မြောက်ကိုရီးယား နျူအစီအစဉ်တရုတ် စိတ်မကောင်းဖြစ်

မြောက်ကိုရီးယား နျူအစီအစဉ်တရုတ် စိတ်မကောင်းဖြစ်

ပေကျင်း - အဏုမြူလက်နက်အစီ အစဉ်ကို ဖြည့်ဆည်းရန် နျူကလီးယား ဓာတ်ပေါင်းဖို
တစ်ခုကို ပြန်လည်စတင် မည်ဟုဆိုသော မြောက်ကိုရီးယားနိုင်ငံ ၏ ကြေညာချက်ကို စိတ်ထိ
ခိုက် ၀မ်းနည်းရကြောင်း ပြောဆိုလိုက်ကာ ကိုရီးယားကျွန်းဆွယ်ပေါ်ရှိ တင်းမာမှု များမြင့်တက်
နေစဉ် တည်ငြိမ်အေးချမ်း စွာပြုမူဖြေရှင်းရန် တရုတ်နိုင်ငံက ဧပြီလ ၂ ရက်နေ့တွင် မေတ္တာရပ်ခံ
လိုက်သည်။

"မြောက်ကိုရီးယားရဲ့ ထုတ်ပြန် ကြေညာချက်တွေကို သတိပြုခဲ့ရပြီး စိတ်မကောင်းဖြစ်ရပါတယ်"
ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဟုန့်လီက ပြောသည်။ "သက်ဆိုင်ရာ
နိုင်ငံတွေကို တည်ငြိမ် အေးချမ်းစွာ ပြုမူဖို့နဲ့ ထိန်းထိန်းသိမ်း သိမ်းဆောင်ရွက်ဖို့ ကျွန်တော်တို့
တိုက် တွန်းပန်ကြားပါတယ်။ ကိုရီးယား ကျွန်းဆွယ်မှာရှိတဲ့ အခြေအနေဟာ အရမ်းရှုပ်ထွေးပြီး
အစွန်းအထင်း မခံတဲ့ အနေအထားပါ။

"တရုတ်နိုင်ငံရဲ့ မပြောင်းလဲတဲ့ ရပ်တည်ချက်ကတော့ ဒီကျွန်းဆွယ် ကြီးရဲ့ နျူကလီးယား ကင်းစင်
ရေး ဖြစ်ပေါ်လာဖို့နဲ့ ကိုရီးယားကျွန်းဆွယ်နဲ့ အာရှအရှေ့မြောက်ပိုင်း ဒေသကြီးရဲ့ ငြိမ်းချမ်းရေးနဲ့
တည်ငြိမ်ရေးပါပဲ" ဟု ၎င်းကပြောသည်။ တရုတ်နိုင်ငံသည် မြောက်ကိုရီးယား ၏ တတိယအ
ကြိမ်မြောက် နျူစမ်းသပ် မှုပြုလုပ်ခဲ့သည်မှစ၍ အလားတူ မေတ္တာ ရပ်ခံမှုများကိုပြုခဲ့သည်။

(အေအက်ဖ်ပီ)