အိန္ဒိယနိုင်ငံမှ အငှားကိုယ်ဝန်ဆောင်မိခင်များ

အိန္ဒိယနိုင်ငံမှ အငှားကိုယ်ဝန်ဆောင်မိခင်များ

နယူးဒေလီ - ဩစတြေးလျနိုင်ငံတွင် ကလေးငယ်လီလီသည် ၎င်း၏ပထမမွေးနေ့ကိုကျင်းပနေ
စဉ်မှာပင် အလွန် ဝေးကွာသော အိန္ဒိယနိုင်ငံ၌မူ အငှား ကိုယ်ဝန်ဆောင်ခဲ့သော မိခင်မှာ ကလေး
ကိုမမြင်ရဘဲ မွေးဖွားပေးလိုက် သည့်နေ့ကို မှတ်မိနေသည်။

အခြား အမျိုးသမီးကလှူဒါန်းသော မျိုးဥကို အသုံးပြုခဲ့သည့် လိင်တူ ဆက်ဆံသော မိန်းမလျာစုံ
တွဲတစ်တွဲ ကိုယ်စား လွန်ခဲ့သော ဖေဖော်ဝါရီလ၌ နယူးဒေလီရှိ Surrogacy Centre India ဆေး
ခန်းတွင် မီးဖွားပေးသည့် အတွေ့အကြံုကို အသေးစိတ်ရှင်းပြရင်း ဆီတာသာပ ဆိုသောအငှား
ကိုယ်ဝန် ဆောင်အမျိုးသမီးက "ကျွန်မမျက်နှာ လွှဲခဲ့ရပါတယ်" ဟု ဆိုသည်။

"ကျွန်မမှာ သားသမီးအရင်းတွေရှိ နေမှပဲဟာ။ ဒီကလေးကို ဘာဖြစ်လို့ တွေ့ချင်ရဦးမှာလဲ" ဟု
အသက် ၁၆ နှစ်နှင့် အသက် ၁၈ နှစ်အရွယ် ဆယ် ကျော်သက်နှစ်ဦး၏ မိခင်ဖြစ်သူကပာသည်။
မိမိ၏သွေးသားရင်းချာမ ဟုတ်ဟူသော အတွေးမှန်ကိုရင်မှာ ပိုက်ထားရန်ကိုလည်း ဆေးခန်းက
သင် ပြပေးထားကြောင်း ၎င်းကပြောသည်။

စရိတ်စကအနည်းအကျဉ်းဖြင့် ရိုးရှင်းသည့်တရားဝင်လမ်းကြောင်းမှ မိဘအဖြစ်သို့ရယူလိုသည့်
နိုင်ငံခြားသားစုံတွဲများ အများအပြားရှိလာ၍ စီးပွားဖြစ် အငှားကိုယ်ဝန်ဆောင်မှုသည် အိန္ဒိယနိုင်ငံ
တွင် အလွန်ကောင်းသောစီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာလျက်ရှိသည်။

နိုင်ငံကို ဆေးပညာနှင့်ဆိုင်သော ခရီးသွားများ လာရောက်ရာနေရာတစ်ခုအဖြစ် တွန်းအားပေး
ကြိုးပမ်းနေသော် လည်း ဆင်းရဲသည့်အိန္ဒိယအမျိုးသမီး များကို ချမ်းသာသောနိုင်ငံခြားသားများ
က ငွေပေး၍ကလေးမွေးစေသည့် အဖြစ်သည် အိန္ဒိယလူမျိုးအများအပြား၏စိတ်တွင် 'ကလေး
ထုတ်စက်ရုံများ' နှင့်စပ်လျဉ်းကာ လူ့ကျင့်ဝတ်ဆိုင်ရာ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာစေရသည်။
ဤလုပ်ငန်းသည် ယခုအခါနှစ်စဉ် ၀င်ငွေ အမေရိကန်ဒေါ်လာနှစ်ဘီလျံ ကျော်လည်ပတ်လုပ်ကိုင်
လျက်ရှိ ကြောင်း အိန္ဒိယနိုင်ငံလုပ်ငန်းများအဖွဲ့ အစည်းကြီးက ခန့်မှန်းထားသည်။

ဝေဖန်မှုများကိုတိတ်ဆိတ်သွားစေ ရန်ကြိုးပမ်းသည့်အနေဖြင့် အိန္ဒိယအ စိုးရသည် နိုင်ငံခြားသား
မိန်းမလျာစုံတွဲ များနှင့် အိမ်ထောင်မရှိသူများကို အငှား ကိုယ်ဝန်ဆောင်သည့်လုပ်ရပ်များ မပြုစေ
ရန် မကြာမီကပင် ဥပဒေများထုတ် ၍ တားမြစ်ခဲ့သဖြင့် လူ့အခွင့်အရေး သမားများနှင့် ပဋိသန္ဓေရ
ယူပေးသည့်ဆေးခန်းများက ယင်းဥပဒေကို လူ့အ ခွင့်အရေးခွဲခြားခြင်းဟု ပြောဆိုဝေဖန် ခဲ့ကြပြန်
သည်။သို့ရာတွင် အငှားကိုယ် ၀န်လုပ်ငန်းမှာမူ လည်ပတ်မြဲလည်ပတ် ခဲ့သည်။

"ကျွန်မကလေးတွေရဲ့ အနာဂတ် အတွက် ငွေစုချင်ပြီး ကလေးမရနိုင်တဲ့ မိဘတွေကို ကူညီချင်လို့
အငှားကိုယ်ဝန်ဆောင်ပေးတာပါ "ဟု သာပ (၃၁ နှစ်)က ပြောသည်။ ဧပြီလတွင် ဒုတိယအကြိမ်
ကိုယ်ဝန်ဆောင်ပေးချင် ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

ကိုယ်ဝန်ဆောင်ပေးသူသည် ဒေါ်လာ ၆,၀၀၀ ကို ထိုလုပ်ငန်းစဉ် တစ်ခုလုံးအတွက် ကုန်ကျစရိတ်
ဒေါ်လာ ၂၈,၀၀၀ မှရရှိကြောင်း ဆေးခန်းက အေအက်ဖ်ပီသို့ပြောပြသည်။ကိုယ်ဝန်ဆောင်ချိန်အ
တွင်း သာပသည် ခင်ပွန်းသည်နှင့်အတူ Surrogacy Centre India ဆေးခန်းမှ ငှားပေးသော
နယူးဒေလီရှိ အိမ်ခန်းတွင် အခြားကိုယ်ဝန်ဆောင်သူ ၁၀၀ ကျော်နှင့်နေသည်။

ဒါဂျီလင်မြို့ရှိ နေအိမ်တွင် ၎င်း၏ ကလေးများရှိနေပြီး သူတို့၏မိခင် ကိုယ်ဝန်ဆောင်နေသည်ကို
မသိရပေ။၂၀၀၈ ခုနှစ်၌ ဖွင့်ခဲ့သော ထိုဆေးခန်းတွင် ၂၀၁၂ ခုနှစ်ထိ မွေးဖွားခဲ့သော ကလေး ၂၉၁
ဦးသည် ကနေဒါ၊ ဩစတြေးလျ၊ ဂျပန်၊ နော်ဝေနှင့် ဘရာဇီးလ်နိုင်ငံတို့တွင် နေထိုင်နေကြသည်။

နယူးဒေလီနှင့် အိန္ဒိယနိုင်ငံအနှံ့ အဆိုပါဆေးခန်းပေါင်း ဒါဇင်များစွာ ရှိပြီး မီဒီယာများကို ၀င်ခွင့်မ
ပြုခဲ့ပေ။"အငှားကိုယ်ဝန်ဆောင်တာကို ဆန့်ကျင်ပြောဆိုသူတွေမှာ ကိုယ်ပိုင် ကလေးတွေရှိကြ
တယ်။ ကလေးသိပ် လိုချင်ကြတဲ့ မိဘတွေနဲ့ သူတို့ကို တွေ့စေချင်တယ်။ သူတို့ရဲ့အခွင့်အရေး
ကို ဘယ်လိုငြင်းနိုင်မလဲ"ဟု ဆေးခန်းမှဒါရိုက်တာ ဒေါက်တာ ရှီဗာနီဆက်ချ် ဒက်ဂိုးက ပြော
သည်။ဘရာဇီးလ်လူမျိုး လူဇင်ဘတ်နေ မာဆီအာ (၄၀ နှစ်) သည် ကလေးရရန် သုံးနှစ်ကြိုးစားပြီး
နောက် ခင်ပွန်းသည် နှင့်အတူ နယူးဒေလီသို့ ရောက်ရှိလာ ကြောင်း ဂိုးကပြောသည်။

အငှားကိုယ်ဝန်ဆောင်မည့် မိခင် များကို အာဟာရဖြစ်စေသည့် အစား အစာများစားရန်အရေးကြီး
ကြောင်း ဆေးခန်းက အကြံပေးစည်းရုံးခဲ့ရ ကြောင်းနှင့် အမျိုးသမီးအများစုက ထို အတွေ့အကြံုကို
ထပ်မံပြုလုပ်လို ကြောင်း ဂိုးကပြောသည်။

အိန္ဒိယနိုင်ငံ၏ အဆင်းရဲဆုံး ပြည်နယ်ဥတ္တာပရာဒေ့ရှ်မှ တစ်ဦးဖြစ်သော မင်တောရှားမား(၂၉ နှစ်)
သည် အငှားကိုယ်ဝန် နှစ်ကြိမ်ဆောင်ခဲ့သည်။
"ငွေရပြီးတဲ့နောက်မှာ ကျွန်မရဲ့ ဘဝဟာ ပြောင်းလဲသွားတယ်"ဟု ရရှိသောငွေဖြင့် အိမ်သစ်တစ်
လုံး ၀ယ်ခဲ့သော ကလေးလေးယောက်မိခင် က ပြောသည်။

(အေအက်ဖ်ပီ)