ပါကစ္စတန် အကြမ်းဖက်တိုက်ခိုက် မှုများကို ကန့်ကွက်ဆန္ဒပြခဲ့ကြ

ပါကစ္စတန် အကြမ်းဖက်တိုက်ခိုက် မှုများကို ကန့်ကွက်ဆန္ဒပြခဲ့ကြ

ကွက်တာ - ပါကစ္စတန်နိုင်ငံ၌ မတူကွဲ ပြားသော မျိုးနွယ်စုချင်းဖြစ်ပွားသည့် သွေးထွက်သံယို
တိုက်ခိုက်မှုများထဲမှ မကြာသေးမီက ပေါ်ပေါက်ခဲ့သော လူနည်းစု ရှီယာမွတ်စလင်တို့ကို ပစ်မှတ်
ထား၍တိုက်ခိုက်ခဲ့သော ဗုံးခွဲတိုက်ခိုက်မှု တစ်ခုတွင် လူ ၈၁ ဦးသေဆုံးခဲ့ပြီး ၁၇၈ ဦး ဒဏ်ရာရရှိခဲ့ရာ
ရှီယာမွတ်စလင်များ အတွက် အကာအကွယ်ပေးရေး တောင်းဆိုရန် ဖေဖော်ဝါရီလ ၁၇ ရက် နေ့က
ပါကစ္စတန်နိုင်ငံတစ်ဝန်း ဆန္ဒပြ မှုများပေါ်ပေါက်ခဲ့သည်။

ပါကစ္စတန် အနောက်တောင်ပိုင်း ဘာလူချီစတန်ပြည်နယ်၏ ပြည်နယ် မြို့တော် ကွက်တာအစွန်
ဘက်ရှိ ရှီယာ မွတ်စလင်များနေထိုင်ရာ ဟာဇရာမြို့၏ လူစည်ကားသည့် ဈေးတစ်ခုတွင်
ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညနေပိုင်းက ပေါက်ကွဲစေသည့်ပစ္စည်းများ တစ်တန် ခန့်ပါ၀င်သည့် ဗုံး
တစ်လုံးကို ရေသယ်ယာဉ်တစ်စီးတွင် တပ်ဆင်ဖောက်ခွဲခဲ့ ခြင်းဖြစ်သည်။

ယင်းတိုက်ခိုက်မှုမှာ မြို့တော် ကွက်တာရှိ စနူကာအားကစားရုံတစ်ခုတွင် ဇန်နဝါရီလ ၁၀ ရက်နေ့
က အသေခံဗုံး ခွဲတိုက်ခိုက်မှုနှစ်ခုကြောင့် လူပေါင်း ၉၂ ဦး သေဆုံးခဲ့ရသည့် အဖြစ်အပျက် နောက်
ပိုင်း ယခုနှစ်အတွင်း ဒုတိယအကြိမ် ဖြစ်ပွားသော တိုက်ခိုက်မှုဖြစ်သည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေပိုင်း မှစ၍ အမျိုးသမီး ၄,၀၀၀ ခန့်က ဟာဇရာမြို့လမ်းတစ်လမ်းကို
ပိတ်ကာ တိုက်ခိုက်မှုနောက်ကွယ်က အစွန်းရောက်သမားများကို အာဏာပိုင်များက အရေးယူ
မပေးမချင်း သေဆုံးသူများကို မမြှုပ်နှံဟု ဆန္ဒပြ တောင်းဆိုလျက်ရှိသည်။

ပါကစ္စတန်အရှေ့ပိုင်းရှိ မြို့တော် လာဟိုရီ၏ လမ်းများတွင် ရှီယာမျိုးနွယ် ၁,၅၀၀ ကျော်က တိုက်
ခိုက်မှုများကို အရေးယူဆောင်ရွက်ပေးရန် ဆန္ဒပြ တောင်းဆိုလျက်ရှိပြီး နိုင်ငံအလယ်ပိုင်းရှိ မူလ်တန်
မြို့နှင့် ပါကစ္စတန်အုပ်ချုပ်မှု အောက်ရှိ ကက်ရှ်မီးယားဒေသ၏ အဓိကမြို့ မူဇက်ဖာရာဘတ်တို့တွင်
လည်း အကြီးအကျယ်မဟုတ်သည့် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။

ဘာလူချီစတန် ပြည်နယ်သည် ပါကစ္စတန်နိုင်ငံ၏ လူများစုဖြစ်သော ဆွန်နီ မွတ်စလင်များနှင့် နိုင်ငံ့
လူဦးရေ သန်း ၁၈၀ ၏ ငါးပုံတစ်ပုံရှိသော ရှီယာမွတ်စလင် တို့အကြား သွေးထွက်သံယိုဖြစ်ပွားမှု
အများဆုံး နေရာတစ်ခုဖြစ်လာသည်။

ယခုနှစ်တွင် ပါကစ္စတန်နိုင်ငံ၌ မျိုးနွယ်စုတိုက်ခိုက်မှုများကြောင့် သေဆုံးသည့် အရေအတွက်မှာ
၂၀၀ နီးပါး ရှိလာပြီး ပါကစ္စတန်နိုင်ငံ၏ ရှီယာမျိုးနွယ်စုများ အသေအပျောက် အများဆုံး နှစ်တစ်နှစ်
အဖြစ် လူ့အခွင့်အရေး စောင့်ကြည့်သူများက ဖော်ပြ ခဲ့သော ၂၀၁၂ ခုနှစ် တစ်နှစ်လုံးတွင် လူပေါင်း
၄၀၀ ကျော်သေဆုံးခဲ့သည်။

(အေအက်ဖ်ပီ)