မလေးရှားခေါင်းဆောင်နှစ်ဦးတို့ရဲ့ ကံကြမ္မာကို စဉ်းစားရင်း သတိရလာတာတစ်ခုကတော့
မကြာသေးခင်က ပြီးဆုံးသွားတဲ့ ကန်းစ်ရုပ်ရှင် ပွဲတော်မှာ ပြသခဲ့တဲ့" One Sings,
the Other Doesn't" ဆိုတဲ့ ပြင်သစ်ရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။ 
တစ်ယောက်သောသူမှာ ရန်သူတွေ ၀န်းရံ နေပြီး ၀မ်းနည်းစရာကောင်းတဲ့ ၀န်ကြီးချုပ်
နာဂျစ်ရာဇတ်ဖြစ်တယ်။ နောက်တစ်ယောက် ကတော့ ရွှင်ရွှင်ပျပျနဲ့ ရဲရဲဝံ့ဝံ့ရှိတဲ့ လူငယ်
ပီနန်ဝန်ကြီး လင်ဂွမ်အန်ဖြစ်တယ်။ သူတို့နှစ်ယောက်စလုံးကို ကျွန်တော် တစ်ကြိမ်ထက်မနည်း
တွေ့ဆုံမေးမြန်းခဲ့ဖူး တယ်။ နှစ်ယောက်စလုံးဟာ ပွင့်လင်းပြီး ဖော်ရွေကြတယ်။
ဒါပေမဲ့လည်း သတိရှိကြ သူတွေဖြစ်တယ်။ နာဂျစ်ကတော့ သူ့သဘာဝ တစ်လျှောက်ဖြစ်နေတာ၊
လင်ကတော့ အရင် တုန်းက မာယာကင်းပြီး ရိုးသားဖြောင့်မတ် ခဲ့လွန်းတာကြောင့်ဖြစ်တယ်။
သူတို့နှစ်ယောက်စလုံးဟာ နိုင်ငံရေးနဲ့ ကြီးပြင်းလာကြသူတွေဖြစ်တယ်။ နာဂျစ်ဟာ ၀န်ကြီးချုပ်ဟောင်း
ရာဇတ်ဟူစိန်ရဲ့သား ဖြစ်တယ်။
နာဂျစ်ရဲ့ဖခင်ဟာ နိုင်ငံရဲ့ ကြည်ညိုလေးစားခံခဲ့ရသူ တစ်ယောက်ဖြစ် တယ်။ ဒါတင်မကသေးဘူး၊
နာဂျစ်ဟာ နောက်ဝန်ကြီးချုပ်ဟောင်း တစ်ယောက်ဖြစ် တဲ့ ဟူစိန်အုန်းရဲ့တူလည်း ဖြစ်တယ်။
လင်ကတော့ ၀ါရင့်အတိုက်အခံခေါင်း ဆောင် လင်ကစ်ဆီယန်ရဲ့ သားဖြစ်ပြီး သူ့ဖခင်ဟာ
မလေးရှားထောင်နဲ့ စိမ်းသူ တစ်ယောက်မဟုတ်ပေ။ နာဂျစ်ဟာ အသက် ၂၃ နှစ်အရွယ်မှာ
မလေးရှားနိုင်ငံရဲ့ အငယ်ဆုံးပါလီမန်အမတ် ဖြစ်လာခဲ့ပြီးနောက် နှစ်နှစ်အကြာမှာ ၀န်ကြီး
အဖွဲ့ထဲ ၀င်ရောက်ခဲ့တယ်။ နောက်မကြာခင် မှာပဲ မလေးရှားနိုင်ငံရဲ့ အကြီးဆုံးပြည်နယ်
ဖြစ်တဲ့ ပီနန်ရဲ့ဝန်ကြီးဖြစ်လာခဲ့တယ်။ နိုင်ငံရေးအရပြောရရင်တော့ နာဂျစ် ရာဇတ်ဟာ
ကံကောင်းတဲ့လူတစ်ယောက်လို့ ဆိုရလိမ့်မယ်။ ၂၀၀၉ ခုနှစ်မှာ မလေးရှားနိုင်ငံ ၀န်ကြီးချုပ်ဖြစ်မလာခင်
ထိပ်တန်းဝန်ကြီး ဌာနတွေဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနဲ့ ဘဏ္ဍာရေးဝန်ကြီး
ဌာနတွေမှာ ၀န်ကြီးရာထူးတာဝန်ကို ထမ်းဆောင်ခဲ့တယ်။
အဲဒီအချိန်တုန်းကဆိုရင် နာဂျစ်ဟာ နောင်နှစ်တွေမှာ နိုင်ငံရဲ့ အစိုးရပုံစံနဲ့ လုပ်ငန်း စဉ်ကို အသေအချာ
စိတ်တိုင်းကျလုပ်လိမ့် မယ်လို့ ထင်ခဲ့ရတယ်။ ဒါပေမဲ့ အခြေအနေ တွေ ပြောင်းလဲသွားကာ
သူ့လုပ်ပုံကိုင်ပုံ တွေကလည်း မဟန်တော့ဘဲ အရည်အချင်း မပြည့်မီတော့တဲ့အဆင့်ကို
ရောက်လာခဲ့တယ်။ အရင်တုန်းက ကမ္ဘောဒီးယားနိုင်ငံက နိုရိုဒွန် ရာနာရဇ်၊ ထိုင်းနိုင်ငံက
အဘီဇစ်နဲ့ ဗီယက်နမ် နိုင်ငံက လာခါဖူးတို့ ဖြစ်ခဲ့သလိုပေါ့။ နာဂျစ်ဟာ နိုင်ငံရေးအရ နားပင်းပြီး
လူဝင်မဆံ့တာတွေ သိသာထင်ရှားလာတယ်။ ဆုံးဖြတ်ချက်ချတော့မယ်ဆိုရင်လည်း ဘယ်ဘက်က
အသာစီးရနေတာကို စောင့် ကြည့်ပြီးမှ လုပ်လေ့ရှိတယ်။ ဒီအလေ့အထတွေကတော့ သူ့ရဲ့ရှင်သန်
ရေးအတွက် အထောက်အကူဖြစ်ခဲ့ပေမယ့် သူ ထိပ်တန်းရာထူးကို ရောက်သွားတဲ့အခါ မှာတော့
သူ့ မလေးရှားနိုင်ငံရဲ့ အဓိက အင်အားကြီး United Malays National Organization(UMNO)
ပါတီတွင်းက လုပ်ဖော်ကိုင်ဖက် ခေါင်းဆောင်တွေရဲ့ ပုန်ကန်မှုနဲ့ ရင်ဆိုင်နေရတယ်။ မတူတာကတော့
မလေးရှား-တရုတ် အတိုက်အခံသမားဖြစ်တဲ့ လင်ဟာ လုပ်ငန်း စတဲ့ ပထမနေ့မှာ အခက်အခဲတွေနဲ့
ရင်ဆိုင်ခဲ့ရပြီး တင်စားပြီးပြောရရင်တော့ သူဟာလည်း ဘာပဲပြောပြော နှစ်အတော်ကြာ စည်းချက်မညီတဲ့
သီချင်းကို ဆိုနေတယ်လို့ ပြောနိုင်တယ်။ ဒါပေမဲ့ လင်ဟာ သူ့အဖေလိုပဲ ကြောက် ရွံ့ခြင်းမရှိတာကို
တွေ့ရတယ်။
တစ်ခါတလေ မိုက်ရူးရဲဆန်ပြီး ထိန်းသိမ်းစောင့်စည်းမှုမရှိ တတ်တာကလွဲရင် သူ့အပေါ်သစ္စာရှိတဲ့
မဲဆန္ဒရှင်တွေက လင် နေရာမှန်မှာရှိတယ် ဆိုတာသိကြတယ်။ မလေးရှားနိုင်ငံမှာ ကျင်းပတဲ့
ရွေးကောက် ပွဲတွေမှာ လင်ဂွမ်အန်ကို ရှုံးအောင် မလုပ်နိုင် တာကြောင့် UMNO ခေါင်းဆောင်တွေဟာ
စင်ကာပူနိုင်ငံက သူတို့မုန်းတီးနေတဲ့ လုပ်ဖော် ကိုင်ဖက်တွေလုပ်သလို သူတို့တစ်တွေရဲ့ မကောင်းမှုတွေ၊
ကွပ်ကဲစီမံမှု ညံ့ဖျင်းတာ တွေကို ဖော်ထုတ်ပြီး စွက်ဖက်တတ်တဲ့ တရုတ် လင်ကို ပါးစပ်ပိတ်ဖို့
တရားရေးစနစ်ကို အသုံးပြုခဲ့တယ်။ အတိုင်းအတာတစ်ခုအထိ ဒီလိုလုပ်နိုင် ခဲ့ပေမယ့် ၂၀၀၃ ခုနှစ်က
၀န်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက် ရာထူးကဆင်းခဲ့ပြီး နောက် UMNO ဦးဆောင်တဲ့ အစိုးရဟာ
ရှောင်လွှဲလို့မရတဲ့ ကျဆင်းမှုနဲ့ကြံုခဲ့ရပြီး ၂၀၀၈ ခုနှစ် ရွေးကောက်ပွဲမှာ ကြီးမားတဲ့ ဆုတ်ဆိုင်းမှုတွေနဲ
့ ကြံုတွေ့ခဲ့ရတယ်။
ကြွယ်ဝပေါများတဲ့ ပီနန်ပြည်နယ်ကို ဆုံးရှုံးခဲ့ပြီး လင်ရဲ့ အတိုက်အခံက နိုင်သွား ခဲ့တယ်။ လင်ဟာ
ရုတ်ခြည်း ၀န်ကြီးဖြစ်လာ ခဲ့ပြီး နာဂျစ်လိုမဟုတ်ဘဲ အရေးကြီး ဆုံးဖြတ် ချက်တွေချတဲ့ ထိပ်ပိုင်းမှာ
၀င်ဆံ့သွားတယ်။ နာဂျစ် ဦးဆောင်တဲ့ အာဏာရ ညွန့်ပေါင်း အဖွဲ့က နိုင်ငံတစ်ဝန်း တုံ့ဆိုင်းမှုတွေနဲ
့ ကြံုတွေ့ခဲ့ရပြီး လူထုအားပေးမှုကို မရခဲ့တာ ကြောင့် မျှော်လင့်ထားသလိုပဲ ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲမှာ
ပီနန်ပြည်နယ်မှာ ပြန်လည် အာဏာရလာခဲ့တယ်။
လင်က အဆင်ပြေနေသလို နာဂျစ်ခမျာ ပြဿနာတွေ မပြေလည်တဲ့အပြင် တိုးတိုး လာခဲ့တယ်။ နာဂျစ်ဟာ
သူ့ရဲ့ အဓိကကျတဲ့ အကြံပေးတစ်ယောက်ရဲ့အလိုကို ဖြည့်ဆည်း ပေးနေတဲ့ မွန်ဂိုလီးယား မော်ဒယ်
အသတ်ခံရ မှုမှာ ငြိစွန်းခဲ့တယ်။ မကြာသေးခင်ကလည်း နာဂျစ် ဥက္ကဋ္ဌ ဖြစ်တဲ့ နိုင်ငံရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ
(IMDB)ဒေါ်လာဘီလျံနဲ့ချီပြီး ဆုံးရှုံးမှုတွေဖြစ်ခဲ့ပြီး သူ ၀န်ကြီးချုပ်ဖြစ်နေချိန်မှာ ဒေါ်လာ ၁၁ ဒသမ ၅ ဘီလျံ
ကြွေးမြီတင်ခဲ့တယ်။ IMDB အခြေအနေကို ညာခဲ့တာကြောင့် နိုင်ငံအနေနဲ့ ဆုံးရှုံးနစ်နာခဲ့လို့ နာဂျစ်ကို
တရားစွဲရမယ်လို့ ၀န်ကြီးချုပ်ဟောင်း မဟာသီယာက မေ ၂၄ ရက်က သတိပေး ပြောကြားခဲ့တယ်။
အခုအချိန်မှာတော့ မလေးရှားနိုင်ငံရဲ့ စာရင်းစစ်ချုပ်ဟာ IMDB ရဲ စာရင်းဇယား တွေကို စစ်ဆေးနေပြီး
မကြာခင် အစီရင်ခံစာ ထုတ်ပြန်မှာဖြစ်ရာ နာဂျစ်ဟာ တံကျင်လျှို ခံရနိုင်တယ်။ ဒီလိုမှမဖြစ်ရင်လည်း
နာဂျစ်လူတွေက ဆက်ပြီးလုပ်နိုင်တယ်။ ဒုတိယဝန်ကြီးချုပ် မူယစ်ဒင်ယာဆင်က IMDB အဖွဲ့ဝင်
အားလုံးကို ဖြုတ်ရင်ဖြုတ်၊ ဒါမှမဟုတ် ရွေးကောက်ပွဲမှာ ဆုံးရှုံးသွားနိုင်တယ်လို့ ပြောတဲ့
ဗီဒီယိုပေါက်ကြားမှုကြောင့် နာဂျစ်ရဲ့ လူတွေ တုန်လှုပ်သွားခဲ့တယ်။ နိုင်ငံရေးနဲ့ စီးပွားရေးပြဿနာရှိနေရာ
နာဂျစ်နဲ့ပဲ အတူရင်ဆိုင်ဖြေရှင်းမလား၊ ဒါမှမဟုတ် ဒီနှစ်ကုန်မှာကျင်းပမယ့် ပါတီရဲ့ အထွေထွေညီလာခံမှာ
ခေါင်းဆောင်သစ် တင်မလားဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး UMNO ဟာ နှစ်ခြမ်းကွဲနေတယ်။
ပီနန်က လင်လို သီချင်း ကောင်းကောင်း မဆိုတတ်ရင် နာဂျစ်ဟာ သမိုင်းတွင် အောက်ခြေမှတ်ချက်
အဖြစ်နဲ့သာ ကျန်ခဲ့လိမ့် မယ်လို့ အများဆန္ဒက ဦးတည်နေတယ်။ မလေးရှားနိုင်ငံရဲ့ နိုင်ငံတကာပုံရိပ်ကိုလည်း
နာဂျစ်အစိုးရက ဂုဏ်သိက္ခာကျဆင်း အောင် လုပ်ခဲ့ပြီဖြစ်တယ်။ အရင်လက ဗြိတိန် နိုင်ငံ Financial Times က
"Something Rotten in the State of Malaysia" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးရေးခဲ့တယ်။ ဒီဆောင်းပါးရဲ့
အဖွင့်ဝါကျမှာ " Is Malaysia falling apart" လို့ မေးခွန်းထုတ် ထားတယ်။ လင်ဂွမ်အန်လိုလူတွေ ရှိနေသေး
သရွေ့တော့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမဲ့ နာဂျစ်ဟာ မပြောင်းလဲဘဲ ဒီအတိုင်းသွားနေ မယ်ဆိုရင်တော့
ဖြစ်သွားနိုင်တယ်။ ါ ဤဆောင်းပါးသည် ရော်ဂျာမစ်တန်၏ အာဘော် သာဖြစ်သည်။
သောင်းညွန့် ဘာသာပြန်သည်။

















