ဆိုးလ် - တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်လာသူ ပတ်ဂွမ်ဟေး၏
ကျမ်းသစ္စာကျိန်ဆိုမှုအပြီး နောက်တစ်နေ့တွင် တကယ့် စစ်ပွဲတစ်ပွဲနှင့် အလားသဏ္ဌာန်တူ ပြုလုပ်
သည့် အမြောက်ကျည်ဆန် အစစ်များအသုံးပြုသော စစ်ရေးလေ့ကျင့်မှုတစ်ခုကို မြောက်ကိုရီးယား
ခေါင်းဆောင် ကင်ဂျံုအန်းက ကြည့်ရှု ကွပ်ကဲခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာနက
ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဖော်ပြခဲ့သည်။
ကိုရီးယားဗဟိုသတင်းဌာန (KCNA) က စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့သည့် နေရာ၊ သို့မဟုတ်
အချိန်ကို အတိအကျ ဖော်ပြခြင်းမရှိသော်လည်း ယင်း ကြေညာချက်မှာ တောင်ကိုရီးယားနိုင်ငံတွင်
ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ပြုလုပ်သည့် သမ္မတရာထူးအပ်နှင်းပွဲအပြီး ထွက်ပေါ်လာခြင်းဖြစ်
သည်။
ထိုအခမ်းအနားတွင် တောင်ကိုရီးယား ခေါင်းဆောင်သစ် ပတ်ဂွမ်ဟေးက မြောက်ကိုရီးယားနိုင်ငံ၏
ရန်စမှုကို လုံးဝ လက်ခံမည်မဟုတ်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။
'တကယ့်စစ်ပွဲတစ်ပွဲကို ဆင်နွှဲရန် အတွက်' အမြောက်တပ်များ၏ စွမ်းရည် ကို စစ်ဆေးရန် ကင်က
ထိုသို့စစ်ရေး လေ့ကျင့်ရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည် ဟု KCNA သတင်းအရ သိရသည်။
လေတပ်အင်အားပြမှုတစ်ခု၊ လေထီး စစ်သည်များ၏ စစ်ရေးပြမှုတစ်ခုနှင့် ကျည်အစစ်များအသုံးပြု
သော နည်းဗျူဟာမြောက် တိုက်ခိုက်သည့် သီးခြား စစ်ဆင်ရေးတစ်ခုတို့ကို ပြီးခဲ့သည့် ရက်သတ္တ
ပတ်က ကင်က ကြည့်ရှုကွပ်ကဲခဲ့သေးသည်။
ခေါင်းဆောင်သစ် ပတ်ဂွမ်ဟေးက ၎င်း၏ရာထူးလက်ခံသည့် မိန့်ခွန်းတွင် "မြောက်ကိုရီးယားနိုင်ငံက
ယင်း၏ နျူကလီးယားအစီအစဉ်ကို ချက်ချင်း စွန့်လွှတ်ပေးရန် တောင်းဆိုခဲ့ပြီး မြောက်ကိုရီးယား၏
နျူကလီးယား စမ်းသပ်မှုမှာ ကိုရီးယားပြည်သူတို့၏အနာဂတ် ဘေးအန္တရာယ် ကင်းရေးကို ခြိမ်း
ခြောက်နေကြောင်း" သတိပေး ပြောကြားခဲ့သည်။
ကုလသမဂ္ဂ လုံခြံုရေးကောင်စီက ပြစ်တင်ရှုတ်ချပြီး တစ်ကမ္ဘာလုံးက အမျက်ဒေါသထွက်နေသော
မြောက်ကိုရီးယားနိုင်ငံ၏ ဖေဖော်ဝါရီ ၁၂ ရက်နေ့ နျူကလီးယား စမ်းသပ်မှုအပြီးတွင် နှစ်နိုင်ငံ
တင်းမာမှုများ ပို၍ပြင်းထန်လာသည်။
နျူကလီးယားထိပ်ဖူးတပ် ပဲ့ထိန်း ဒုံးကျည်ဟု နိုင်ငံတကာအသိုင်းအဝိုင်း က ပြစ်တင်ရှုတ်ချထား
သော တာဝေးပစ် ဒုံးကျည်တစ်စင်းကို ဒီဇင်ဘာလက မြောက်ကိုရီးယားနိုင်ငံက အောင်မြင်စွာ
ပစ်လွှတ်ခဲ့ပြီးနောက် ပို၍ တင်းကျပ်လာသည့် ဒဏ်ခတ်ပိတ်ဆို့မှုများကိုတုံ့ပြန်သည့်အနေဖြင့်
ထိုသို့ စစ်ရေးလေ့ကျင့် ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့သည်။
(အေအက်ဖ်ပီ)

















