ထိုင်းနိုင်ငံတောင်ပိုင်း လမ်းဘေးဗုံးပေါက်ကွဲမှုတွင် ထိုင်းစစ်တပ်မှ ကွန်မန်ဒိုတပ်သားနှစ်ဦး သေဆုံး

ထိုင်းနိုင်ငံတောင်ပိုင်း လမ်းဘေးဗုံးပေါက်ကွဲမှုတွင် ထိုင်းစစ်တပ်မှ ကွန်မန်ဒိုတပ်သားနှစ်ဦး သေဆုံး

ဘန်ကောက် - ထိုင်းနိုင်ငံတွင် လမ်းဘေး ဗုံးတစ်လုံးပေါက်ကွဲကာ သေနတ်ဖြင့် ပတ်ခတ်မှု
ဖြစ်ပွား၍ လေးဦးဒဏ်ရာရရှိ ပြီး ထိုင်းစစ်တပ်မှ ကွန်မန်ဒိုတပ်သား နှစ်ဦးသေဆုံးခဲ့ကြောင်း မတ်လ
၃၀ ရက် နေ့တွင် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ယင်းဖြစ်ပွားမှုသည် နိုင်ငံတွင်း၌ မွတ်စလင်သူပုန်
များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပထမဆုံးအကြိမ် တရားဝင်ကျင်းပခဲ့ပြီး နှစ်ရက်အကြာ၌ ဖြစ်
ပွားခဲ့ခြင်းဖြစ်သည်။

စစ်တပ်တပ်ဖွဲ့ဝင်များသည် ပက်တနီ ပြည်နယ်တွင် လုပ်ဖော်ကိုင်ဖက်တစ်ဦး ၏ အသုဘသို့သွား
သည့် လမ်းပေါ်တွင် စစ်သွေးကြွဟု ယူဆရသူများက ဗုံး ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး မော်တော်ဆိုင်ကယ်
ဖြင့် အကာအကွယ်ယူ၍ သေနတ် ဖြင့် ပစ်ခတ်မှုများကိုလည်း ပြုလုပ်ခဲ့ ကြောင်း ရဲတပ်ဖွဲ့ကပြော
ကြားခဲ့သည်။

မလေးရှားနိုင်ငံနှင့် ထိစပ်နေသော ထိုင်းနိုင်ငံတောင်ဘက်စွန်းရှိ မွတ်စလင် အများစုနေထိုင်ရာ ပြည်
နယ်တွင် လျှို့ဝှက်လှုပ်ရှားသည့် သူပုန်အုပ်စု များက လှုပ်ရှားနေကြခြင်းဖြစ်သည်။ ယင်းဒေသတွင်
လွန်ခဲ့သည့် ကိုးနှစ်ကျော် အတွင်း လူပေါင်း ၅,၅၀၀ ကျော်သေဆုံး ခဲ့ရပြီးဖြစ်သည်။

ထိုင်းအစိုးရက ြမေငျညေ ျွနလသူကျင ြေျငသညေူ သောင်းကျန်းသူ အုပ်စု၏ကိုယ်စားလှယ်နှင့်
တစ်ရက်တာ တွေ့ဆုံ ဆွေးနွေးမှုကို မတ်လ၂၈ ရက်နေ့တွင် မလေးရှားမြို့တော်၌ ပြုလုပ်ခဲ့သည်။

ထိုင်းကိုယ်စားလှယ်အဖွဲ့၏ အဆိုအရ နှစ်ဦးနှစ်ဖက် ယုံကြည်မှုတည်ဆောက် ခဲ့ရုံမှအပ အရေးပါ
သည့် အောင်မြင်မှု တစ်စုံတစ်ခုမျှ ရရှိခဲ့ခြင်းမရှိသေးဘဲ ဧပြီလ ၂၉ ရက်နေ့တွင် ထပ်မံတွေ့ဆုံ ဆွေး
နွေးသွားရန်သာ နှစ်ဖက်သဘော တူညီမှုရရှိခဲ့သည်။

ငြိမ်းချမ်းရေး အပြန်အလှန်ဆွေးနွေးမှု ကို ဆန့်ကျင်သည့် စစ်သွေးကြွ ၂၀ ရာခိုင်နှုန်းခန့်ရှိသည်ဟု
ယူဆရကြောင်း ထိုင်းအမျိုးသား လုံခြံုရေးကောင်စီ၏ အကြီးအကဲ ပါရာဒွန်ပက်တာနက်တာဘတ်
က မတ်လ ၂၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဗုံးပေါက် ကွဲမှုများအပါအဝင် ချုံခိုတိုက်ခိုက်မှုများ နှင့် ခေါင်းဖြတ်တိုက်
ခိုက်မှုများအထိ နေ့တိုင်းနီးပါး အကြမ်းဖက်မှုများ ဖြစ်ပွား နေသော်လည်း ရည်ရွယ်ချက်အမျိုးမျိုး၊
ဖွဲ့စည်းပုံအမျိုးမျိုးနှင့် အဖွဲ့ဝင်အမျိုးမျိုး ဖြစ်နေသော စစ်သွေးကြွအုပ်စုများ အကြောင်းနှင့်စပ်လျဉ်း၍
လူသိနည်းပါး နေဆဲဖြစ်သည်။

(အေအက်ဖ်ပီ)