထဲမှာ စင်ကာပူနိုင်ငံက အမြင့်ဆုံး အချိုးရှိပေမယ့် အလုပ်သမား
အင်အားရဲ့ ငါးရာခိုင်နှုန်းခန့်ရဲ့ နှစ်စဉ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၅,၀၀၀ အောက်မှာရှိနေတယ်
လို့ ချီကပြောတယ်။ ချီရဲ့ ဒုတိယဆောင်းပါးကတော့ စင်ကာပူ နိုင်ငံရဲ့ ဖိနှိပ်ခံ၊ ထိန်းချုပ်ခံထားရတဲ့
မီဒီယာ နဲ့ပတ်သက်ပြီး စူးစိုက်ရေးသားထားတယ်။ ချန်ဟာ ဒီကိစ္စနဲ့ပတ်သက်လို့ အေးအေး ဆေး
ဆေးမနေခဲ့ဘူး။
ချီထောက်ပြခဲ့တဲ့ အချက်တွေကို လျစ်လျူရှုကာ Huffington Post ဆီကို မဆင်မခြင်နဲ့ ရှည်လျား
ထွေပြား ပြန်လည်ချေပကာ ဒီဆောင်းပါးနှစ်ပုဒ် ထုတ်ဝေတဲ့ဝက်ဘ်ဆိုက်ကို ပယ်ပယ်နယ်နယ်
ဝေဖန်ရှုတ်ချခဲ့တယ်။ ဉာဏ်ကောင်းသူတစ်ယောက် ဖြစ်ပေမယ့် မကျွမ်းကျင်တဲ့ နိုင်ငံရေးသမား
ချီကို ချန်က ကြိမ်းမောင်းတာတွေကြောင့် ချီဟာ ရောင်ဝါ လက္ခဏာတွေ တောက်ပလာခဲ့တယ်။
စင်ကာပူနိုင်ငံရဲ့ နက်ရှိုင်းလာတဲ့ ပြဿနာ တွေ၊ ခေါင်းဆောင်တွေက ချီကို ဆက်ဆံပုံ တွေကြည့်ရင်
နောင်နှစ် အထွေထွေ ရွေးကောက် ပွဲမှာ ချီနဲ့ သူ့ရဲ့ အတိုက်အခံ လုပ်ဖော်ကိုင်ဖက် တွေက ပြိုင်
ဘက် PAP ကို အနိုင်မရဘူးလို့ မပြောနိုင်ဘူး။
ဤဆောင်းပါးသည် ရော်ဂျာမစ်တန်၏ အာဘော် သာဖြစ်သည်။

















