အာရှတိုက်သားတွေ စဉ်းစားဆင်ခြင်တတ်ပါသလား

အာရှတိုက်သားတွေ စဉ်းစားဆင်ခြင်တတ်ပါသလား

နိုင်ငံရေး၊ ပညာရေးလုပ်ငန်းနဲ့ မီဒီယာလောက တွေမှာရှိကြတဲ့ အာရှတိုက်က ဦးဆောင်တဲ့ ပုဂ္ဂိုလ်
အတော်များများဟာအားနည်း၊ စိတ် ဓာတ်ပျော့ညံ့၊ မနပ်ဘူး၊ ပြီးတော့ အမြော်အမြင် နဲ့ စွမ်းအား
တွေလည်း ကင်းမဲ့ကြတယ်။ ဒါကတော့ အနောက်နိုင်ငံတွေက အမြော်အမြင်ရှိကြတဲ့ မျက်မှောက်
ရေးရာ တွေကို ဟောပြောရေးသားသူတွေရဲ့ တိုးပွား လာတဲ့ ရှုထောင့်အမြင်လို့ ပြောစမှတ်ရှိတယ်။

စပ်စပ်စုစုပြောရရင်တော့ ဒီမူမမှန်တဲ့ ထင်မြင်ချက်ရဲ့ အရင်းအမြစ်ကို အာရှက အတွေးအမြင်
ခေါင်းဆောင်တစ်ယောက် ဖြစ်တဲ့ စင်ကာပူနိုင်ငံက ကီရှိုးမာဘူဘာနီ ဆီကို ခြေရာကောက်လို့ရနိုင်
တယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေ ကုန်ခါနီးလောက် က Can Asians Think ဆိုတဲ့ စာအုပ်ကို ရိုက်နှိပ်
ထုတ်ဝေခဲ့တယ်။ ထုံးစံအတိုင်း ဒီစာအုပ် နာမည်နဲ့ ကီရှိုးရဲ့ ထိပ်တန်းသံတမန် တစ်ယောက်အနေ
အထားကြောင့် သူ့စာအုပ် ဟာ လူအများရဲ့ စိတ်ဝင်စားမှုကို ရခဲ့တယ်။ စိတ်ဝင်စားမှုတင်မကဘူး၊
အမနာပစကား တွေလည်း အပြောခံခဲ့ရတယ်။ အနောက် နိုင်ငံတွေက ပြောတာတွေဟာ ပြင်းထန်
တယ်၊ မမျှတဘူး၊ အပြုသဘောလည်း မဆောင်ဘူး။ မေးခွန်းထုတ်တဲ့ အကြောင်းပြချက်တွေ ပါတဲ့
သုတေသနကျမ်းတွေလိုပဲ အာရှ တိုက်သားတွေ တကယ်ကို မစဉ်းစားတတ်ဘူး၊ သို့မဟုတ် စဉ်းစား
တတ်ရင်လည်း ဂရုမစိုက် ဘူး၊ ဒါမှမဟုတ် မှားတဲ့နည်းလမ်းနဲ့လုပ်ကြ တယ်ဆိုတဲ့ အာရှတိုက်သား
တွေအပေါ် အမြင်ဟာ လူးလာဆန်ခတ် လှုပ်ရှားခဲ့တယ်။

"အာရှတိုက်သားတွေ စဉ်းစားတတ် သလား၊ ပြီးခဲ့တဲ့ ရာစုနှစ်တွေက အာရှ လူ့အဖွဲ့အစည်းတွေရဲ့
မှတ်တမ်းကို လေ့လာ မယ်ဆိုရင် အဖြေက မစဉ်းစားတတ်ဘူး၊ ဒါမှမဟုတ် အကောင်းဆုံးပြောရရင်
သိပ် ကောင်းကောင်းမစဉ်းစားတတ်ဘူး"လို့ ကီရှိုး ကိုယ်တိုင်က ပြောခဲ့တယ်။ သူ့ပဟေဠိနဲ့ပတ်
သက်ပြီး မရေမတွက် နိုင်တဲ့ ဆောင်းပါးတွေမှာ အာဏာပိုင်တွေကို ရိုသေလေးစားတာ မိသားစု
ရော၊ အစိုးရရော ပါတယ်။ ပညာရေးပေါ်မှာ အလေးထားတာနဲ့ သီးသန့် ပုဂ္ဂလိကအပေါ် လူ့အသိုင်း
အဝိုင်းကို အလေးထားတယ်ဆိုတဲ့ အာရှတန်ဖိုး (Asian Values) တွေအပေါ် ရေးသားခဲ့ကြတယ်။

နှစ်အတော်ကြာ အရာရှိလောကနဲ့ အသက်ကြီးသူတွေကို အောက်ကျို့တာဟာ ဘယ်လိုနိုင်ငံတွေ
မှာ ထင်ထင်ရှားရှား ရှိခဲ့ သလဲဆိုရင် ဒေသတွင်းမှာ အာဏာရှင်ဆန်တဲ့ မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘော
ဒီးယားနဲ့ လာအို နိုင်ငံတွေလိုပေါ့။ ဒီမိုကရက်တစ် အစိုးရတွေနဲ့ အုပ်ချုပ်ခံရ တဲ့ တခြားနိုင်ငံတွေမှာ
တော့ သူတို့ရဲ့ နိုင်ငံသား တွေ အသက်ကြီးသူတွေအပေါ် ရိုသေမှုနည်း ပြီး ရင်ထဲ စိတ်ထဲရှိတာ
တွေ ပိုပြောလာကြတာ အပြင် သူတို့ကိုယ်သူတို့အတွက်ပဲ စဉ်းစားလာ တတ်ကြတာတွေကို
မြင်တွေ့နေရတယ်။ ဒီလိုအပြုအမူတွေကတော့ အိန္ဒိယနဲ့ ဂျပန် နိုင်ငံတွေမှာ ဖြစ်တတ်ပါတယ်။


 

ဒီဒေသတွင်း မှာတော့ ဒါမျိုးတွေဖြစ်ခဲ့ပေမယ့် ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတွေမှာတော့ အမြစ်တွယ်စပြု
လာ နေပါပြီ။ ဒါပေမဲ့ အခုအချိန်မှာတော့ ဒီကိစ္စ တစ်ခုလုံးကို ပြင်သစ်လူမျိုး ပညာရှင် ယန်းပြဲ
လီမန်းရေးသားထားတဲ့ ဆောင်းပါးတချို့ အနောက်နိုင်ငံတွေမှာ ပြန်လည်ဆန်းစစ်ခဲ့ တာကို တွေ့ရ
တယ်။ သူဟာ ဆွစ်ဇာလန် နိုင်ငံက နိုင်ငံတကာ ထိပ်တန်းဝင် Institute of Management
Development က ဂုဏ်ထူးဆောင်ပါမောက္ခ ဖြစ်တယ်။ ဒီတော့ သေချာ ဂရုစိုက်နားထောင်ပါ။
ကီရှိုးရဲ့မေးခွန်းကို လီမန်းက ထောက်ခံ တယ်။ အာရှတိုက်သားတွေဟာ မစဉ်းစား တတ်ဘူး။
အနည်းဆုံးတော့ ဥရောပမှာရှိတဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေလောက် မစဉ်းစား တတ်ဘူးဆိုတဲ့
အချက်ပဲ။

The Myth of Asia: The absence of an Asian Intellectual Space စာအုပ်ထဲမှာ ဒီဒေသ
ကလူတွေဟာ အနောက်နိုင်ငံတွေ အပေါ် ဉာဏ်ရည်အားကိုးမှုကို လျှော့ချဖို့ လိုတယ်လို့ ရေးထား
တယ်။ အာရှတိုက်သားတွေရဲ့ တန်ဖိုးထားတာ တွေကို ယုံတမ်းစကားလို့ဆိုပြီး သူက ပြက်ရယ်
ပြုတယ်၊ ဘာကြောင့်လဲဆိုရင် အာရှတိုက်က ကြီးမားပြီး အများလက်ခံတဲ့ တန်ဖိုးတွေကို ယေဘု
ယျအားဖြင့် ထုတ်ဖော်ပြသဖို့ မလွယ် တာကြောင့်ဖြစ်တယ်။ သူမှန်ပါတယ်။ အာရှ တိုက်သားတွေ
တန်ဖိုးထားတာမရှိပါဘူး။

ဒီနှစ်မှာကျင်းပတော့မယ့် ASEAN Economic Communityလို အဖွဲ့အစည်းတွေ ပေါ်ပေါက်လာ
တာဟာ ဒေသတွင်း ကုန်သွယ် မှုနဲ့ စီးပွားရေးအရ ရောင်းဝယ်ဖောက်ကားမှု တွေအပေါ် အစွမ်း
ကုန်ပေါင်း စည်းတာကို အားကောင်းစေမယ်လို့ သူ ပြောခဲ့တာလည်း မှန်ပါတယ်။

အာရှတိုက်ရဲ့ ဉာဏ်ရည်အသိုင်းအဝိုင်း ပေါ်လာတာကိုတော့ မတွေ့ရကြောင်း လီမန်းက ပြော
တယ်။ သူဟာ ပြင်သစ်လူမျိုးဖြစ်တဲ့အတွက် အစော်ကားခံရတယ်လို့ မထင်လိုက်ပါနဲ့။ နောက်
တစ်ချက်သူက ပြောသေးတယ်၊ အာရှ မီဒီယာမှာ အဓိပ္ပာယ်ရှိတာကိုလည်း ဘာမှ မည်မည်ရရ
မတွေ့ရဘူးလို့ ဆိုထားပြန်တယ်။ အာရှက လူသိများ စဉ်းစားတတ်တဲ့ ခေါင်းဆောင်အနည်းငယ်
တို့ဟာ သူတို့ရဲ့ ဆောင်းပါးတွေကို ပြည်တွင်းထုတ် စာစောင် တွေမှာ ရေးတာထက် Financial
Times ၊ သို့မဟုတ် Wall Street Journal တို့လို အနောက်နိုင်ငံတွေက စာစောင်တွေမှာသာ
ရေးသားကြတယ်လို့ လီမန်းက ပြောတယ်။

အိန္ဒိယနိုင်ငံသားတစ်ယောက်ဟာ အင်ဒို နီးရှားနိုင်ငံမှာ ဘာတွေဖြစ်နေသလဲဆိုတာ သိချင်ရင်
အနောက်နိုင်ငံက မီဒီယာတွေကို အားကိုးရတယ်လို့ လီမန်းရဲ့ ပြောဆိုချက်ဟာ သိသိသာသာ
မှားပါတယ်။ အိန္ဒိယနိုင်ငံက အမြဲတမ်း သတင်းထောက်ဂျကာတာမြို့မှာ တာဝန်ချမထားပါဘူး။
အာရှမှာလည်း ယေဘုယျအားဖြင့် ဒီလိုပုံစံ မျိုးလိုပါပဲလို့ လီမန်းကပြောတယ်။ ဒါကတော့ သဘာဝ
ယုတ္တိနဲ့ မညီပါဘူး။ ပထမဦးစွာပြောရမယ်ဆိုရင် တရုတ်၊ ဂျပန်၊ စင်ကာပူနဲ့ တခြားနိုင်ငံတွေက
သတင်း ထောက်တွေဟာ ဂျကာတာမှာ ရှိကြပါတယ်။ ဒုတိယအချက်ကတော အေအက်ဖ်ပီနဲ့
ရိုက်တာသတင်းဌာနတွေကလွဲရင် အနောက် နိုင်ငံတွေက အမြဲတမ်း သတင်းထောက် အနည်း
အကျဉ်းသာ တာဝန်ချထားတာရှိပြီး တခြား အာရှမြို့တော်အများစုမှာ မရှိကြပါဘူး။

လိုက်ပြီးကြည့်လိုက်ပါဦး။ New York Times လို၊ The Guardian လို၊ Le Monde လို နာမည်
ကျော် သတင်းစာတွေက သတင်း ထောက်တွေကို ရန်ကုန်၊ ဟနွိုင်း၊ မနီလာ၊ ကွာလာလမ်ပူတို့လို
မြို့ကြီးတွေမှာ အမြဲတမ်း သတင်းထောက် မထားကြပါဘူး။ ကော်လံစား သတင်းထောက်တွေ
သာရှိ ကြတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ သတင်း ပေါ်မှသာ သူတို့က သတင်းရေးသားပေးပို့
ကြတဲ့ ဒေသခံသတင်းထောက်တွေပါ။

ကဲ ထားပါဦး။ ဘာအဓိပ္ပာယ်ကို ဆိုလို တာလဲ၊ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ သိပ်မရှိလှပါဘူး။
အာရှတိုက်သားတွေမှာ အသိုင်းအဝိုင်းနဲ့ဆိုင်တဲ့ ဉာဏ်ရည်အခြေခံ မရှိဘူးလို့ပြောတဲ့ လီမန်းလိုလူ
တွေ ခပ်များများ လိုသေးတယ်။ အာရှတိုက်က စဉ်းစားတတ်တဲ့ ခေါင်း ဆောင်တွေဟာ သူတို့ရဲ့
နိုင်ငံတွေမှာ လူသိ တာထက် အနောက်နိုင်ငံတွေက ပိုပြီး သိကြောင်း၊ ပညာရှင်တွေရော ဘယ်
မှာလဲလို့ သူကမေးခွန်းထုတ်ကာ အာရှတိုက်သားတွေ အပေါ် အာရှတိုက်သားတွေရဲ့ အမြင်ကို
ဖတ်နေ ရမှာဖြစ်ပေမယ့် ဖတ်စရာအကြောင်းတွေက အဆင်သင့်မရနိုင်ကြောင်း ပြောခဲ့တယ်။

သူပြောတာတွေ ဟုတ်ရဲ့လား။ နေရာ တကာမှာ တွေ့နိုင်တာကို သူ့ရဲ့တက္ကသိုလ်က ဘယ်လို
ဖတ်စရာတွေပေးနေသလဲဆိုတာ စဉ်းစားစရာ ဖြစ်လာပြီး သူဟာ ဒီဒေသကို ဘယ်လောက်များ
ခရီးသွားဖူးသလဲဆိုတာ မေးစရာဖြစ်လာတယ်။ အာရှပညာရှင်တွေနဲ့ စဉ်းစားတတ်တဲ့ ခေါင်းဆောင်
တွေ အများကြီးရှိပါတယ်။ သူတို့ရဲ့ ထက်မြက်ထိရောက်တဲ့ အမြင်တွေ ဟာလည်း အာရှနိုင်ငံတွေ
ကထုတ်တဲ့ သတင်းစာတွေမှာ တွေ့နိုင်ပါတယ်။ သူ့ရဲ့ မှားယွင်းတဲ့ အကြောင်းပြချက်ဟာ
စော်ကားရုံတင်မကဘူး၊ အနောက်နိုင်ငံ တွေက စာဖတ်ပရိသတ်တွေထဲကိုပါ မသိမသာ စိမ့်ဝင်
နေတာကြောင့် သူ့ရဲ့အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ယုံစပြုနေကြပြီဖြစ်တယ်။

အာရှက စဉ်းစားတတ်တဲ့ ခေါင်းဆောင် တချို့လုပ်တတ်တဲ့ အနောက်နိုင်ငံတွေကို ပြစ်တင်ဝေဖန်
တာဟာ ကောင်းပါတယ်။ ဒါပေမဲ့ တက်ကြွ အားမာန်ပြည့်တဲ့၊ အာရှကို ကျော်ဖြတ်ပြီး အပြုသဘော
ဆောင်တဲ့ ဉာဏ်ရည်အသိုင်းအဝိုင်းကို ဖန်တီးဖို့က ပိုပြီး အရေးကြီးတယ်လို့ သူက ပြောဆိုအဆုံး
သတ် လိုက်တယ်။ တကယ်ပြောရရင် ကျွန်တော့်မှာ ရှိနေပါပြီ မစ္စတာလီမန်းခင်ဗျာ။

အဲဒီတော့ နည်းနည်းလေးလျှော့ပါ၊ ဒါမှ မဟုတ်ရင်လည်း အာရှအပေါ် သူတို့ရဲ့ ဉာဏ်ရည်မှီခိုတာ
ကို လျှော့ဖို့ အနောက်နိုင်ငံ သားတွေကို ထောက်ခံပေးပါလား။ ဒီလိုဆိုရင် ပိုပြီးအဓိပ္ပာယ်ရှိလိမ့်
မယ်။

ဤဆောင်းပါးသည် ရော်ဂျာမစ်တန်၏ အာဘော် သာဖြစ်သည်။
သောင်းညွန့် ဘာသာပြန်သည်။