လာအိုနိုင်ငံမှာ ဘာမှ ထူးထူးထွေထွေမဖြစ်ဘူး လို့ လူတော်တော်များများက အတွေးမှား တတ်ကြတယ်။ ဖြစ်ခဲ့ရင်လည်း နှေးနှေးကွေး ကွေးပဲဖြစ်တတ်တဲ့ သဘောရှိတယ်။
ဒါပေမဲ့ ဗြုန်းဆို သတင်းစာခေါင်းစီးပါ သတင်းတွေဖြစ်ပေါ်လာတဲ့အခါ ကျွန်တော်
တို့ တစ်ခါတစ်ရံ လျစ်လျူရှုထားတဲ့ အိမ်နီးချင်း နိုင်ငံဟာ တကယ်ရှိနေပြီး
စိတ်ဝင်စားဖို့ ကောင်းတဲ့သတင်းတွေလည်း ဖြစ်တယ်ဆိုတာ ကို
သတိရစေတယ်။
အသေးအဖွဲလို့ထင်ရပေမယ့် အရေးပါတဲ့ ဖြစ်ရပ်တစ်ခုကြောင့် မြို့တော် ဗီယင်ကျန်းက
လူတွေပါးစပ်ဖျားမှာ ရေပန်းစားနေပြီး ဒေသ တွင်းမှာရှိတဲ့ ကားတွေပိတ်ဆို့နေတဲ့ မြို့တော်
တွေမှာလည်း ပဲ့တင်သံ လှိုင်းယက်တွေ ဖြစ်ပေါ်ခဲ့တယ်။ ဒီလစောစောပိုင်းက
ဗီယင်ကျန်းနိုင်ငံပိုင် ဘတ်စ်ကားလုပ်ငန်းက အဓိကဘတ်စ်ကား ိတ်၊ နိုင်ငံတကာလေ
ဆိပ်နဲ့ လာအို-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေး တံတားတို့ကို ဆက်သွယ် တဲ့
သတ်မှတ်ထားတဲ့လမ်းတွေမှာ အမြန် ပြေးဆွဲတဲ့ ၀န်ဆောင်မှုကို စတင်မယ့်အကြံ
အစည်တွေကို ထုတ်ဖော်ပြောဆိုခဲ့တယ်။
ဗီယင်ကျန်းကို ရောက်ဖူးတဲ့သူတွေကတော့ ဒီကိစ္စကို အသေးအဖွဲလို့ မြင်ကြမှာမဟုတ်ဘူး။
ဘာဖြစ်လို့လဲဆိုရင် ရန်ကုန်မြို့မှာလိုပဲ လာအို မြို့တော်ရဲ့ ကားကျပ်တဲ့ ပြဿနာတွေဟာ
ကြောက်မက်ဖွယ်ရာ ကောင်းလာတဲ့အပြင် လမ်းတွေပိတ်ဆို့တာကစပြီး စိတ်တွေတို
ဒေါသမထိန်းနိုင်ကြတဲ့အပြင် ကားမတော် တဆဖြစ်မှုတွေကလည်း မကြာခဏဆို
သလို ဖြစ်နေကြတယ်။
ဟုတ်ပါတယ်။ မြန်မာနိုင်ငံလိုပဲ ပြုပြင် ပြောင်းလဲမှုတွေကြောင့် လူမှုရေး၊ စီးပွားရေး
တစ်မုဟုတ်ချင်း တိုးလာတဲ့ ရလဒ်ကတော့ လာအိုမြို့တော်ရဲ့ လမ်းတွေပေါ်မှာ
မော်တော်ယာဉ်အရေအတွက် ၁၅ ရာခိုင်နှုန်း တိုးလာတယ်။ ဒီလိုပြဿနာကို
သက်သာစေမယ့် နည်းဟာ အရေးကြီးတဲ့ကိစ္စဖြစ်သလို လုပ်လို့ ရမယ့်နည်း
တစ်နည်းကတော့ ဟောင်ကောင် နဲ့ လန်ဒန်တို့က စည်းစနစ်ကျတဲ့ အမြန် ဘတ်စ်
ကားစနစ်ကို အတုခိုးဖို့လိုမယ်လို့ လာအို အာဏာပိုင်တွေ သဘောပေါက်ကြတယ်။
အာဏာရ လာအိုပြည်သူ့တော်လှန်ရေး ပါတီ (LPRP) က နူးညံ့ပျော့ပျောင်းတဲ့
အာဏာရှင်တွေဟာ နောင်နှစ်မှာ လာမယ့် ရွေးကောက်ပွဲ မူဝါဒကြေညာစာတမ်း
အကျိုး အတွက် ဒီ ပြည်သူတွေသဘောကျတဲ့ ပဏာမ ခြေလှမ်းနဲ့လုပ်ယူနိုင်ပြီး
နိုင်ငံအပေါ် သူတို့ရဲ့ ကိုင်တွယ်မှုကို အခြေခိုင်အောင် လုပ်နိုင်တယ် ဆိုတာ
သူတို့သိကြတယ်။ အမေရိကန်သမတဟောင်း ရော်နယ် ရေင် ဆိုရိုးစကားကို
စကားပြေပြန်ရမယ် ဆိုရင် "လာအို ကွန်မြူနစ်တွေဟာ လက်တွေ့ အသုံးချလို့
ရတာကိုမြင်ရင် သီအိုရီပိုင်းမှာ လုပ်လို့ရပါ့မလားလို့ စဉ်းစားတတ်တဲ့ လူတွေ ဖြစ်တယ်"
လို့ဆိုတယ်။ ဒီကိစ္စကတော့ သူတို့အတွက် အကျိုးပြု မယ်ဆိုတာ ထင်ရှားပါတယ်။
ဆိုင်းမဆင့် ဗုံမဆင့်ဖြစ်ပေမယ့် ချီးမွမ်းထိုက်တဲ့ ပဏာမ ခြေလှမ်းဖြစ်တဲ့ ဆောက်
လုပ်ပြီးစီးသွားပြီ ဖြစ်တဲ့ လာအို-ဲမြန်မာ တံတားသစ်လိုပဲပေါ့။ ဒီတံတားကို
လာမယ့်လမှာ ဖွင့်မယ်လို့ မျှော်လင့်ထားတယ်။ အမေရိကန်ဒေါ်လာ ၂၆ သန်း
ကုန်ကျ ခဲ့တဲ့ ဒီတံတားဟာ ရှမ်းပြည်နယ်ရဲ့ လူသူအနေ နည်းတဲ့ Mong Hpayak
ဒေသနဲ့ လာအို အနောက်မြောက်ဘက်မှာရှိတဲ့ သေးငယ်တဲ့ Xieng Kok
မြစ်ဆိပ်ကမ်းတို့ကို ဆက်သွယ်မှာ ဖြစ်တယ်။ တာချီလိတ်နဲ့ လွမ်ပရာဘွမ်တို့ အကြား
အလားအလာကောင်းတဲ့ ကုန်းလမ်း ကို ပွင့်သွားစေမှာဖြစ်တယ်။ ဒီတိုးတက်မှုနှစ်ခုဟာ
လာအိုနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးကမှာ ချီးမွမ်းစရာ ဖြစ်ပေမယ့် နောက်ထပ်ပိုပြီး
ရည်မှန်းချက် ပိုကြီးပြီး အကုန်အကျကြီးမားတဲ့ လုပ်ငန်း စွန့်စားမှုတစ်ခုအပေါ်မှာတော့
၀မ်းနည်း ၀မ်းသာမှုတွေနဲ့ ရောယှက်နေတယ်။ အဲဒါကတော့ အလွန် အမွှမ်းတင်ထားတဲ့
ဗီယင်ကျန်းနဲ့ တရုတ်နိုင်ငံတောင်ပိုင်းရှိ ကူမင်း တို့ အမြန်မီးရထားလမ်း ဆက်သွယ်မှုဖြစ်
တယ်။
သဘောတရား ပညာရှင်တွေအဆိုအရ တော့ နောင်မှာဘန်ကောက်နဲ့ စင်ကာပူတို့ပါ
ဆက်သွယ်ဖို့ရှိတယ်တဲ့။ လာအိုနိုင်ငံဘက် အပိုင်းမှာတင် ကုန်ကျ စရိတ် ဒေါ်လာ ရ ဒသမ
၂ ဘီလျံရှိမှာဖြစ်ရာ ဘယ်လောက် အကုန်အကျခံမလဲဆိုတဲ့အပေါ် ပေကျင်းနဲ့ ဗီယင်ကျန်း
အစိုးရတို့ အချေအတင် ပြောဆိုနေကြတာကြောင့် အချိန်ငါးနှစ်သာ ကုန်သွားတယ်
ဘာမှဖြစ်မလာသေးဘူး။
ဒီစီမံကိန်းဟာ အခါအခွင့် မသင့်သေးတာ ရယ် လာအိုနိုင်ငံအနေနဲ့လည်း ကုန်ကျစရိတ်
ကို တတ်နိုင်မှာ မဟုတ်ဘူးလို့ဆိုပြီး အာရှဖွံ့ဖြိုး ရေးဘဏ်က ဝေဖန်ပြစ်တင်ခဲ့တယ်။
လူဦးရေ ခုနစ်သန်းရှိတဲ့ လာအိုနိုင်ငံဟာ အာရှမှာ အငယ်ဆုံးနဲ့ အဆင်းရဲဆုံး ဖြစ်တယ်။
ဘူတာရုံ ၃၁ ရုံ ဥမင်လိုဏ်ခေါင်း ရ၆ ခုနဲ့ မဲခေါင်မြစ်အပေါ် ဖြတ်သန်းတဲ့ တံတား
နှစ်စင်းအပါအဝင် တံတား ၁၅၄ စင်းပါတဲ့ ရထားလမ်းဟာ လာအိုနိုင်ငံဘတ်ျက်ရဲ့ ၈၀
ရာခိုင်နှုန်း သုံးလိမ့်မယ်လို့ ဘဏ်ကခန့်မှန်း ထားတယ်။
တရုတ်နိုင်ငံပိုင် ဘဏ်တွေက ချေးငွေတွေ ကမ်းလှမ်းဖို့ရှိပေမယ့် ခမ်းကြီးနားကြီးနိုင်တဲ့
စီမံချက်ဟာ လာအိုနိုင်ငံကို ဒေဝါလီခံသွား နိုင်တဲ့အပြင် အမြန်ဘတ်စ်ကား ၀န်ဆောင်မှု
ကို ၀င်နှောင့်ရုံတင်မကဘဲ အာဆီယံအဖွဲ့မှာ လာအိုနိုင်ငံဟာ ရိနိုင်ငံလို ဖြစ်သွားနိုင်တယ်
လို့အများက ယုံကြည်နေကြတယ်။ ဒီစွန့်စားရတဲ့ စီးပွားရေးလုပ်ငန်းမှာ ပါ၀င်ဖို့ လက်မှတ်
ထိုးခဲ့ကြတဲ့ ကုမ္ပဏီတချို့ ဟာ နောက်ပေါက်တဲ့ စိတ်ကူးစိတ်သန်းတွေ ပေါ်လာကာ
အရေးပါတဲ့ တရုတ် ဆောက်လုပ် ရေးကုမ္ပဏီတစ်ခု အဲဒီလုပ်ငန်းက ထွက်ခဲ့ တယ်။
မီးရထားလမ်းကြောင့် တခြားနေရာကို အတင်းအဓမ ပြောင်းရွှေ့ခံခဲ့ကြရတဲ့ လာအို
ရွာသူရွာသား အများစုကလည်း မဖြစ်စလောက် နစ်နာကြေးရမှာကို ဒေါသတကြီးနဲ့
မကျေ မနပ်ပြောဆိုနေကြတယ်။
ဒီလို အဆောက်အအုံ ပဏာမခြေလှမ်း တွေဟာ လာအိုနိုင်ငံမှာ ဟိုလိုလို၊ ဒီလိုလို ဖြစ်နေ
တဲ့အချိန်မှာ ဒီဒေသတွင်း ဗျူဟာကျတဲ့ အင်အားကြီးအုပ်စုချင်း ချိန်ခွင်ညှာညီဖို့ အရေးပါတဲ့
အသစ်တိုးတက်မှု တစ်ခုကတော့ လိုအပ်တာကို သေချာပေါက် ဖြစ်နိုင်ခြေ ရှိနေတယ်။
လူသိမများတဲ့ကိစ္စတစ်ခုကတော့ ပုံမှန် အားဖြင့် အရေးပါတဲ့ ကိစ္စအားလုံးမှာ ဗီယက် နမ်
နဲ့ တရုတ်နိုင်ငံတို့ရဲ့ လမ်းညွှန်မှုကိုယူခဲ့တဲ့ လာအိုအစိုးရဟာ မကြာသေးခင်က အမေရိ
ကန်နိုင်ငံနဲ့ အစေးကပ်လာခဲ့တယ်။ ထူးခြားတယ်လို့ ထင်စရာတစ်ခုကတော့ လာအိုနိုင်ငံ
အတွက် ငွေကြေးသတ်မှတ်ချက် တွေဟာ ဗီယင်ကျန်းအစိုးရအနေနဲ့ အလား အလာ
မရှိတဲ့ကြားက တရုတ်နိုင်ငံက အမြန် မီးရထားလမ်း ဆက်သွယ်မှုနဲ့ပတ်သက်ပြီး
လာအိုနိုင်ငံအပေါ် အစွံထုတ်နေတဲ့ကိစ္စကြောင့် အမေရိကန်နဲ့ လာအိုနိုင်ငံတို့
အပေါက်အလမ်း တည့်လာတယ်လို့ဆိုရမယ်။ မီးရထားလမ်းအစီအစဉ်နဲ့ လာအို
မြောက်ပိုင်းမှာ တခြားရင်းနှီးမြှုပ်နှံမှုတွေ (အထူးသဖြင့် ကျေးလက်နေလူထုနဲ့ LPRP ကေဒါတွေဟာ မြေတွေကို ရော်ဘာစိုက်ခင်း တွေလုပ်ခဲ့တဲ့အတွက် ဒေါသ
ထွက်ခဲ့ကြတယ်) နဲ့ပတ်သက်ပြီး တရုတ်အစိုးရဟာ ဖင်မနိုင်ဘဲ ပဲကြီးဟင်းသောက်
ခဲ့တယ်။ တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်နိုင်ငံ နဲ့ ပိုင်နက်အငြင်းပွားမှုဖြစ်နေတဲ့
ဗီယက်နမ် နိုင်ငံဟာ ပေကျင်းအစိုးရအနေနဲ့ အနီးကပ် ဆုံး အိမ်နီးချင်း လာအိုနိုင်ငံအပေါ်
အထူး သဖြင့် စစ်ရေးဆိုင်ရာကိစ္စတွေမှာ အရှိန်အဝါ ဩဇာရှိလာပြီး ဗျူဟာလှိုင်းယက်တွေ
ဖြစ်ပေါ်လာမှာ စိုးရိမ်နေတယ်။
ဒါကြောင့် ဟနွိုင်းအစိုးရဟာ အရင်းရှင် ရန်သူဟောင်းတွေဖြစ်တဲ့ ျပန် တောင်ကိုရီး ယားနဲ့
အမေရိကန်နိုင်ငံတွေအပေါ် ချဉ်းကပ် လာတဲ့ မူဝါဒအတိုင်း ဗီယင်ကျန်းအစိုးရကို အတုယူဖို့
အားပေးခဲ့တယ်။ ပင်ကိုအားဖြင့် ူဏျွဏ ခေါင်းဆောင် တချို့ဟာ ဒီဗျူဟာသစ်နဲ့ပတ်သက်ပြီး
သတိရှိနေကြတယ်။ အထူးသဖြင့် ပေကျင်း အစိုးရနဲ့ နီးစပ်တဲ့သူတချို့က ဒီအပြုအမူ မျိုးကို
မကောင်းဆိုးဝါးနဲ့အတူ အိပ်တယ်လို့ မြင်ကြတယ်။ ၂၀၁၂ ခုနှစ်ကစပြီး ထိုအချိန်က
နိုင်ငံခြား ရေးဝန်ကြီး ဟီလာရီကလင်တန်ဟာ လာအို နိုင်ငံတို့ လာရောက်ခဲ့တယ်။
နောင်နှစ် ဗီယင် ကျန်းအစိုးရက အိမ်ရှင်အဖြစ် အာဆီယံ ထိပ်သီးညီလာခံကျင်းပတဲ့အခါ
ဘာရက် အိုဘားမားဟာ လက်ရှိသမ္မတအနေနဲ့ ပထမ ဆုံးအကြိမ် လာအိုနိုင်ငံကို
လာရောက်မှာ ဖြစ်တယ်။ ဟုတ်ပါတယ်။ နိုင်ငံရေး စီးပွားရေးနဲ့ ပထဝီအနေအထား
ကန့်သတ်ချက်တွေရှိတာ ကြောင့် အမေရိကန်အစိုးရဟာ လာအိုနိုင်ငံ အပေါ် ဩဇာ
အရှိန်အဝါရှိတဲ့နေရာမှာ တရုတ်နိုင်ငံနဲ့ ဘယ်တော့မှ ယှဉ်လို့မရနိုင်ဘူး။ ဒါတွေကြောင့်
၀ါရှင်တန်နဲ့ ဗီယင်ကျန်းအစိုးရ တို့ ဆက်ဆံမှုမြှင့်တင်တာနဲ့ လာအိုနိုင်ငံရဲ့ ဗျူဟာကျတဲ့
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အားကောင်းလာအောင် လုပ်ပေးဖို့ဟာ နှစ်ဦး နှစ်ဖက်အကျိုးအတွက်
ဆိုတာကို အခု လက်ခံ လာကြပြီဖြစ်တယ်။ ပြီးတော့ ဘတ်စ်ကားတွေ အချိန်မှန် ပြေးဆွဲဖို
့လည်း မှန်းခြေကိုက်ဖို့လိုတယ်။
ဤဆောင်းပါးသည် ရော်ျာမစ်တန်၏ အာဘော် သာဖြစ်သည်။
သောင်းညွန့် ဘာသာပြန်သည်။

















