ပေကျင်း - ယခင်က လူသားများကို ကူးစက်ခြင်းမရှိခဲ့ဖူးသည့် ံရြ၉ ဟု ခေါ်သော ငှက်တုပ်ကွေး
ရောဂါသစ် တစ်မျိုးကူးစက်ခြင်းခံခဲ့ရအပြီး တရုတ် နိုင်ငံရှိ လူနှစ်ဦးသေဆုံးသွားခဲ့ရကြောင်း အစိုး
ရက မတ်လ ၃၁ ရက်နေ့တွင် ပြောသည်။
ရှန်ဟိုင်းမှ အသက် ၈၇ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် နေမ
ကောင်းဖြစ်ခဲ့ရာ မတ်လ ၄ ရက်နေ့တွင် သေဆုံးခဲ့ပြီး ယင်းမြို့မှပင် အသက် ၂၇ နှစ်အရွယ်ရှိ
အမျိုးသားတစ်ဦးသည် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင်ဖျားနာ၍ မတ်လ ၁၀ ရက်နေ့တွင် သေ
ဆုံးခဲ့သည်ဟု အမျိုးသားကျန်းမာရေးနှင့် မိသားစု ကျန်းမာရေး စီမံကိန်းကော်မရှင်၏ ၀က်ဘ်
ဆိုက်တွင် ဖော်ပြထားသည်။
အရှေ့ပိုင်း အန်ဟွေပြည်နယ်တွင် လည်း အသက် ၃၅ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် မတ်
လ ၉ ရက်နေ့ တွင် နေမကောင်းဖြစ်ခဲ့ပြီး ၎င်းအခြေ အနေမှာ စိုးရိမ်ရကြောင်း သိရသည်။
လူနာသုံးဦးစလုံးသည် အစောပိုင်း တွင်ဖျားနာ၍ ချောင်းဆိုးခဲ့ကြောင်း နောက်ပိုင်းတွင် အဆုတ်
ရောင်ရောဂါ ဖြစ်လာပြီး အသက်ရှူကျပ်ခြင်းများခံစား ရကြောင်း ကြေညာချက်၌ဆိုသည်။
တရုတ်နိုင်ငံ၊ ရောဂါထိန်းချုပ်ရေးနှင့် ထိန်းသိမ်းရေးဗဟိုဌာနမှ အလောင်း နမူနာများကို ခွဲခြား
ထုတ်ယူခဲ့ပြီးနောက် အဆိုပါသေဆုံးမှုသုံးခုကို H7N9 ဗိုင်းရပ်စ် ကူးစက်ခံရခြင်းဖြစ်ကြောင်း
မတ်လ ၃၁ ရက်နေ့တွင် အတည်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။
သေဆုံးသူများနှင့် အနီးကပ်နေရသူ ၈၈ ဦးတွင် ထူးထူးခြားခြား ကာကွယ်ခဲ့ ခြင်းများမရှိခဲ့သော်
လည်း ရောဂါကူးစက် ခြင်းမရှိခဲ့ဟုလည်း ဆိုထားသည်။
H7N9 ရောဂါပိုးသည် ယခင်က လူများကို ကူးစက်ခြင်းမရှိခဲ့ကြောင်း ကိုလည်း ကော်မရှင်
ပြောကြားခဲ့သည်။
ကော်မရှင်မှ သီးခြားထုတ်ပြန်သည့် ကြေညာချက်တွင် H7N9 ရောဂါကို ကုသနိုင်သည့်ကာ
ကွယ်ဆေးမှာ ယခု လောလောဆယ်တွင် မရှိသေးကြောင်း သိရသည်။
(အေအက်ဖ်ပီ)
















