ခမာနီခေါင်းဆောင်ဟောင်းတစ်ဦးကို တရားရင်ဆိုင်ရမည်ဟု တရားရုံးဆုံးဖြတ်

ခမာနီခေါင်းဆောင်ဟောင်းတစ်ဦးကို တရားရင်ဆိုင်ရမည်ဟု တရားရုံးဆုံးဖြတ်

ဖနွမ်းပင် - ကမ္ဘောဒီးယားခမာနီ ကွန်မြူနစ်ခေါင်းဆောင် ပိုလ်ပေါ့၏ လက်ရုံးဖြစ်သူ
နူအွန်ချီယာသည် တရားရုံးသို့ လာရောက်၍ တရား ဆက်လက်ရင်ဆိုင်ရန်အတွက် ကျန်းမာ
နေသေးသည်ဟု ကမ္ဘောဒီးယား စစ်ရာဇဝတ်ခုံရုံးက မတ်လ ၂၉ ရက် နေ့က ချမှတ်ခဲ့သည်။
ယင်းဖြစ်စဉ်သည် ခမာနီအဖွဲ့ကို ပူးပေါင်းတည်ထောင်ခဲ့သူ လန်းဆာရီသည် ပြစ်ဒဏ်ချမှတ်
ခြင်း မခံရမီ အသက် ၈၇ နှစ်အရွယ်၌ တရားစီရင်နေဆဲမှာပင် မတ်လ ၁၄ ရက် နေ့က ကွယ်
လွန်သွားခဲ့ရပြီးသည့်နောက် တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

"တရားခံ နူအွန်ချီယာဟာ တရား ရင်ဆိုင်ဖို့ ကျန်းမာသန်စွမ်းပါတယ်" ဟု ကျန်းမာရေးပညာရှင်
များနှင့် တိုင်ပင် အပြီးမှာပင် တရားသူကြီးနီလ်နွန်းက ကုလသမဂ္ဂက ကမကထပြုသည့် ခမာနီ
စစ်ရာဇဝတ်ခုံရုံး၌ ပြောကြားခဲ့သည်။

တရားခံသည် အသက်အရွယ်ကြီး ရင့်ကာ အားအင်ချည့်နဲ့နေပြီဖြစ်သော် လည်း တရားရင်ဆိုင်
ရေးအတွက် စွမ်းဆောင်နိုင်သေးကြောင်း ၎င်း တရားသူကြီးက ပြောသည်။

အသက် ၈၆ နှစ်ရှိနူအွန်ချီယာသည် ၁၉၇၀ ခုနှစ်နှောင်းပိုင်း လူသတ်ကွင်း များကို ကြီးကြပ်သည့်
လူမျိုးတုံး သတ်ဖြတ်သည့် ကွန်မြူနစ်အစိုးရ ခေါင်းဆောင်ပိုင်းမှ ကျန်ရှိနေသော ၀ါအရင့်ဆုံး ပုဂ္ဂိုလ်
တစ်ဦးဖြစ်ပြီး ကျန်းမာ ရေးမကောင်းသည့်အတွက် တရားရုံးသို့ မတက်ရောက်နိုင်ကြောင်း တရားရုံး
မှ စာရေးတစ်ဦးကပြောသည်။

နူအွန်ချီယာသည် ခမာနီခေါင်းဆောင် ဟောင်း အသက် ၈၁ နှစ်အရွယ်ရှိ ခီယူဆန်ဖန်နှင့်အတူ
စစ်ရာဇဝတ်မှုများ နှင့် အစုလိုက်အပြံုလိုက် သတ်ဖြတ်မှု များနှင့်စပ်လျဉ်း၍ တရားခွင်တွင် စစ်
ဆေးခံရမည်ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် လူမဆန်သော အစိုးရမူဝါဒများနှင့် အနှစ်သာရမဲ့နေ သော ကမ္ဘောဒီးယားရှိ
မြို့များမှ ပြည်သူ တို့အား အင်အားသုံး အကြမ်းဖက်မှုတွင် ပါ၀င်ပြီး စစ်ဘက်အရာရှိဟောင်း
၃၀,၀၀၀ နီးပါး ကွပ်မျက်ခံရသည့် ကမ္ဘော ဒီယား အနောက်ပိုင်းမှ အစုလိုက် အပြံုလိုက် သေ
ဆုံးမှုတွင်လည်းပါ၀င် သည်။ နှစ်ဦးစလုံးကမူ စွပ်စွဲချက်များကို ငြင်းဆန်ထားသည်။

နူအွန်ချီယာသည် သွေးတိုးရောဂါ အပါအဝင် နှလုံးရောဂါနှင့် ချောင်းဆိုး ရင်ကြပ်ရောဂါ အသည်း
အသန်ဖြစ်ခြင်း စသည့် ကျန်းမာရေးချို့တဲ့မှုကြောင့် တရားရုံးသို့ လာရောက်နိုင်ခြင်းမရှိ ကြောင်း
၎င်း၏ရှေ့နေက ပြောသည်။

၁၉၉၈ ခုနှစ်က ကွယ်လွန်ခဲ့သည့် ပိုလ်ပေါ့ဦးဆောင်သည့် ခမာနီအုပ်ချုပ် ရေးကာလ ၁၉၇၅-၁၉၇၉
ခုနှစ်အတွင်း ကမ္ဘောဒီးယားလူမျိုး သုံးပုံတစ်ပုံနီးပါး သည် စိတ်ကူးယဉ် လယ်ယာမြေ တိုးတက်ရေး
စီမံကိန်းအတွက် အစာရေ စာငတ်မွတ်ခြင်း၊ အလုပ်ပင်ပမ်းခြင်းနှင့် ကွက်မျက်ခံခဲ့ရခြင်းများကြောင့်
ရှင်းလင်းသုတ်သင်ခံခဲ့ရသည်။

(အေအက်ဖ်ပီ)