ဂျပန် စာရေးဆရာကြီး၏ အမေ့ခံလက်ရာကို ဖော်ထုတ်

ဂျပန် စာရေးဆရာကြီး၏ အမေ့ခံလက်ရာကို ဖော်ထုတ်

တိုကျို - 'ဆီးနှင်းနိုင်ငံ' (Snow Country) ၀တ္ထုရှည်နှင့်ဆက်စပ်၍ လူသိများသော ဂျပန်နိုင်ငံ၏
ပထမဆုံး နိုဘယ်ဆုရ စာရေးဆရာ ယာဆုနရီ ကာဝါဘာတာ ၏ လူသိနည်းလှသော ၀တ္ထုတို
တစ်ပုဒ် ကို ၎င်းကွယ်လွန်ပြီးနောက် ဆယ်စု နှစ်ပေါင်း နှစ်ခေတ်ကျော် သုံးခေတ် နီးပါးကုန်လွန်ပြီး
နောက်တွင် သုတေသနပြုသူများက ပြန်လည်ဆန်းသစ် ဖော်ထုတ်ခဲ့ကြသည်။

ကာဝါဘာတာ၏ စာရေးဆရာဘဝ အစောပိုင်းက ရေးသားခဲ့သော 'အွတ်ဆု ကုရှိ' (လှရက်ပါပေ့)
ဟူသော ၀တ္ထုတိုကို ၁၉၂၃ ခုနှစ်၊ ဧပြီလနှင့် မေလများတွင် ဂျပန်ပြည်အနောက်ပိုင်း ဖူကူအိုကာ
ဒေသတွင် ထုတ်ဝေသည့် သတင်းစာ တစ်စောင်တွင် ရစ်ကျိုတက္ကသိုလ်မှ တာ့ကု မိအီရှီကာဝါနှင့်
၎င်း၏ သုတေသန ပြုဘက်တို့က တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အိရှိကဝက အေအက်ဖ်ပီအား
ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ပြောကြားခဲ့သည်။

ဖုကူအိုကာမြို့ရှိ စာပေပြတိုက်တစ်ခုတွင် ထုတ်ဝေသူနှင့် ဒါရိုက်တာများ ဖြစ်ကြသော အီရှီကာဝါနှင့်
ဟိရောရှိ ဆာကဂုချိတို့သည် အဆိုပါသတင်းစာဟောင်းများအား စုဆောင်းသိုမှီးထားသည့် စာပေ
သိုမှီးခန်းအတွင်းရှိ သတင်းစာဟောင်းများအား ပြန်လည်လေ့လာ ကြည့်ရှုစဉ် အတောအတွင်း၌
အဆိုပါ မှတ်တမ်းတင်ထားခြင်းမရှိသည့် ၀တ္ထုတို လက်ရာကို တွေ့ရှိခြင်းဖြစ်သည်။

၎င်းက ဆက်လက်၍ အဆိုပါ၀တ္ထုတိုအား ကာဝါဘာတာ ဖောင်ဒေးရှင်း က ကာဝါဘာတာ၏
လက်ရာအစစ်အမှန်ဖြစ်ကြောင်း စစ်ဆေးအတည်ပြုခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ကာဝါဘာတာ ဖောင်ဒေးရှင်းသည် ကွယ်လွန်သူ စာရေးဆရာကြီး၏ လက်ရာများကို မပျောက်
မပျက်အောင် သိုမှီးသိမ်းဆည်းသည့် လုပ်ဆောင်မှုများအား အစဉ်တစိုက်လုပ်ဆောင်ရန် ဖွဲ့စည်း
ထားသော အဖွဲ့အစည်း ဖြစ်သည့်အပြင် အဖွဲ့က ကာဝါဘာတာ ၏ အမည်ဖြင့် ချီးမြှင့်သော
စာပေဆုကိုလည်း ဆုရရှိသူများအား နှစ်စဉ် ပေးကမ်းချီးမြှင့်သည်။

'အွတ်ဆုကုရှိ'၀တ္ထုတိုသည် ၎င်း၏ မသန်စွမ်းသော သားငယ်၏ ဂူသချႋုင်း ရှိရာသို့ သွားရောက်
လည်ပတ်ရင်း မတော်တဆမှုတစ်ခုကြောင့် သေဆုံးသွားခဲ့သော မိန်းမငယ်တစ်ဦးအား ၎င်း၏ သား
၏ ဂူသချုႋင်းတွင်း၌ အတူတကွ မြှုပ်နှံထားခဲ့သော စက်မှုလုပ်ငန်းရှင် တစ်ဦး၏အကြောင်းကို ရေးဖွဲ့
ထားခြင်း ဖြစ်သည်။

၎င်းတို့အား အတူမြှုပ်နှံထားသည့် သချုႋင်းဂူ၏ စာတန်းထိုး ကျောက်ပြားထက်တွင် ဖခင်ဖြစ်သူက
ချောမော လှပတဲ့လုလင်ပျိုတစ်ဦးနဲ့ "ချောမော လှပတဲ့ မိန်းမပျိုတစ်ဦးတို့ ဤနေရာတွင် အတူ
အနားယူအိပ်စက်နေကြပါတယ်" ဟူသော ကျောက်စာဖြင့် ကမ္ပည်းထိုးထားခဲ့လေသည်။

အထီးကျန်ဘဝနှင့် အားအင်ချည့်နဲ့ သူတို့အတွက် ကိုယ်ချင်းစာတရားဖြင့် ခံစားတတ်မှုတို့သည်
အဆိုပါ၀တ္ထုတို၏ ခိုင်ခံ့သော ဇာတ်လမ်းဖွဲ့မှုတွင် ဖော်ပြထားပြီး 'အီဇူးက ကချေသည် ၀တ္ထုရှည်
ထုတ်ဝေပြီးများမကြာမီ ၎င်း အသက် ၂၇ နှစ်အရွယ်တွင် ပထမအကြိမ် ထုတ်ဝေခဲ့ခြင်းဖြစ်ကြောင်း
အီရှီကာဝါ က ပြောကြားသည်။

"အဲဒါ တိုကျိုအခြေစိုက် အဓိကရ သတင်းစာကြီးတွေ ၁၉၂၃ ခုနှစ် ကန်တို မြေငလျင်လှုပ်မှုကြီး
အတွင်းက ရစရာ မရှိအောင် ပြိုကွဲပျက်ပြုန်းသွားပြီးနောက် ထင်ရှားတဲ့ စာရေးဆရာ အများအပြား
က သူတို့ရဲ့စာပေဖန်တီးမှုတွေ ထုတ်ဝေဖို့ နယ်ဘက်မှာရှိတဲ့ ဒေသတွင်း ထုတ်ဝေ သူတွေဆီမှာ
ထွက်ပေါက်ရှာနေတဲ့ အချိန်မှာ ဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောကြားသည်။

"ဒီဝတ္ထုတိုဟာ ကာဝါဘာကာ ၁၉၅၄ ခုနှစ်မှာ ထုတ်ဝေတဲ့ 'အွတ်ဆုကုရှိ'ဟာ့ကာ့ (လှပတဲ့
သချုႋင်းဂူ) ဆိုတဲ့ ၀တ္ထုနဲ့လည်း တူညီတဲ့အချက် အများအပြားကို တွေ့ရပါတယ်"ဟုလည်း ၎င်းက
ဆက်လက်ပြောကြားသည်။

(အေအက်ဖ်ပီ)