ဧဝရက်တောင်ထိပ်ကို တစ်ပတ်အတွင်း နှစ်ကြိမ်တက်နိုင်ခဲ့သူ

ဧဝရက်တောင်ထိပ်ကို တစ်ပတ်အတွင်း နှစ်ကြိမ်တက်နိုင်ခဲ့သူ

ခတ္တမန္ဒူ (နီပေါ) - ဧဝရက်တောင်ထိပ်ကို တောင်တက်ရာသီ တစ်ရာသီ အတွင်း နှစ်ကြိမ်တက်နိုင်
သူ ပထမဆုံး အမျိုးသမီးအဖြစ် နီပေါအမျိုးသမီး တစ်ယောက်ကို အသိအမှတ်ပြု မှတ်တမ်းတင်
လိုက်ကြောင်း ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ဂင်းနစ် ကမ္ဘာ့စံချိန်တင်မှတ်တမ်းက ကြေညာသည်။

အသက် ၂၉ နှစ်ရှိ နီပေါအမျိုးသမီး ချူရင်ရှားပါးသည် လွန်ခဲ့သောနှစ် မေလ ၁၂ ရက်တွင် ၈,၈၄၈
မီတာ (၂၉,၀၂၈ ပေ) အမြင့်ရှိသော ဧဝရက်တောင်ထိပ်သို့ ရောက်ရှိခဲ့သည်။

ထို့နောက် အခြေ စိုက်စခန်းတွင် တစ်ပတ်သာအနားယူပြီး တောင်ထိပ်သို့ နောက်တစ်ဖန် အောင်
မြင်စွာ တက်ရောက်နိုင်ခဲ့ပြန်သည်။

"ဒီလို အသိအမှတ်ပြုခံရတာ ကျွန်မ သိပ်ဝမ်းသာပါတယ်။ ဒီလိုမှတ်တမ်းကို နီပေါအမျိုးသမီးပဲ
ရသင့်တယ်လို့ ကျွန်မဆုံးဖြတ်ထားတာ။ ကျွန်မ ခုလို မှတ်တမ်းတင်ခံရတာ ဂုဏ်ယူတယ်" ဟု
နီပေါနိုင်ငံ၏ အရှေ့ဘက် တောင်ကုန်းများပေါ်မှနေ၍ ရှားပါးကပြောပြသည်။

နီပေါ အခြားအမျိုးသမီးတစ်ဦးဖြစ်သော ပါဆန်လာမူးသည် ၁၉၉၃ ခုနှစ်က ကမ္ဘာ့အမြင့်ဆုံး တောင်
ထိပ်ပေါ်သို့ ပထမဆုံးရောက်ခဲ့သော နီပေါအမျိုးသမီး ဖြစ်လာခဲ့သော်လည်း တောင်ပေါ် မှပြန်
အဆင်းတွင် ကံမကောင်း အကြောင်းမလှစွာသေဆုံးသွားခဲ့သည်။

ပါဆန်လာမူး၏နောက်တွင် တောင်ထိပ်ကိုရောက်ရှိခဲ့သော နီပေါအမျိုးသမီး ၂၁ ယောက်ရှိခဲ့သော်
လည်း တောင်တက် တစ်ရာသီအတွင်း နှစ်ကြိမ် အောင်မြင်စွာတက်နိုင်ခဲ့သော အမျိုးသမီးမှာ
ကမ္ဘာပေါ်တွင် ချူရင်ရှားပါးမှတစ်ပါး အခြားတောင်တက် အမျိုးသမီး မရှိ သေးချေ။

၁၉၅၃ ခုနှစ်တွင် အက်ဒ်မန်ဟီလာရီ နှင့် တန်ဇင်းနော်ဂေးတို့ ဧဝရက် တောင်ထိပ်ကို ပထမဆုံး
အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပြီးနောက်ပိုင်း ယနေ့ထိ ကမ္ဘာ့အမြင့်ဆုံး ဧဝရက် တောင်ထိပ်သို့
ကမ္ဘာတစ်လွှားမှ တောင်တက်သမား ၃,၀၀၀ ခန့်တက် ရောက်နိုင်ခဲ့ပြီဖြစ်သည်။

ဧဝရက်တောင်ထိပ်တက်ရန် အကောင်းဆုံး အချိန်မှာ ဧပြီလနောက်ပိုင်း နွေဦးရာသီနှင့် နွေရာသီ
မရောက်မီ ကြားကာလကလေးဖြစ်သည်ဟု သိရှိရသည်။

(အေအက်ဖ်ပီ)