ပင်လယ်သမုဒ္ဒရာများအတွင်းသို့ အမှိုက်တန်ချိန် ရှစ်သန်းခန့် စွန့်ပစ်ခဲ့ကြ

ပင်လယ်သမုဒ္ဒရာများအတွင်းသို့ အမှိုက်တန်ချိန် ရှစ်သန်းခန့် စွန့်ပစ်ခဲ့ကြ

ဆန်ဟိုဆေး၊(အမေရိကန်) - ကမ္ဘာတစ်ဝန်း လူသားများ၏ ညံ့ဖျင်းသည့် အမှိုက်သရိုက်
စီမံခန့်ခွဲမှုနှင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ် မှုကြောင့် ၂၀၁၀ ပြည့်နှစ်အတွင်းက သမုဒ္ဒရာ များ
အတွင်းသို့ ပလတ်စတစ်အမှိုက် မက်ထရစ် တန်ချိန် ရှစ်သန်း (၁၇ ဒသမ ၆ ဘီလျံ) ရောက်ရှိ
ခဲ့ဖွယ်ရှိနေရာ ယင်းမှာ ရေနေသက်ရှိများ အတွက် တကယ့် ဘေးဆိုးအန္တရာယ်ကြီးပင် ဖြစ်နေပြီဟု
သိပ္ပံပညာရှင်များက ဖေဖော်ဝါရီ ၁၂ ရက်တွင် သတိပေးသည်။

Science ဂျာနယ်တွင် ဖော်ပြသည့် သုတေသန ဆန်းစစ်ချက်အရ တရုတ်၊ ွှင်ဒို နီးရှား၊ ဇိလစ်ပိုင်၊
ဗီယက်နမ်နှင့် သီရိလင်္ကာ တို့သည် ယင်းဘေးဆိုးကို အများဆုံးဖန်တီး ခဲ့သည့် ငါးနိုင်ငံဖြစ်နေပြီး
အမေရိကန် ပြည်ထောင်စုမှာ အမှတ်စဉ် ၂၀ ၌ ရှိနေသည်။ ယခု ဆန်းစစ်ချက်သည် ကမ်းရိုးတန်း
ဒေသ ရှိသော ကမ္ဘာ့နိုင်ငံ ၁၉၂ နိုင်ငံက အမှိုက်များ သမုဒ္ဒရာထဲသို့ စီးမျောဝင်ရောက်သည့် ပမာဏ
ကို ပထမဆုံး ခန့်မှန်းစစ်ဆေးချက် ဖြစ်သည်။

၀င်ငွေအလယ်အလတ်ရှိပြီး လျင်မြန်စွာ ဖွံ့ဖြိုးနေသောနိုင်ငံများသည် နိုင်ငံ၏ ဖွံ့ဖြိုး မှုနှုန်းနှင့် အမီ
လိုက်ရေးအတွက် လုံလောက် သော အမှိုက်စီမံခန့်ခွဲမှုစနစ်များကို ချမှတ် အသုံးပြုနိုင်ဖွယ်အခြေ
အနေ အညံ့ဖျင်းဆုံး အဆင့်၌ ရှိနေနိုင်သောကြောင့် သမုဒ္ဒရာထဲ သို့ ပလတ်စတစ် အမှိုက်ပမာဏ
အများဆုံး စွန့်ပစ်သည့် နိုင်ငံများဖြစ်လာနိုင်ဖွယ်ရှိနေ သည်ဟု အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား
ပြည်နယ် ဆန်ဟိုဆေးမြို့၌ ကျင်းပသည့် အမေရိကန် သိပ္ပံပညာဖွံ့ဖြိုးမှုအသင်း နှစ်ပတ် လည်
အစည်းအဝေး၌ ဂျော်ဂျီယာ တက္ကသိုလ် သုတေသနပညာရှင် ဂျင်နာ ဂျိမ်းဘက်က သတင်းထောက်
များကို ပြောသည်။

သမုဒ္ဒရာအတွင်းသို့ ပလတ်စတစ် အမှိုက် တန်ချိန် အများဆုံးစွန့်ပစ်သည့် ကမ္ဘာ့နိုင်ငံ ၂၀ စာရင်း
တွင် တစ်ခုတည်းသော ချမ်းသာ သည့်နိုင်ငံအဖြစ် အမေရိကန်ပြည်ထောင်စု အဆင့် ၂၀ သို့
ရောက်ရှိနေခြင်းမှာ နိုင်ငံသား များစွန့်ပစ်သည့် အမှိုက်ပမာဏ များပြား သည့်အပြင် ကမ်းရိုးတန်း
လည်း အလွန်ရှည် လျားသောကြောင့် ဖြစ်သည်။ သိပ်သည်းကျစ်လျစ်စွာ ထုပ်ပိုးထားသည့် အခြေ
အနေမျိုးမဟုတ်သည့် ပလတ်စတစ် အမှိုက်များ၏ ပျမ်းမျှသိပ်သည်းမှု အခြေခံ တွက်နည်းအရ
ပလတ်စတစ်အမှိုက် မက်ထရစ်တန် ရှစ်သန်းသည် နယူးယော့ခ် မြို့ မန်ဟက်တန်ဒေသထက်
၃၄ ဆ ပိုကျယ် သောဒေသတစ်ခုလုံးကို ခြေချင်းဝတ် မြုပ်အောင် ဖြန့်ခင်းထားနိုင်သည်ဟု
ကယ်လီဖိုးနီးယားတက္ကသိုလ် သဘာဝ ပတ်ဝန်းကျင်သိပ္ပံနှင့် စီမံဆောင်ရွက်မှုဆိုင်ရာ ဘာဘရာ
ဘရန်းကျောင်း တွဲဖက်ပါမောက္ခ ရိုလဲန်ဂေယာက ဆိုသည်။

ယင်း ပလတ်စတစ်အမှိုက်အချို့သည် ရေလွှာပေါ် ပေါလောမျောနေသကဲ့သို့ အချို့မှာ သမုဒ္ဒရာ
ကြမ်းပြင်ပေါ်တွင် နစ်မြုပ် နေကြသည်။ အချို့ကား ရေထဲတွင် ဓာတ်ပြု ပျော်ဝင်နေကြသောကြောင့်
ယင်းပလတ် စတစ် အစအနများကို ငါးများနျင့် အခြား ရေပျော်သက်ရှိများ စားသောက်မိပါကဖြစ်
ပေါ်လာမည့်အန္တရာယ်ကို သိပ္ပံပညာရှင်များ စိုးရိမ်နေကြသည်။ ကမ္ဘာ့ ပလတ်စတစ် အန္တရာယ်
ကာကွယ် ရာတွင် အမှိုက်သရိုက် စီမံခန့်ခွဲမှုစနစ် ပိုမို ထိရောက်ရန်နှင့် ပလတ်စတစ်ပစ္စည်းများကို
လုံးဝအသုံးမပြုရန် လိုအပ်သည်ဟု သုတေသီ တို့ကဆိုသည်။

လေ့လာချက်အရ အဆိုးရွားဆုံး ကမ္ဘာ့ နိုင်ငံ ၂၀ ၏လုပ်ရပ်တွင် ပလတ်စတစ် အမှိုက်စွန့်ပစ်
နည်းစနစ် မမှန်ကန်မှု ၈၃ ရာခိုင်နှုန်း ပါ၀င်နေသောကြောင့် သုတေသီ တို့အဆိုပြုသည့်အတိုင်း
မိုးလွန်မှထွန်မချဘဲ ပလတ်စတစ်များ ပင်လယ်သမုဒ္ဒရာထဲ မရောက်ရှိအောင် ဦးစွာ ကြိုတင်ကာ
ကွယ် ကြရမည်ဖြစ်သည်။ "ပလတ်စတစ်အမှိုက်တွေ သမုဒ္ဒရာထဲ မရောက်အောင် ကျွန်တော်တို့
ပထမဆုံး ကြိုတင်ဆောင်ရွက်ကြရမယ်။ ခိုင်မာရေရာ တဲ့ အမှိုက်သိမ်းနည်းကို နိုင်ငံတိုင်းအသုံးပြု
တတ်အောင် ပထမဦးစားပေးအဖြစ် ပံ့ပိုးကူညီ ပေးကြရမယ်၊ ပလတ်စတစ် အမှိုက်တွေကို ပြန်
လည်အသုံးပြုမှုနဲ့ ပြန်လည်ထုတ်လုပ်မှု နငန်း ပိုမိုမြန်ဆန်လျင်မြန်ရေးတို့ဟာ အရေးပါ ပုံချင်း
အတူတူပါပဲ"ဟု ဂေယာက သတိပေး သည်။

(အေအက်ဖ်ပီ)