ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စစ်ရာဇဝတ်မှုခုံရုံးသည် ယင်း၏တရားရေးနျင့် နိုင်ငံရေးစနစ်များကို ညစ်နွမ်းစေလျက်ရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စစ်ရာဇဝတ်မှုခုံရုံးသည် ယင်း၏တရားရေးနျင့် နိုင်ငံရေးစနစ်များကို ညစ်နွမ်းစေလျက်ရှိ

၁၉၆၁ ခုနှစ်တွင် အစ္စရေးသည် အဒေါ့အိုက်ခမန်းကို အာဂျင်တီးနားမှ ပြန်ပေးဆွဲကာ လွန်ခဲ့သော
နှစ် ၂၀ က ၎င်းကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများ အတွက် တရားရုံးတွင် အမှုရင်ဆိုင် စေခဲ့သည်။
အိုက်ခမန်းသည် ဒုတိယ ကမ္ဘာစစ်အတွင်း နာဇီများက ဂျူးများကို အစုလိုက်အပြံုလိုက် သတ်
ဖြတ်ခဲ့သည့် ဟိုလိုကော့စ်ဖြစ်လာစေသည့် ဗွန်ဇေး ညီလာခံကြီး၌ အတွင်းရေးမှူးဖြစ်ခဲ့သည်။

ဂျေရုဆလင်တွင် ၎င်း၏ တရား ရုံးစစ်ဆေးမှုသည် တိကျသေချာသော လုပ်ငန်းစဉ်၏ စံပြပင်ဖြစ်
သည်။ အစိုးရ ရှေ့နေသည် အစ္စရေး၏ ရှေ့နေချုပ်၊ တရားခံရှေ့နေနှင့် ထိပ်တန်းဂျာမန် ရှေ့နေဖြစ်
ကာ အစီအစဉ်ကို အသံလွှင့် ထုတ်ပေးခဲ့သည်။ ၎င်းတို့က ဒုတိယ ကမ္ဘာစစ်အတွင်း နာဇီများက
လူများကို အစုလိုက်အပြံု လိုက်သတ်ဖြတ်မှု အား သက်သေအထောက်အထား စိန်ခေါ်မှုနှင့် တ
ရားဥပဒေဆိုင်ရာတွင် ပွင့်လင်းမှုမရှိခဲ့သည်ကို တွေ့ရသည်။ ယခုမူ ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာ
တွင် နိုင်ငံတကာ စစ်ရာဇဝတ်မှုခုံရုံး တွင် စုံစမ်းစစ်ဆေးမှုများမှာ သုံးသပ်စရာ ပင်ဖြစ်သည်။

ယင်းကဲ့သို့ပင် ပါကစ္စတန် မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လွတ်မြောက် ရေးစစ်ပွဲတွင် ၁၉၇၁ ခုနှစ်က
အမှုတွင် လွန်ခဲ့သည်နှစ်များစွာက ကြောက်မက် ဖွယ် ရာဇဝတ်မှုများ ကျူးလွန်ခဲ့မှုအတွက် လူ
များစွာ စုံစမ်းစစ်ဆးခံနေရသည်။ တရားခံများသည် လူအုပ်စုတစ်ခုလုံးကို မျိုးဖြုတ်ရန် ကြိုးပမ်း
မှု၊ လူများစွာအား မုဒိမ်းကျင့်မှု၊ သတ်ဖြတ်မှုနှင့် မျိုးတုံး သတ်ဖြတ်မှုတို့ဖြင့် တရားစွဲခံရသည်။

အစိုးရသည် တရားရုံး၏ နှိုင်းနှိုင်း ချိန်ချိန် လုပ်ဆောင်မှုများကို အနှောင့် အယှက်ပေးခဲ့သည်။ တ
ရားစွဲဆိုမှုများ နှင့် ပြည်သူ့ဆွေးနွေးမှုကို ကန့်သတ် ချုပ်ချယ်ခဲ့သည်။ တရားခံသက်သေ အရေအ
တွက်ကို လျော့ကျစေခဲ့သည်။ တစ်ဦးသည် တရားရုံးလှေကားတွင် ပြန်ပေးဆွဲခံရသည်။ အမှုတစ်
ခုတွင် သဘာပတိတရားသူကြီး နုတ်ထွက်သွား ခဲ့သည်။ သက်သေအားလုံးကိုပင် မကြားဖူးသည့်
လူသုံးဦးက သေဒဏ်ထုတ်ပြန် ခဲ့သည်။ တခြားအမှုတွင် တရားခံသည် အမှုနှင့် ပတ်သက်၍ ပြင်
ဆင်ချိန် အလုံ အလောက်မရှိသော ရှေ့နေတစ်ဦး၏ ကိုယ်စားပြုခြင်းကို ခံရသည်။

ယင်းသည် လည်း သေဒဏ်တစ်ခုတွင် နိဂုံးချုပ်ခဲ့ သည်။ ယင်းတို့သည်ထူးခြားသည့် တရားရေးရာ
ဆုံးရှုံးမှုများပင်ဖြစ်သည်။ အိုက်ခမန်းစုံစမ်းစစ်ဆေးမှု စံချိန်စံညွှန်း ကဲ့သို့ မရှိခဲ့ရုံမျှသာမက ဘင်္ဂလား
ဒေ့ရှ် ဥပဒေလိုအပ်ချက်များကြောင့်လည်း ဖြစ်သည်။ ၎င်းတို့က စုံစမ်းစစ်ဆေးမှုများ သည် တရား
ရေးလုပ်ငန်းစဉ်၏ စံပြများ ဖြစ်မည်ဟု အစိုးရအာမခံချက်များကို ထပ်တလဲလဲ ဆန့်ကျင်ပြောဆို
သည်။ အမှန်အားဖြင့် စုံစမ်းစစ်ဆေးမှုများသည် လုံးဝအောင်မြင်ခြင်းမရှိသည်ကို တွေ့ရ သည်။

တရားခံအများစုသည် ဂျာမက် အီး အစ္စလမ္မစ်နှင့် ဆက်သွယ်နေကြ သဖြင့် တရားရုံးလုပ်ငန်းစဉ်
သည် နိုင်ငံ၏ နှစ်ဖက်စလုံးကို ပျက်စီးစေသော နိုင်ငံရေးအတွက် ရုန်းမထွက်နိုင်အောင် ပိတ်မိနေ
သည်။ ဂျာမက်အီးအစ္စလမ္မစ် သည်အဓိက အတိုက်အခံပါတီနှင့် မဟာ မိတ်ပြုလုပ်ထားသည့် အ
စ္စလမ္မစ်အုပ်စု တစ်ခုပင်ဖြစ်သည်။ ပြည်တွင်းလုပ် ဗုံးများဖြင့် ဂျာမက်လူရမ်းကားများ သည် ဆူပူ
ရမ်းကားနေကြသည်။ ရဲတပ် ဖွဲ့သည် လူအုပ်စုများကို ပြေးလွှားတိုက် ခိုက်ခဲ့ကြသည်။လူဒါဇင်များ
စွာ သေဆုံး ခဲ့ကြသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကန့်သတ် ချုပ်ချယ်မှုအဆင့်ကို ရောက်သွား
သည်။

အစိုးရသည် ဂျာမက်ကို ပိတ်ပင်ရန် ပြောဆိုလာသည်။ အတိုက် အခံသည် ပို၍တက်ကြွသော
အစ္စလာမ် များဖြစ်လာကြသည်။ ဤနှစ်ကျင်းပမည့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းမည်ဟူသော ကော
လာဟလများ တောမီးပမာ ပျံ့နှံ့သွားခဲ့သည်။ အဆိပ်ခတ်ခံရသည့် ရေတွင်းပမာ ဘင်္ဂလားဒေ့ရှ်
လူမျိုးများစွာသည် ခုံရုံး၏ ချို့ယွင်းချက်ရှိသော အစီရင်ခံစာကို ချီးကျူးကြသည်မှာ ၀မ်းနည်းဖွယ်
ရာပင် ဖြစ်သည်။

တရားရုံးက သေဒဏ်ချမှတ် လိုက်သည့်အခါ ယင်းသက်ညှာမှုကို ကန့်ကွက်ရာတွင် စုရုံးခဲ့သည့်
လူထု ကြီးသည် အနှစ် ၂၀ တွင် ဒါကာ၌ အကြီး ကျယ်ဆုံးဖြစ်သည်။ ယခုအခါ အစိုးရက နောက်
ကြောင်းပြန်အသုံးချခြင်းခံရမည့် သေဒဏ်များကို ခွင့်ပြုရန် ဥပဒေကို ပြန်ပြင်ရန် လိုလားနေသည်။
တရားမျှတမှုသည် တိကျသေချာ သော လက်ခံနိုင်သည့် အမြင်ရှိသူများအတွက် သီးသန့်ရပ်တည်
ခြင်းမရှိသည် ကို တွေ့ရသည်။ အိုက်ခမန်း စုံစမ်း စစ်ဆေးမှုက ပြသပြီးသကဲ့သို့ လျော်ကန် သည့်
လုပ်ငန်းစဉ်သည် မျိုးတုံးသတ်ဖြတ် ခံရသည့် ဓားစာခံများကို မှန်မှန်ကန်ကန် ပေးဆပ်ရန် မဖြစ်မ
နေလိုအပ်သည်။

နောက်ဆုံး ဘင်္ဂလားဒေ့ရှ်လူမျိုးများက ယင်းကို သဘောပေါက် နားလည် လာကာ မှန်ကန်သည့်
မူဝါဒကို တောင်း ဆိုခဲ့သည်။ သို့သော် ယင်းသည် အလွန်ပင် နောက်ကျသွားပြီဖြစ်သည်။ စစ်ရာဇ
၀တ်မှုခုံရုံးသည် တစ်နေ့သော အခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သောက်သုံး မည့်ရေတွင်းကို အဆိပ်ခတ်
နေသည်။

(The Economics)