မနီလာ - ၎င်းတို့၏ ပိုင်နက်နယ်မြေ ကိုပြန်လည်သိမ်းယူရန် မလေးရှားနိုင်ငံ ဆာဘားပြည်နယ်
သို့ ၀င်ရောက်နေထိုင်နေကြသည့် ဖိလစ်ပိုင်စူလတန် စော်ဘွား၏ နောက်လိုက် အမြောက်အ
မြားကို ကယ်ဆယ်ရန် ဖိလစ်ပိုင်နိုင်ငံ က သင်္ဘောတစ်စင်းစေလွှတ်ရန် ဖေဖော် ၀ါရီလ ၂၄ ရက်
နေ့ညက ပြင်ဆင်နေ ကြောင်း နိုင်ငံခြားရေးရာ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ လူသားချင်းစာနာအကူအညီပေးရေးသင်္ဘောသည် မလေးရှား အာဏာပိုင်များနှင့် ရက်
သတ္တနှစ်ပတ်ကြာဖြစ်ပွားနေသည့် တင်းမာမှုတွင် ဘော်နီယိုကျွန်းရှိ လာဟတ်ဒါတူမြို့၌ ပိတ်မိ
နေသည့် စူလတန်စော်ဘွား ဂျမာလူကီရမ်၏ နောက်လိုက် ဒါဇင် ပေါင်းများစွာကို ကယ်ဆယ်ရန်
ဖိလစ် ပိုင်နိုင်ငံတောင်ဘက်စွန်းရှိ တာဝီ-တာဝီကျွန်းပြည်နယ်မှ ဘော်နီယိုကျွန်းရှိ လာဟတ်ဒါ
တူမြို့သို့ ညသန်းခေါင်မတိုင်မီ ဦးတည်ထွက်ခွာမည်ဖြစ်သည်။
ယင်းသို့ဖြစ်နေစဉ်မှာပင် ဖိလစ်ပိုင် သမ္မတဘင်နစ်နိုအကွီနိုက စူလတန် စော်ဘွား ဂျမာလူကီရမ်
အား ၎င်း၏ လက်နက်ကိုင် နောက်လိုက်များနှင့်အတူ မလေးရှားကျွန်းပေါ်တွင် ဆက်လက်ပေ
ကပ်နေမှုအား အဆုံးမသတ်ပါကဥပဒေကြောင်းအရ ရင်ဆိုင်သွားရမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ
လ ၂၆ ရက်နေ့၌သတိပေးလိုက်သည်။
တစ်ချိန်က အစ္စလမ္မစ်များ အုပ်ချုပ်ခဲ့သည့် ယင်းဒေသတွင် ဇွဲကြီးကြီးဖြင့် ဆက်လက် အခြေချ
နေထိုင်နေ သည့် သေနတ်သမားအယောက် ၂၀ အပါအဝင် ဖိလစ်ပိုင်နိုင်ငံသား ၄၀၀ ခန့်ကို ဖေ
ဖော်ဝါရီလ ၁၂ ရက်ကတည်းက လုံခြံုရေးတပ်ဖွဲ့များက ၀န်းရံ ထားခြင်းကြောင့် ၎င်းတို့မှာ လာ
ဟတ်ဒါတူမြို့၏ကျဉ်းမြောင်းသည့် ပင်လယ်ကမ်းခြေနေရာတစ်ခုတွင် ပုန်းခိုနေကြရသည်။
"တောင်းဆိုထားတဲ့ အဓိကပြဿနာ တွေကို ကျွန်တော်တို့ ဖြေရှင်းနေချိန်မှာ အားလုံးကို ကိုယ့်
အရပ်ဒေသ၊ မိသားစု တွေဆီပြန်ကြဖို့ မေတ္တာရပ်ခံချင်ပါ တယ်။ ခင်ဗျားတို့ လုံခြံုရေးအတွက်
ကျေးဇူးပြုပြီး ဒီအတိုင်းပဲလုပ်ကြပါ" ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး အဲလ် ဘတ်ဒဲလ်ရိုစာရီယို
က ကြေညာချက် တစ်စောင်တွင် ပြောကြားခဲ့သည်။
သင်္ဘောပေါ်တွင် ဖိလစ်ပိုင်မွတ်စလင်ခေါင်းဆောင်များ၊ လူမှုရေးဝန်ထမ်းများနှင့် ဆေးဘက်ဆိုင်
ရာပညာရှင်များ လိုက်ပါမည်ဖြစ်ကြောင်းနှင့် ၀င်ရောက်နေထိုင်သည့်အုပ်စုများတွင် အမျိုးသမီး
များပါ၀င်နေခြင်းကို အစိုးရက အလွန်အမင်း စိုးရိမ်ပူပန်နေကြောင်း ဒဲလ်ရိုစာရီယို၏ ကြေညာ
ချက်တွင် ပြောခဲ့သည်။ထိုသို့သွားရောက်မည့် အကြောင်းကို ဖိလစ်ပိုင်နိုင်ငံက မနီလာမြို့ရှိ မ
လေးရှားသံရုံးမှတစ်ဆင့် မလေးရှားကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က အကြောင်းကြားပြီးဖြစ်
သည်ဟု သိရသည်။
(အေအက်ဖ်ပီ)
















