ဖေဖော်ဝါရီလ ၁၀ ရက်က စခဲ့တဲ့ တရုတ်နှစ်သစ်ကူးရာသီမှာ နေရာတိုင်းမှာ ရှိကြတဲ့ တရုတ်လူမျိုး
တွေဟာ သူတို့ တစ်တွေရဲ့ အနာဂတ်အတွက် သူတို့ရဲ့ လိုအင်ဆန္ဒတွေပြည့်ဝစေဖို့ ဆုတောင်းကြ
မှာဖြစ်တယ်။
လွန်ခဲ့တဲ့လက တရုတ်နိုင်ငံရဲ့အသင့်အတင့် လွတ်လပ်မှုရှိတဲ့ Southern Weekly စာစောင်ရဲ့
ရုံးခန်းထဲမှာဖြစ်ခဲ့တဲ့အငြင်းပွားမှုဟာ အဓိကစိစစ်ဖြတ် တောက်တဲ့ကိစ္စနဲ့ သက်ဆိုင်ခဲ့တယ်။
ဒီကိစ္စဟာ လမ်းပေါ်နဲ့အင်တာနက်တို့ မှာ တော်တော်ကလေးပျံ့နှ့ံသွားခဲ့တယ်။ အဓိကအချက်က
တော့ သတင်းစာဆရာ တွေအတွက် လွတ်လပ်မှုရှိဖို့ပဲဖြစ်တယ်။
ဒါ့ထက်နက်ရှိုင်းတဲ့အဆင့်ကို ကြည့်မယ်ဆိုရင်တော့ ဒီနှစ်သစ်ရဲ့ ရှေ့ပြေးနိမိတ် ပဲဖြစ်တယ်။
ရွေးချယ်စရာ အမျိုးသားရေး အိပ်မက်တွေပဲဖြစ်တယ်။ နိုဝင်ဘာလက ကွန်မြူနစ်ပါတီ ခေါင်းဆောင်
ရာထူးကို ရခဲ့တဲ့ ရှီကျင်ပင်း ဟာ ဒီ'အိပ်မက်'နဲ့ ပတ်သက်တဲ့ဆွေးနွေး၊ အောက်မှာဖော်ပြမယ့်
စကားများနဲ့ (၁၈) ကြိမ်မြောက်ပါတီကွန်ဂရက်မှာ ရာထူးလက်ခံယူတဲ့ မိန့်ခွန်းမှာထည့်သွင်း ပြော
ကြားခဲ့တယ်။
"ကျွန်တော်တို့လူမျိုးတွေဟာ ဘဝကို ခင်တွယ်မြတ်နိုးကြတယ်။ သူတို့တစ်တွေဟာ ပိုမိုကောင်းမွန်
တဲ့ပညာရေး၊ ပိုပြီး ဘဝအာမခံချက်ရှိတဲ့ အလုပ်အကိုင် တွေ၊ ကျေနပ်လောက်တဲ့ဝင်ငွေတွေ၊ ပိုပြီး
စိတ်ချရတဲ့ လူမှုရေးအာမခံချက်တွေ၊ အဆင့်မြင့်ဆေးနဲ့ ကျန်းမာရေးအတွက် ၀န်ဆောင်မှုတွေ ပို၍
သက်သောင့်သက်သာရှိတဲ့နေထိုင်မှု အခြေအနေတွေ၊ ပိုပြီး လှပတဲ့ပတ်ဝန်းကျင်တွေကို မျှော်လင့်
တဲ့အပြင် သူတို့ကပေါက်ဖွားလာတဲ့ သားသမီးတွေဟာလည်း ကောင်းမွန်စွာကြီးထွား ကောင်းမွန်
စွာလုပ်ကိုင်ပြီး ကောင်းမွန်စွာနေထိုင်သွားနိုင်ရန် လည်းမျှော်လင့်ကြတယ်။ ကျွန်တော်တို့ ရုန်းကန်
တာတွေရဲ့ ပန်းတိုင်တွေ၊ ဆုတောင်းတာတွေဟာ ပိုမိုကောင်း မွန်တဲ့ ဘဝကိုရရှိဖို့ပဲ ဖြစ်ပါတယ်"
ရှီဟာ ရုပ်ဝတ္ထုကိစ္စတွေကို ပြောခဲ့ပေမယ့် သူ့ရဲ့'အိပ်မက်'မှာ စိတ်ပိုင်းဆိုင်ရာ ကိစ္စတွေလည်းပါသင့်
တယ်ဆိုတာကို သဘောပေါက်ပုံရတယ်။ ေ
နာက်ရက် သတ္တနှစ်ပတ်ကြာမှာ မိန့်ခွန်းပြောတဲ့ အခါမှာတော့ သူကဒီလိုပြောခဲ့တယ်။
"လူတိုင်းမှာ စံတွေ၊ လိုက်စားမှုတွေရှိ ကြတယ်၊ မကြာသေးမီအချိန်အတွင်း တရုတ်လူမျိုးတွေရဲ့
အကြီးမားဆုံး အိပ်မက်ကတော့ တရုတ်နိုင်ငံရဲ့ အနုပညာ၊ စာပေ တစ်ကျော့ပြန် ခေတ်စားလာဖို့
အတွက်ဖြစ်တယ်။ တရုတ်နိုင်ငံသားတိုင်းရဲ့ အနာဂတ်နဲ့ ကံကြမ္မာဟာ အစိုးရနဲ့နိုင်ငံရဲ့ အနာဂတ်နဲ့
ကံကြမ္မာ ထပ်ထူထပ်မျှဆိုသလိုဖြစ်တယ်။ အစိုးရ နဲ့နိုင်ငံ ကောင်းစားနေမှသာ လူတိုင်းလည်း
ကောင်းစားမှာဖြစ်တယ်" ဒီအတိုင်းဆိုရင် ရှီရဲ့ တရုတ်အိပ်မက်ဟာ အဆင့်နှစ်ဆင့်ရှိတယ်လို့ဆိုရ
မယ်။
နေ့စဉ်ဘဝရုပ်ဝတ္ထုအဆင့်နဲ့ အစိုးရနဲ့ နိုင်ငံအဆင့်မှာ စိတ်ပိုင်းဆိုင်ရာ ရည်မှန်းချက်ဖြစ်တယ်။
ကွမ်တုံမှာအခြေစိုက်တဲ့ Southern Weekly က အယ်ဒီတာတွေရဲ့အမြင်ကတော့ အိပ်မက်ရဲ့ဗဟို
အချက်အချာမှာ အရေးပါလှတဲ့ကွာဟချက်ကို တွေ့တယ်။
နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာမပါဘူး ဖြစ်နေတယ်။ ဒီတော့ သူတို့က အယ်ဒီတာ့အာဘော်ကို
မူကြမ်းဒီလိုရေးခဲ့တယ်။
"တရုတ်နိုင်ငံရဲ့အိပ်မက်က ဖွဲ့စည်းပုံအခြေခံဥပဒေ ကျင့်သုံးတာကို ယုံကြည်တဲ့အိပ်မက်" ခေါင်းစဉ်
နဲ့ ရေးသားခဲ့တာကို တစ်စိတ်တစ်ပိုင်းဘယ်လို ပြောခဲ့သလဲဆိုတာကို အောက်တွင်ဖတ်ရှုနိုင်ပါ
တယ်။
"ကျွန်တော်တို့ရဲ့ ကနေ့အိပ်မက်ဟာ ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ အဆုံးသတ်သွားဖို့ မဖြစ်နိုင်ဘူး။
ကျွန်တော်တို့ဟာ စိတ်ပိုင်းဆိုင်ရာ ပြည့်စုံမှုကိုပါရှာတယ်။ နိုင်ငံရဲ့ အင်အားနဲ့လည်းအဆုံးမသတ်နိုင်
ဘူး။ လူတိုင်းအတွက် ကိုယ့်သိက္ခာကိုယ် လေးစားမှု ပါ၀င်ရမယ်၊ အဆင့်မြင့် အရာရှိပဲဖြစ်ဖြစ် လမ်း
ပေါ်က ဈေးရောင်းတဲ့သူပဲဖြစ်ဖြစ်၊ ဂုဏ်သိက္ခာနဲ့နေနိုင်တဲ့အထိ၊ ကျွန်တော်တို့ ဒီအိပ်မက်ကို ဆက်ပြီး
မက်နေမယ်" ဒီဂုဏ်သိက္ခာကို ငတ်ပြတ်နေတာဟာ ငွေကြေး (သို့) အစိုးရရဲ့အောင်မြင်မှုနဲ့ ဖြည့်
ဆည်းလို့မရဘူးဆိုတဲ့ Southern Weekly စာစောင်ရဲ့ ကောက်နုတ်ချက်ကို ပြည်သူတွေအထဲမှ
ပညာတတ်တွေ၊ ကျောင်းသားတွေ၊ ရုပ်ရှင်သရုပ်ဆောင် တွေ၊ ဟန်ဟန်တို့လို နာမည်ကျော်ကြား
တဲ့ ဘလော့ဂါတွေနဲ့ မရေတွက်နိုင်တဲ့ အဓိကကျတဲ့ သတင်းဝက်ဘ်ဆိုက် တွေက အယ်ဒီတာတွေ
အပါအဝင် အင်တာနက်သုံးသူတွေရဲ့ ပွင့်လင်းပြတ်သားတဲ့ ထောက်ခံမှုကိုရခဲ့တယ်။
'ဂုဏ်သိက္ခာ' ကိစ္စကို လူတွေတု့ံပြန်တဲ့ အချက်ကတော့ သူတို့တစ်တွေရဲ့ အတွေ့အကြံုတွေမှာ
တွေ့ခဲ့တာပဲ ဖြစ်တယ်။ Southern Weekly စာစောင်ရဲ့တင်ပြမှုဟာ ပြည်သူတွေကြားကို ရောက်
လာခဲ့တယ်။ ဒီပြဿနာ ရှိနေတယ်ဆိုတာ ဘယ်သူ့ကိုမှ ပြောစရာမလိုပါဘူး။ အစိုးရက အဖျက်
အမှောင့်လုပ်ငန်း လှုံ့ဆော်တယ်ဆိုတဲ့စွဲချက်နဲ့ နိုဘယ် ငြိမ်းချမ်းရေးဆု စာဆိုတော်လျူရှောင်ပို ဟာ
ထောင်ထဲသို့အပို့မခံခင် ရေးသားခဲ့တဲ့ ရသစာတမ်းတစ်ခုထဲမှာ ရှောင်ပိုက သူ့ထင်မြင်ချက်ကို ဒီလို
ဖော်ပြခဲ့တယ်။
"အစိုးရနဲ့ပြည်သူတွေကြား ဘယ်အချိန်မဆို ပဋိပက္ခဖြစ်လာတဲ့အခါ အင်တာနက်မှ သဘောထား
ခံယူချက်ဟာ ပြည်သူတွေဘက်ကို ဦးတည်သွားတယ်" လူတွေဟာ ပင်ကိုအလျောက် သူစိမ်းတွေ
ဘက်က ကာကွယ်တတ်တယ်လို့ ရှောင်ပိုက မှတ်ချက်ချခဲ့တယ်။ ဘာကြောင့်လဲဆိုရင် ခံစားရတဲ့
လူကို မသိပေမယ့် ပြဿနာရဲ့ သဘာဝဟာ ရင်းနှီးနေပြီးသားဖြစ်တယ်။ မကြာခင် နှစ်တွေအတွင်း
က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေ မှာ ပြည်သူတွေရဲ့ကန့်ကွက်မှုတွေ ဖြစ်လာရတဲ့ ဖုံးနေတဲ့အကြောင်းရင်း
က တော့ လူတွေဟာ သူတို့ရဲ့ဂုဏ်သိက္ခာ စော်ကားခံရတယ်ဆိုတဲ့ ခံစားမှုတွေ ကြောင့်ပဲ ဖြစ်တယ်
ဆိုတာကို သိရခြင်းပဲ ဖြစ်တယ်။
(၀ါရှင်တန်ပို့စ်)

















