ဆိုးလ် - စစ်ဖြစ်မည့်အခြေအနေသို့ တရားဝင် ရောက်ရှိနေပြီဖြစ်ကြောင်း မြောက်ကိုရီးယား
နိုင်ငံက မတ်လ ၃၀ ရက်နေ့၌ ကြေညာပြီးနောက် မြောက် ကိုရီးယားနိုင်ငံ၏ မည်သည့်ရန်စ
မှုမျိုး ကိုမဆို ပြင်းပြင်းထန်ထန် လက်တုံ့ပြန် သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား သမ္မတ
ပတ်ဂျွန်ဟေးက ဧပြီလ ၁ ရက် နေ့ကပြောကြားခဲ့သည်။
မြောက်ကိုရီးယားဘက်မှ ရန်လိုသည့် ခြိမ်းခြောက်မှုများ နေ့စဉ်လိုလိုပြုလုပ်နေ ခြင်းအား ပြင်း
ပြင်းထန်ထန် တုံ့ပြန်သွား မည်ဖြစ်ကြောင်း ထိပ်တန်းစစ်တပ် အကြီးအကဲများနှင့် ကာကွယ်ရေး
၀န်ကြီး ကင်ကွမ်ဂျင်တို့နှင့်ပြုလုပ်သော အစည်းအဝေးတစ်ခုတွင် ပတ်က ပြောကြားခဲ့သည်။
"တကယ်လို့ မြောက်ကိုရီးယား နိုင်ငံက ကျွန်မတို့ပြည်သူတွေကို ဘယ်လို နည်းနဲ့ဖြစ်ဖြစ် ရန်စ
လာခဲ့မယ်ဆိုရင် ကျွန်မတို့ဘက်ကနေ နိုင်ငံရေးအရ ထည့်တွက် စဉ်းစားမနေတော့ဘဲ ပြတ်ပြတ်
သားသားနဲ့ မဆိုင်းမတွ လက်တုံ့ပြန်သွားမယ်လို့ ယုံကြည် ပါတယ်" ဟု ၎င်းကပြောသည်။
ရွေးကောက်ပွဲ မဲဆွယ်စဉ်အခါက မြောက်ကိုရီးယားနိုင်ငံကို သတိကြီးကြီး နှင့်ဆက်ဆံရန် ပြော
ခဲ့သော ကွန်ဆာ ဗေးတစ်ပါတီဝင် တစ်ဦးဖြစ်သူ ပတ်က မြောက်ကိုရီးယားနိုင်ငံ၏ ဖေဖော်ဝါရီ
လကပြုလုပ်ခဲ့သော တတိယအကြိမ် နျူ ကလီးယားစမ်းသပ်မှုအပြီး မကြာမီအချိန် အတွင်းအာ
ဏာရလာခဲ့ပြီးကတည်းက မြောက်ကိုရီးယားနိုင်ငံအပေါ် ပို၍ ပြတ်သားသည့် သဘောထားရှိခဲ့သည်။
ရက်သတ္တပတ်များကြာအောင် နှစ် နိုင်ငံအကြား စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်နေပြီး တောင်ကိုရီး
ယားနှင့် အမေရိကန် နိုင်ငံတို့အပေါ် မြောက်ကိုရီး ယား၏ ရန်လိုသည့်ခြိမ်းခြောက်မှုများ မှာလည်း
အရှိန်မြင့်တက်လာနေသည်။
တောင်ကိုရီးယားနှင့် အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဆန့်ကျင် သည့်အနေဖြင့် '၁၉၅၀-၅၃
ကိုရီးယား စစ်ပွဲစစ်ပြေငြိမ်းရေး သဘောတူညီ ချက်မှာ ပျက်ပျယ်သွားပြီဖြစ်ကြောင်း' မြောက်ကိုရီး
ယားနိုင်ငံက ပြီးခဲ့သည့် လ၌ ကြေညာခဲ့ပြီး တောင်ကိုရီးယားနှင့် အမေရိကန် နိုင်ငံတို့ကို နျူကလီး
ယား ဖြင့် လက်ဦးမှုရယူကာ တိုက်ခိုက်မည် ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သည်။
အမေရိကန်နိုင်ငံက F-22 ဗုံးကြဲ လေယာဉ်များအပါအဝင်B-52 နှင့် B-2 ဗုံးကြဲလေယာဉ်များကို
တောင်ကိုရီး ယားနိုင်ငံ၌ ဖြန့်ကျက်ထားပြီး တောင် ကိုရီးယားနှင့် အမေရိကန်တို့က မြောက် ကို
ရီးယား၏ မည်သည့်ရန်စမှုမျိုးကို မဆို တုံ့ပြန်သွားမည်ဖြစ်ကြောင်း သတိ ပေးထားသည်။
(အေအက်ဖ်ပီ)

















