တရားဥပဒေစိုးမိုးရေးဆိုတဲ့ မိုင်းကွင်းကြီးကို ဖြတ်ကျော်ရေး

တရားဥပဒေစိုးမိုးရေးဆိုတဲ့ မိုင်းကွင်းကြီးကို ဖြတ်ကျော်ရေး

ဒီဒေသတစ်ဝန်းရှိ ခေါင်းဆောင်တွေဟာ တရားဥပဒေစိုးမိုးမှုကို ပြန်လည်ရရှိဖို့ လိုအပ် တယ်ဆိုပြီး လူတတ်လုပ်ကြတာတွေကတော့ မဆန်းတော့ပါဘူး။ သူတို့ လက်တွေ့လုပ်ကြ တဲ့အခါ တိတိကျကျ ဘာကိုဆိုလိုလဲဆိုတာ ဘယ်တော့မှ ပြည့်ပြည့်စုံစုံ မရှင်းပြကြဘူး။ မကြာသေးခင်ကပဲ တရားဥပဒေစိုးမိုးရေး ရဲ့ ရည်ရွယ်ချက်ကို အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီက သေဒဏ်ကို ပြန်လည်ပြဋ္ဌာန်းနိုင်ဖို့ တောင်းခံခဲ့တယ်။ 

ဒီနှစ်မှာ လေးနှစ်ကြာ တရားဝင်ဆိုင်းငံ့ ထားတဲ့ ကွပ်မျက်မှုတွေကို သမ္မတ ဂျိုကိုဝီ ဖျက်သိမ်းခဲ့ပြီးနောက် မူးယစ်ဆေးဝါးမှုနဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူ အမျိုးသား ၁၄ ယောက် ကို တရားဥပဒေစိုးမိုးရေးအရ ကွပ်မျက် ခဲ့တယ်။ အဲဒီကွပ်မျက်ခံရသူအားလုံးတို့မှာ တာရှည် တဲ့ စီရင်မှုတွေ၊ အယူခံဝင်မှုတွေ လုပ်ခဲ့ပြီးတဲ့အခါမှာ သေဒဏ်ပေးခြင်းခံခဲ့ကြရတယ်။ဒါဟာတရားဥပဒေစိုးမိုးမှုကိုလိုက်နာကာမှန်ကန်စွာအဆုံးသတ်ခဲ့တာဖြစ်တယ်။ ပြစ်ဒဏ်ချမှတ်ခံရတဲ့ ရာဇဝတ်ကောင် နောက်ထပ် ၁၃၅ ယောက်တို့ဟာ ကြိုးတိုက် ထဲမှာရှိနေကြပြီး ကွပ်မျက်ခံရတဲ့ ရာဇဝတ် ကောင် ၁၄ ယောက်တို့ ကံကြမ္မာအတိုင်း ဖြစ်ဖို့ သေချာနေတယ်။ မှန်ပါတယ်။ သေဒဏ်ပေးတာကို ဆန့်ကျင် သူတွေဆီက ကန့်ကွက်သံတွေထွက်လာပါ တယ်။ အထူးသဖြင့် ဒီမိုကရေစီစနစ်အရ ရွေးကောက်ခံရတဲ့ ဂျိုကိုဝီဟာ ထိုင်းဝန်ကြီး ချုပ်ဟောင်း ချွမ်လိပိုင်လို အကြင်နာတရား ရှိပြီး သဘောထားကြီးတဲ့သူလို့ ထင်ခဲ့ကြတဲ့ လူတွေဆီကပေါ့။ သူတို့ အတော်လေး အတွက်မှားခဲ့ကြ တယ်။ မြို့ကလေးသားဖြစ်တဲ့ ဂျိုကိုဝီဟာ ဆိုလိုမြို့ရဲ့မြို့တော်ဝန်ရာထူးကနေ ဂျကာတာ မြို့ရဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်လာကာ သုံးနှစ်အတွင်းမှာ အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတ ဖြစ်လာတယ်။ ဒါပေမဲ့ သူဟာ လူပျော့ မဟုတ်ဘူး။ ပိုပြီးကောင်းတဲ့ နှိုင်းယှဉ်ချက် ပြရမယ် ဆိုရင် စင်ကာပူဝန်ကြီးချုပ်ဟောင်း ဂိုချောက် တောင်၊ သို့မဟုတ် မြန်မာနိုင်ငံက အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့လိုပေါ့။

သူတို့နှစ်ယောက်စလုံးဟာ ဒီမို ကရက်တွေဖြစ်ကြပြီး အများပြည်သူတွေနဲ့ ၀င်ဆံ့တယ်၊ ပြတ်ပြတ်သားသား ပြောဆို လုပ်တတ်ကြတယ်။ တရားရုံးတွေရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် ဝေဖန်မှုကို သမ္မတ ဂျိုကိုဝီက 'လွတ်လပ်တဲ့ တရားစီရင်မှု အချုပ်အခြာအာဏာ'ကို စော်ကားတာပဲလို့ ပြောပြီး သူဟာ တရားဥပဒေစိုးမိုးရေးကို လိုက်နာကာ ကွပ်မျက်ရေး သေနတ်တပ်ဖွဲ့ တွေကိုလည်း သူတို့ရဲ့တာဝန်ကို ထမ်းဆောင် စေမယ်လို့ ပြောခဲ့တယ်။ ထုံးစံအတိုင်းပဲ။ ဂျိုကိုဝီရဲ့ ချေပချက် ကြောင့် သူ့ကိုဝေဖန်သူတွေ ပိုပြီး ဒေါသဖြစ် ကြတယ်။ ွှ့န နြတ ့သမုနမ မဂ္ဂဇင်းက တက်တက်ကြွကြွရေးထားတဲ့ စာစီစာကုံး တစ်ခုမှာ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီရဲ့ အမျိုးသားစိတ် ၀င့်ကြွားဖော်ထုတ်မှုကို ကြိမ်းမောင်းပြီး ရေးသားခဲ့တယ်။

ကျွန်တော်တော့ ဒီလိုမထင်ဘူး။ ဥပဒေ စိုးမိုးမှုကို လိုက်နာတာဟာ တရားရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို အာဏာတည်စေတယ် ဆိုတာကို ဒီလူတွေက မမှတ်ယူကြဘူး။ အနည်းဆုံးတော့ ဥပဒေတွေ၊ သို့မဟုတ် စီရင်ချက်တွေကို သူတို့က တရားမျှတမှုမရှိ ဘူး၊ သို့မဟုတ် လက်ခံနိုင်စရာအကြောင်း မရှိဘူးလို့ ယူဆခဲ့ရင်ပေါ့။ ဒီလိုအခြေအနေမျိုးမှာ အဆုံးအဖြတ် တွေနဲ့ စီရင်ချက်တွေကို ဥပေက္ခာပြုပြီး ဒါတွေ အစား အကြင်နာတရားရှိပြီး ညင်သာတဲ့ ပြစ်ဒဏ်တွေကိုပေးရင် ပိုကောင်းမယ်လို့ သူတို့ကထင်ကြတယ်။ သိလိုစိတ်ပြင်းပြတဲ့ သဘောထားပဲ။ ဒါပေမဲ့ တရားဥပဒေစိုးမိုးမှုကို တည်ကြည် ခိုင်မာ သစ္စာစောင့်သိတယ်လို့ပြောပြီး မကြာ ခဏ အမြတ်ထုတ်နှိမ့်ချကြတဲ့ အချို့ ခေါင်းဆောင်တချို့ထက်တော့ မပိုပါဘူး။ ဂျိုကိုဝီဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ လွတ်လပ် တဲ့ တရားရေးအချုပ်အခြာကို ပြသတာအပြင် သူ့ရဲ့ ထင်ပေါ်ကျော်ကြားမှု ကျဆင်းလာနေ တာကို မြှင့်တင်ဖို့နဲ့ စီးပွားရေးအကျဘက် ရောက်နေတာကို ပြည်သူတွေရဲ့စိတ်တွေ မရောက်ဖို့ ကွပ်မျက်မှုတွေကို တရားဝင်ခွင့်ပြု ခဲ့တဲ့အပေါ် မယုံသင်္ကာဖြစ်စရာ မရှိပါဘူး။

ရွေးကောက်ပွဲကလည်း နီးကပ်လာနေပြီ ဆိုတော့ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုး ရေးနဲ့ပတ်သက်လို့ သူတို့ ဘယ်လိုအဓိပ္ပာယ် ကောက်သလဲဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောဖို့ အချိန်ရောက်လာနိုင်တယ်။ မကျွမ်းကျင်တာ၊ မျက်စိမှိတ် ဘက်လိုက် တာနဲ့ ရဲတပ်ဖွဲ့နဲ့ တရားရေးတို့မှာ အဂတိ လိုက်စားတာတွေကို ဖော်ထုတ်ဖို့လို့ အဓိပ္ပာယ်ဆောင်ရင်တော့ ကောင်းပါတယ်။ ဒါပေမဲ့ ဥပဒေကို ကြောက်ရွံ့ခြင်းမရှိ၊သို့မဟုတ် ထောက်ခံမှုမရှိဘဲအသုံးချမယ်ဆိုတဲ့အဓိပ္ပာယ်ကို ဖော်ဆောင်ရင်တော့ မြွေတွင်းထဲကျသွားတာမျိုး ဖြစ်နိုင်တယ်။

၁၉၈၈ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ ကွပ်မျက်မှုတွေမရှိခဲ့ပေမယ့် သေဒဏ်အပြစ် ဟာ စာအုပ်တွေထဲမှာရှိနေပြီး ရာဇဝတ်မှု တွေဖြစ်တဲ့ လူသတ်မှုကနေ နိုင်ငံတော်ကို သစ္စာဖောက်တဲ့ အပြစ်တွေမှာ သေဒဏ်ကို ချမှတ်နေတုန်းပဲဖြစ်တယ်။ ဒီပြစ်ဒဏ်တွေကို ထောင်ဒဏ်တစ်သက်၊ သို့မဟုတ် လွတ်ငြိမ်းချမ်းသာခွင့်တွေနဲ့ ပုံမှန်ပေး နေပြီး လွန်ခဲ့တဲ့သုံးနှစ်က သမ္မတ ဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သေးတယ်။ တစ်ဖက်တစ်လမ်းက ကြည့်မယ်ဆိုရင် ဒီနေ့ မြန်မာနိုင်ငံဟာ ၂၀၁၂ ခုနှစ်က အင်ဒို နီးရှားနိုင်ငံလိုပါပဲ။ အဲဒီတုန်းက တရားဝင် ဆိုင်းငံ့ထားခဲ့ပြီး နှစ်အတော်ကြာ ဘယ်သူမှ ကွပ်မျက်ခြင်း မခံခဲ့ရဘူး။

အဲဒီအချိန်မှာ ဂျိုကိုဝီ သမ္မတဖြစ်လာ တယ်။ စစ်ခေါင်းဆောင်မဟုတ်တဲ့ ဂျိုကိုဝီဟာ မည်သူမည်ဝါဖြစ်တာကို ခိုင်မာတဲ့အထောက် အထားလိုလာပြီး လူမှုရေးတည်ငြိမ်မှု ထိန်းသိမ်းနိုင်တာကိုလည်း ပြဖို့လိုလာတယ်။ ဒီတော့ တရားဝင်ဆိုင်းငံ့တာကိုပယ်၊ ကွပ်မျက် ရေး သေနတ်တပ်ဖွဲ့တွေ ၀င်လာစေ။ ဒီနှစ်ကုန်ခါနီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ြူီ ဦးဆောင်တဲ့ အရပ်သားအများအပြား ပါ၀င်တဲ့ အစိုးရ အာဏာရခဲ့ရင် အင်ဒိုနီးရှား ကအဖြစ်မျိုး မဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူး။ သင်ဟာ ဥပဒေစိုးမိုးရေးအတွက် ရပ်တည် တယ်ဆိုရင် ဆူပူအုံကြွ၊ မုဒိမ်းကျင့်၊ လုယက် ဖျက်ဆီးပြီး လူသတ်တဲ့သူတွေကို တရားရုံး တွေက ချမှတ်ခဲ့တဲ့ သေဒဏ်တွေကို ရှောင်ကြဉ် ဖို့ ဘာကြောင့်ခွင့်ပြုခဲ့တာလဲလို့ မဲဆန္ဒရှင် တွေက မေးလာနိုင်တယ်။ ဒါဟာ ခဲရာခဲဆစ် သိမ်မွေ့တဲ့ကိစ္စတစ်ခု ဖြစ်တယ်။

အာဏာကို လုယူကာ နိုင်ငံအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ စစ်တပ်က လူတွေအပေါ် တရားစီရင်မှုနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာဖြစ်လာတယ်။ ၁၉၉၀ ပြည့်နှစ်က မဲအပြတ်အသတ်နဲ့ ြူီ ရွေးကောက်ပွဲနိုင်ခဲ့ပြီး မကြာခင်မှာ ဗိုလ်ချုပ်တွေကို စစ်ရာဇဝတ် ခုံရုံးကိုတင်မှာ လားလို့ ြူီ ရဲ့ မဟာဗျူဟာမြောက် တွေးခေါ် မြော်မြင်တတ်တဲ့ ဦးကြည်မောင် အမေးခံ ခဲ့ရတာကို မှတ်မိနေဦးမှာပါ။ ဦးကြည်မောင်က ဒီမေးခွန်းကို ဘယ်လို ပြန်ဖြေလိုက်သလဲဆိုရင် "စစ်ရာဇဝတ်ခုံရုံး မတင်ပါဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်ခင်ညွန့်လို လူတွေကတော့ အကျိုးသင့်အကြောင်းသင့်နဲ့ မလုံမခြံုဖြစ်နေမှာကို ခံစားနေရမှာပဲ"လို့ ပြန်ဖြေခဲ့ပါတယ်။ ဦးကြည်မောင်ရဲ့ မှတ်ချက်ဟာ ထိပ်တန်း စစ်ဘက်အရာရှိတွေကို ခြောက်လှန့်သလို ဖြစ်သွားခဲ့တယ်။ ြူီ က နူရင်းဘာ့ဂ်ပုံစံ စစ်ခုံရုံးလုပ်မယ် လို့ ခြိမ်းခြောက်ခဲ့တဲ့အတွက် အာဏာကို မပေးခဲ့ကြောင်း လက်ရှိရွေးကောက်ပွဲ ကော်မရှင်အကြီးအကဲ ဗိုလ်ချုပ်ဟောင်း ဦးတင်အေးက နောက်ပိုင်းမှာ ပြောခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ကျွန်တော့်ကို ဒီလိုပြောခဲ့တယ်။ "လက်စား မချေဘူးလို့ ကျွန်မတို့အမြဲပြောခဲ့တယ်။ စစ်ရာဇဝတ်မှုတွေကိုတော့ လုံးဝ မဆွေးနွေး ခဲ့ဘူး" ဒါပေမဲ့ တရားဥပဒေစိုးမိုးရေးကို အမှန် တကယ်ယုံကြည်ပြီး အတိတ်က ရာဇဝတ်မှု တွေကို ကျူးလွန်ခဲ့သူကို တာဝန်ခံဖို့ လိုအပ် တာကြောင့် လူအများက ဒီကိစ္စကို ဆွေးနွေး ခဲ့ကြတယ်။ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံးက ပြဋ္ဌာန်း ထားတဲ့ အနက်အဓိပ္ပာယ်ဖွင့်ထားတဲ့ စစ်ရာ ဇဝတ်မှုတွေကို ကရင်ပြည်နယ်မှာရှိတဲ့ စစ်ဘက် အရာရှိတွေ ကျူးလွန်နိုင်ခဲ့ဖွယ်ရှိတယ်လို့ နိုဝင်ဘာလက ဟားဗတ် ဥပဒေကျောင်းရဲ့ အစီရင်ခံစာတစ်ခုက ဖော်ပြခဲ့တယ်။

စွပ်စွဲထားတဲ့ ရာဇဝတ်မှုတွေမှာ ရွာတွေကို မော်တာနဲ့ပစ်တာ၊ ထွက်ပြေးကြတဲ့ အရပ်သား တွေကို အစုလိုက်အပြံုလိုက် ပစ်သတ်တာ၊ အိမ်တွေကို ဖျက်ဆီးပြီး မြေမြှုပ်မိုင်းဗုံးတွေ လက်လွတ်စပယ် မြှုပ်နေတာတွေဟာ လျစ်လျူ ရှုလို့မရအောင် စိုးရိမ်ဖွယ်ရာ အခြေအနေမှာ ရှိတယ်လို့ ဖော်ပြခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောဆို ခဲ့တဲ့ နိုင်ငံတကာ ၀တ်လုံတော်ရရှေ့နေ အသင်း အမှုဆောင်ညွှန်ကြားရေးမှူး မတ် အဲလစ်က တာဝန်ရှိတဲ့ စစ်ဘက်အရာရှိတွေ ကို စွဲချက်တင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က နှစ်သက်ခြင်းမရှိတာကို တွေ့ခဲ့ရတဲ့အတွက် စိတ်အနှောင့်အယှက် ဖြစ်ခဲ့တယ်လို့ပြောတယ်။

"အတိတ်က ရာဇဝတ်မှုတွေကို ဥပေက္ခာ ပြုတာဟာ ရေရှည်အတွက် မကောင်းဘူး ဆိုတာ ကျွန်တော်တို့ အကြိမ်ကြိမ် မြင်တွေ့ ကြရတယ်။ ဒါတွေဟာ လူ့အဖွဲ့အစည်းကို ပြန်ပြီးခြောက်လှန့်လာတယ်"လို့ မတ်အဲလစ် ကပြောခဲ့တယ်။ အဲဒီတော့ ဒီတစ်ခါမှာလည်း ဦးနှောက် ခြောက်စေတဲ့ မေးခွန်းကို ကျွန်တော်တို့ ရင်ဆိုင်ရပြန်တယ်။ ဥပဒေစိုးမိုးရေးကို တကယ် အာဏာတည်စေပြီး လူတွေကို ကွပ်မျက်တာနဲ့ ဗိုလ်ချုပ်တွေကို စစ်ဆေးစီရင် မှာလား။ ဒါမှမဟုတ်ရင်လည်း ဒေါ်အောင်ဆန်း စုကြည်ဟာ ဂျိုကိုဝီလိုမဟုတ်ဘဲ နိုင်ငံရေးကို ကစားကာ လူသတ်သမားတွေနဲ့ စစ်ရာဇဝတ် ကောင်တွေကို မှန်ကန်တဲ့ တရားစီရင်မှုက လွတ်ထွက်သွားဖို့ ခွင့်ပြုမှာလား။ ါ ဤဆောင်းပါးသည် ရော်ဂျာမစ်တန်၏ အာဘော် သာဖြစ်သည်။ သောင်းညွန့် ဘာသာပြန်သည်။