ကဘူးလ် - အချက်အချာကျသည့် အာဖဂန်ပြည်နယ်တစ်ခုမှ အမေရိကန် အထူးတပ်ဖွဲ့ဝင်များ
သည် နှိပ်စက် ညှဉ်းပန်းမှုနှင့် လူသတ်မှုများ ကျူးလွန်နေကြောင်း ၎င်းတို့နှင့်အတူ ကူညီဆောင်ရွက်
ပေးနေသော အာဖဂန်နိုင်ငံသားများက စွပ်စွဲပြောဆိုလာကြသော ကြောင့် ယင်းပြည်နယ်အတွင်းမှ
အမေရိကန် အထူးတပ်ဖွဲ့များ ထွက်ခွာ ပေးရန် အာဖဂန်သမ္မတ ဟာမစ် ကာဇိုင်းက အမိန့်ပေးလိုက်
သည်။
လက်နက်ကိုင်တပ်ဖွဲ့များ၏ လုပ်ရပ် ကြောင့် ဒေသခံများအတွင်း မုန်းတီးမှုများကြီးမားလာသည်ဟု
ဆိုကာ တာလီဘန်စစ်သွေးကြွများ လှုပ်ရှားရာဒေသ ဖြစ်သည့် ၀ါဒတ်ပြည်နယ်အတွင်းမှ အမေရိ
ကန်အထူးတပ်ဖွဲ့များ သီတင်း နှစ်ပတ်အတွင်း ထွက်ခွာကြရန် သမ္မတ က အမိန့်ထုတ်ပြန်ခြင်းဖြစ်
သည်။
ယင်းအမိန့်နှင့်ပတ်သက်၍ အမေရိကန်စစ်တပ်မှ ပြောခွင့်ရပုဂ္ဂိုလ်က ဝေဖန် ပြောကြားခြင်းမရှိသော်
လည်း ယင်းကိစ္စကို အာဖဂန်တာဝန်ရှိသူများအတွင်း ဦးစွာ ဆွေးနွေးကြရမည့်အပြင် စွပ်စွဲချက်များ
ကိုလည်း အလေးအနက်ထား ကိုင်တွယ်ပေးကြရမည်ဟု ဆိုသည်။
သမ္မတရုံး ထုတ်ပြန်ချက်တစ်ခုအရ အမေရိကန် အထူးတပ်ဖွဲ့များနှင့်အတူ ဆောင်ရွက်ပေးနေသော
လက်နက်ကိုင် သူများသည် အပြစ်မဲ့ပြည်သူများအား ထပ်တလဲလဲ တိုက်ခိုက်မှု၊ ဒုက္ခပေး နှောင့်
ယှက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် သတ်ဖြတ်မှုများတွင် ပါ၀င်နေသည်။
၀ါဒတ်ပြည်နယ်အတွင်းမှ အမေရိကန်အထူးတပ်ဖွဲ့ဝင်အားလုံး သီတင်း နှစ်ပတ်အတွင်း အပြီးအပိုင်
ထွက်ခွာ ရေးဆောင်ရွက်ရန် ကာကွယ်ရေးဝန်ကြီး ဌာနအား တာဝန်ပေးပြီးဖြစ်ကြောင်းနှင့် မကြာမီ
ကပြုလုပ်သည့် စစ်ရေးလှုပ်ရှားမှုတစ်ခုတွင် ကိုးဦးပျောက်ဆုံးသွားသည့် သာဓကတစ်ခုကိုပါ
ထုတ်ပြန်ချက်တွင် ရည်ညွှန်းဖော်ပြသည်။
ဖြစ်ရပ်တစ်ခုတွင် ညအချိန် ကျောင်းသားတစ်ယောက်ကို အိမ်ပြင်ပသို့ခေါ် ထုတ်သွားရာ နှစ်ရက်
ကြာမှ ညှဉ်းဆဲ ဒဏ်ရာများအပြင် လည်မျိုလှီးသတ်ထား သော ထိုကျောင်းသား၏ အလောင်းကို
တံတားတစ်ခုအောက်တွင် ပြန်တွေ့ခဲ့ရသည်ဟုလည်း ဖော်ပြထားသည်
။ မိမိတို့၏ အထူးတပ်ဖွဲ့များအနေဖြင့် ယင်းကဲ့သို့သော လုပ်ရပ်များ မကျူးလွန်ကြောင်း အမေရိကန်
ဘက်မှငြင်းဆိုနေ သော်လည်း ဒေသခံ အာဖဂန်ပြည်သူများအတွင်း ပြင်းထန်သော အမုန်းစိတ်များ
ပွားစေကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
(အေအက်ဖ်ပီ)
















