ဆိုးလ် - မြောက်ကိုရီးယားနိုင်ငံ၏ ဖြစ်တန်ရာ ဒုံးကျည်တိုက်ခိုက်မှုကို ကာကွယ်သွားရန်အတွက်
အမေရိကန် ပြည်ထောင်စုသည် ယင်း၏ ဖျက် သင်္ဘော တစ်စင်းကို တောင်ကိုရီးယား ကမ်းလွန်
ပင်လယ်ပြင်၌ စေလွှတ်နေရာ ချထားခဲ့ပြီဖြစ်သည်။ ယင်းသည် မြောက်ကိုရီးယား၏ ခြိမ်းခြောက်
မှုများ ကို တုံ့ပြန်ရင်ဆိုင်ရန် အမေရိကန်၏ လူသိရှင်ကြား တပ်ဖြန့်ချထားမှုများ အနက်နာက်ဆုံး
တစ်ခုပင်ဖြစ်သည်။
နှစ်စဉ်စစ်ရေးလေ့ကျင့်မှုတွင် ပါ၀င်ခဲ့ ပြီးနောက် USS Fitzgerald အမည်ရှိ ဖျက်င်္ဘောတစ်စင်းကို ဂျပန်
နိုင်ငံရှိ အဆိုပါ သင်္ဘောဆိုက်ကပ်ရာ ဆိပ်ကမ်းသို့ ပြန်လွှတ်ရမည့်အစား တောင်ကိုရီးယားနိုင်ငံ
အနောက် တောင်ပိုင်းကမ်းလွန်တွင် ထားရှိထား ကြောင်း အမည်မဖော်လိုသူ အမေရိကန် ကာ
ကွယ်ရေးအရာရှိတစ်ဦးက ဧပြီလ ၁ ရက်နေ့တွင် အေအက်ဖ်ပီကို ပြောကြားခဲ့သည်။
မြောက်ကိုရီးယားပါလီမန်က နျူက လီးယားလက်နက်ပိုင်ဆိုင်မှုကို ဥပဒေ ကြောင်းအရ တညီ
တညွတ်တည်း အတည်ပြုခဲ့ပြီးမကြာမီ အမေရိကန် နိုင်ငံက ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံက ဒီဇင်ဘာ လက တာဝေးပစ်ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်ခတ်ခဲ့ပြီးနောက်
ဖေဖော်ဝါရီ လတွင် နျူကလီးယားစမ်းသပ်မှုတစ်ခု ပြုလုပ်ပြန်ရာ ကိုရီးယားကျွန်းဆွယ် တွင် တင်း
မာမှုများ အရှိန်မြင့်တက် လျက်ရှိသည်။
ကုလသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုများ နှင့် တောင်ကိုရီးယားနှင့် အမေရိကန်တို့ ၏ နှစ်စဉ်စစ်ရေး
လေ့ကျင့်မှုများကို ဆန့်ကျင်သည့်အနေဖြင့် တောင်ကိုရီး ယားနှင့် အမေရိကန်တို့ကိုတိုက်ခိုက်မည်
ဟု ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း မြောက် ကိုရီးယားက ပြောဆိုထားသည်။
ထိုသို့ခြိမ်းခြောက်မှုများတွင် USS Fitzgerald သင်္ဘောကို တောင်ကိုရီး ယားကမ်းလွန်၌ ထားရှိထား
ခြင်းမှာ အမြော်အမြင်ရှိသော လုပ်ရပ်တစ်ခု ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေး အရာရှိကပြော
ကြားခဲ့သည်။ နောက်ထပ် လည်း ပိုမိုကောင်းမွန်သည့် ဒုံးကျည် ကာကွယ်ရေးနည်းလမ်းများကို
လိုအပ် လာလျှင် ထားရှိသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လက်ရှိဆောင်ရွက်နေသည့် နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှု၏ တစ်စိတ်တစ် ဒေသအနေဖြင့် အ
မေရိကန်စစ်တပ်က တောင်ကိုရီးယားနိုင်ငံ၌ F-22 Raptor ဗုံးကြဲလေယာဉ်များ စေလွှတ်ထား
ကြောင်း ဧပြီလ ၁ ရက်နေ့အစောပိုင်းက ကြေညာခဲ့သည်။
F-22 ဗုံးကြဲလေယာဉ်များ စေလွှတ် ခြင်းမှာ အမေရိကန်နိုင်ငံ၏ စစ်ဘက် မဟာမိတ်ဖြစ်သော
ကိုရီးယားနိုင်ငံ အပေါ် ထားရှိသည့် အမေရိကန်နိုင်ငံ၏ ကတိကဝတ်ကို ပြသမှုတစ်ရပ်ပင် ဖြစ်
ကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဂျော့ချ်လစ်တဲလ်က ပြောကြားခဲ့သည်။
"မြောက်ကိုရီးယားတွေအတွက် ရွေးချယ်စရာတစ်ခုရှိပါတယ်။ ရန်လိုတဲ့ ခြိမ်းခြောက်မှုတွေ၊ ရန်စ
မှုတွေ ဆက်ပြီး လုပ်သွားမလား၊ ဒါမှမဟုတ် ငြိမ်းချမ်း ရေးလမ်းကိုပဲ ရွေးမလားဆိုတာပဲဖြစ်ပါတယ်"
ဟု လစ်တဲလ်က သတင်းထောက် များကို ပြောကြားခဲ့သည်။
တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုတွင် အမေရိကန်နိုင်ငံက B-52 ဗုံးကြဲလေယာဉ်များနှင့်
ရေဒါ ရှောင် B-2 ဗုံးကြဲလေယာဉ်များကို တောင်ကိုရီးယားသို့ စေလွှတ်ခဲ့ခြင်းကို တုံ့ပြန်သည့်အနေ
ဖြင့် ပစိဖိတ်ဒေသရှိ အမေရိကန် စစ်အခြေစိုက်စခန်းများနှင့် အမေရိကန် ပြည်မကြီးကို တိုက်ခိုက်
မည်ဟု မြောက်ကိုရီးယားက ခြိမ်းခြောက် ထားသည်။
တောင်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီး ယွန်ဗြွန်ဆေက အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး ဂျွန်ကယ်
ရီနှင့် ဧပြီလ ၂ ရက်နေ့တွင်တွေ့ဆုံဆွေးနွေးရန် အတွက် အမေရိကန်နိုင်ငံသို့သွား ရောက်ခဲ့သည်။
ယင်းတွေ့ဆုံဆွေးနွေးမှု တွင် မြောက်ကိုရီးယားနိုင်ငံ၏ စစ်ရေး အရ ခြိမ်းခြောက်မှုများကို အဓိက
ထား ဆွေးနွေးမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ၀န် ကြီးဌာန၏ ကြေညာချက်တစ်စောင် တွင်ဖော်
ပြခဲ့သည်။
(အေအက်ဖ်ပီ)

















