ဆင် လှည့်ကင်းဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကြိုးပမ်း

ဆင် လှည့်ကင်းဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကြိုးပမ်း

ထရူမွန် - အင်ဒိုနီးရှားကျွန်းနိုင်ငံ အနောက် ပိုင်းက တောနက်တွေထဲမှာ ဆူမာတြာ
ဆင်တွေကိုစီးပြီး ကင်းလှည့်နေကြတဲ့ အင်ဒို နီးရှားအမျိုးသားတွေဟာ သစ်ခိုးထုတ်မှုနဲ့ ဥပဒေမဲ့ အမဲလိုက်မှုတိုက်ဖျက်ရေးမှာ ရှေကတန်းစစ်သည်တွေ ဖြစ်နေကြပါတယ်။

မြစ်ရိုးတစ်လျှောက် လျှိုမြောင်ချိုင့်ဝှမ်း မကျန် သူတို့လှည့်လည် စောင့်ရှောက်နေတဲ့ အပူပိုင်းမိုး
သစ်တော ဒေသတစ်ခွင်ဟာ အော်ရန်ဂူတန်ခေါ် မျောက်ဝံတွေကအစ ကျားအဆုံး မျိုးတုံးပျောက်
ကွယ်လုနီးဖြစ်တဲ့ တိရစ္ဆာန်မျိုးစိတ်ပေါင်းများစွာ ပေါက်ပွား နေထိုင်ရာ ဒေသကြီးဖြစ်ပေမယ့် အရင်
နှစ် တွေကစပြီးတောတွေ အကြီးအကျယ်ပြုန်း လာခဲ့ပါတယ်။

အလွန်ကျယ်ပြောတဲ့ မိုးသစ်တောကြီး တွေနဲ့ စိမ်းလန်းစိုပြည်နေသလိုပဲ ဆီအုန်း စိုက်ခင်းနဲ့
စက္ကူလုပ်ငန်းကြောင့် သစ်ပင်တွေ လည်း အပြောင်ရှင်း ခုတ်လှဲခံနေကြရတယ်။ ဆိုးရွားတဲ့
အကျိုးဆက်ကတော့ ဇီဝမျိုးစုံ မျိုးကွဲတွေရဲ့ သဘာဝဇာတိမြေတွေ ပျက်စီးတာ နဲ့ မှန်လုံအိမ်ဓာတ်
ငွေ့ ပိုထွက်လာတာပဲ။

ဥပဒေမဲ့ သစ်ခုတ်မှုအများစုဟာ ကုမ္ပဏီ တွေက တရားဝင် ခုတ်ခွင့်ရရှိထားတဲ့ ပမာဏ ထက်
ပိုခုတ်မှုတွေဖြစ်နေပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေက ခြေရာခံ ထောက်လှမ်းဖို့ ခက်နေတယ်။
မျိုးတုံးလုနီးနေတဲ့ တိရစ္ဆာန်တွေ ကို ဖမ်းဆီးသတ်ဖြတ်မှုပေါ်ပေါက် နေဆဲပါပဲ။ ဆူမာတြာကျွန်းပေါ်
က အာချေးပြည်နယ်၊ ထရူမွန်ခရိုင်မှာ ဒေသခံပြည်သူကို အခြေခံ ပြီး ဆင်စီးလှည့်ကင်းထွက်ရတဲ့
'ဆင်လှည့် ကင်းစီမံချက်'တစ်ရပ်ကို စတင်ဆောင်ရွက် နေပါတယ်။ သစ်ခိုးခုတ်မှုနဲ့ ရှားပါးတိရစ္ဆာန်
မတရားသတ်ဖြတ်မှု နျိမ်နင်းရေးမှာ ပါ၀င် ကူညီဖို့ပါ။ ဒေသခံ အမျိုးသားတွေကို ဆင်ဦးစီးအဖြစ်
ခန့်အပ်ပြီး သစ်သူခိုးနဲ့ အမဲ လိုက်မုဆိုးတွေကို ဆင်စီးထောက်လှမ်းပြီး သက်ဆိုင်ရာကို သတင်း
ပို့ကြရပါတယ်။

သာမန်လှည့်ကင်းအဖွဲ့တွေဟာ တောကြီး မျက်မည်းမှာ နျစ်ရက်က ခုနစ်ရက်အထိ ကြာတတ်ပြီး
ဆင်ဦးစီးတွေနဲ့ဆိုရင်တော့ ၁၅ ရက်က ရက် ၂၀ အထိ ကြာတတ်ပါတယ်။ ဒီစီမံချက် တာဝန်ယူ
ထားရတဲ့ သစ်တော မြေဧရိယာဟာ ဟက်တာပေါင်း ၂၇,၀၀၀ (ဧက ၆၆,၇၀၀) ကျယ်တဲ့
'ထရူမွန်တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော' (Trumon Wildlife Corridor) လည်း အကျုံးဝင်ပါ
တယ်။ ဒီ ဘေးမဲ့ တောဟာ ထိန်းသိမ်းထားပြီးဖြစ်တဲ့ ဒေသနှစ်ခု အကြားမှာ တစ်ဆက်တစ်စပ်
တည်း ရှိနေတာ ကြောင့် ဥပဒေပြဋ္ဌာန်းပြီး ကာကွယ်တော အဆင့်သတ်မှတ်ဖို့လည်း အာဏာပိုင်
တွေ စိုင်းပြင်းနေပါတယ်။

ဒီစီမံချက်အရ တရားမဝင် သစ်ခိုးထုတ်မှုနဲ့ အမဲလိုက်မှုကို စောင့်ကြည့်ထိန်းချုပ်နေသလို တရား
မဝင် အလုပ်တွေကို ရိုးရာအလုပ် သဘောမျိုးနဲ့ မှားယွင်းစွာ လုပ်ကိုင်သက်မွေး နေကြတဲ့ ရွာသူ
ရွာသားတွေထဲမှာ အစားထိုး ရမယ့် သဘာဝပတ်ဝန်းကျင်အခြေပြု ခရီးသွား လုပ်ငန်းပညာ ဖြန့်ဖြူး
သင်ကြားပေးတဲ့ အစီ အစဉ်တစ်ခုလည်း ရှိပါသေးတယ်။ ဒီလုပ်ငန်းစီမံကိန်းကြီး တစ်ခုလုံးကို
ဒေသခံ တွေ စိတ်ဝင်စားကြပါတယ်"လို့ လုပ်ငန်း စီမံကိန်းတိုးချဲ့အစီအစဉ်ကို ငွေကြေး ထောက်ပံ့
တဲ့ USAID အဖွဲ့ ပြောခွင့်ရ အမျိုးသမီး တစ္စနာ နန်ဒိုက ဆိုပါတယ်။

"ဒီဒေသတွင်း သစ်တောတွေကို ခုတ်ပစ် တာထက် ကာကွယ်တာက သူတို့အတွက် စီးပွားရေး
အကျိုးအမြတ် အမှန်တကယ် ရရှိ နိုင်ကြောင်း သူတို့သဘောပေါက်သွားကြ ပါပြီ"လို့ သူက
အေအက်ဖ်ပီသတင်းထောက် ကိုပြောပါတယ်။ သစ်ခုတ်ခွင့် ပါမစ်အသစ်တွေကို ယခင်နှစ်
အနည်းငယ်က တရားဝင် တားမြစ်ခဲ့ပေမယ့် အပူပိုင်းသစ်တော ပြုန်းတီးမှုနှုန်းမှာတော့ အင်ဒိုနီးရှား
က ဘရာဇီးလ်နိုင်ငံကို ပထမဆုံး အကြိမ် အသာရသွားပြီလို့ ယခင်နှစ်ထုတ် Nature Climate
Change ဂျာနယ်က ဆန်းစစ် ချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

(အေအက်ဖ်ပီ)