ပေကျင်း - အမေရိကန်နှင့် တောင်ကို ရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်ရာသို့ အမေရိကန်
၏ ရဒါရှောင် ဗုံးကြဲ လေယာဉ်များ ရောက်ရှိလာကာ၊ မြောက်ကိုရီးယားနိုင်ငံကလည်း အ
မေရိ ကန်ပြည်ထောင်စုကို တိုက်ခိုက်ရန် ဒုံးကျည်တပ်ဖွဲ့များကို အသင့်ပြင်ထားရးအတွက်
အမိန့်ထုတ်ခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်၌ ဖြစ်ပွားနေ သော တင်းမာမှုများကို လျှော့
ချသွားရန် ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံက မတ်လ ၂၉ ရက်နေ့၌
တိုက်တွန်းလိုက်သည်။
"တင်းမာမှုတွေ လျော့ကျသွားအောင် ပါ၀င်ပတ်သက်တဲ့ နိုင်ငံအားလုံးက ကြိုးစားပြီး ပူးပေါင်း
ဆာင်ရွက်ကြဖို့ ကျွန်တော်တို့ မေတ္တာရပ်ခံပါတယ်" ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြော
ရေးဆိုခွင့်ရှိသူ ဟုန်းလေက ပေကျင်းတွင်ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ ပြောကြား
ခဲ့သည်။
တရုတ်နိုင်ငံမှာ မြောက်ကိုရီးယား နိုင်ငံ၏ တစ်ခုတည်းသော အဓိက မဟာမိတ်နိုင်ငံ တစ်နိုင်ငံ
ဖြစ်ပြီး အရေးအပါဆုံး ကုန်သွယ်ဘက်နိုင်ငံ တစ်နိုင်ငံလည်းဖြစ်သည်။ တရုတ်နိုင်ငံ က မြောက်
ကိုရီးယားနိုင်ငံအတွက် လိုအပ်နေသော အဓိက စွမ်းအင်ကို လည်း ပံ့ပိုးပေးလျက်ရှိသည်။
ကုလသမဂ္ဂ လုံခြံုရေးကောင်စီက မြောက်ကိုရီးယားနိုင်ငံအပေါ် ပိုမို ပြင်းထန်သည့် ဒဏ်ခတ်ပိတ်
ဆို့မှုများ တိုးမြှင့်လိုက်စေသော နျူကလီးယား စမ်းသပ်ပစ်ခတ်မှုကို မြောက်ကိုရီးယား နိုင်ငံက ဖေ
ဖော်ဝါရီလ၌ ပြုလုပ်ခဲ့သည့် အချိန်မှစပြီး တရုတ်နိုင်ငံဘက်က အလားတူ မေတ္တာရပ်ခံမှုများရှိခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံ၏ ရန်လိုသော ခြိမ်းခြောက်မှုများကို နောက်ဆုံး ဖြစ်လာနိုင်ဖွယ်ရှိသည့်
မည်သည့်အခြေ အနေ၌မဆို တုံ့ပြန်သွားရန် အဆင်သင့် ပြင်ထားကြောင်း အမေရိကန်ကာကွယ်
ရေးဝန်ကြီး ချပ်ဟေဂယ်လ်ကပြော သည်။
(အေအက်ဖ်ပီ)
















