ဒိုဟာ - အာဖဂန်နစ္စတန်သမ္မတ ဟာမစ် ကာဇိုင်းက စစ်သွေးကြွများနှင့် ငြိမ်းချမ်းရေးသဘော
တူညီချက်တစ်ခု ရရှိနိုင်ရေး အတွက် ပြင်ဆင်မှုအနေဖြင့် ပင်လယ် ကွေ့နိုင်ငံတွင် တာလီဘန်
ရုံးတစ်ရုံး ဖွင့်လှစ်မည့်ကိစ္စကို ဆွေးနွေးညှိနှိုင်းရန် ကာတာနိုင်ငံသို့ သွားရောက်စဉ်အတွင်း ကာ
တာစော်ဘွားနှင့် မတ်လ ၃၁ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့သည်။
ကာဇိုင်းနှင့် ရှိတ်ခ် ဟာမက် ဘင် ခါလီ ဖာ အယ်လ်-သာနီ တို့က 'နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်း
စေမည့် ကိစ္စရပ်များ'နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံပိုင်သတင်းဌာန QNA က ပြော
ကြား ခဲ့သည်။ သို့သော် ဒိုဟာမြို့၌ သိုသိုသိပ် သိပ်ပြုလုပ်သော အဆိုပါဆွေးနွေးပွဲ၏ အသေးစိတ်
အကြောင်းအရာများကိုမူ ဖော်ပြခြင်းမရှိပေ။
ယင်းဆွေးနွေးပွဲမှာ အာဖဂန်နစ္စတန် နိုင်ငံတွင် အနာဂတ်ငြိမ်းချမ်းရေးရရှိ နိုင်မည့်နည်းလမ်းများကို
ဆွေးနွေး အဖြေရှာခြင်းဖြစ်ပြီး အသေးစိတ် အစီ အစဉ်များ မချမှတ်ရသေးကြောင်း ျှဗြ သတင်းဌာ
နက ပြောကြားခဲ့သည်။ တာလီဘန်တို့နှင့် ပြုလုပ်သော မည်သည့် ငြိမ်းချမ်းရေးဆွေးနွေးမှုမဆို
အာဖဂန်နစ္စတန်နိုင်ငံက ဦးဆောင်သည့် ဆွေးနွေးမှုဖြစ်ရမည်ဟု ကာဇိုင်းက ယခင်ကတည်းက
အခိုင်အမာပြောကြား ထားသည်။ ထို့ကြောင့် ကာဇိုင်းက အာဖဂန်နစ္စတန်နိုင်ငံ၏ ပြင်ပတွင် စစ်
သွေးကြွအုပ်စုနှင့် ဆွေးနွေးခြင်းကို ယခင်က ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။
၂၀၀၁ ခုနှစ်က အာဖဂန်နစ္စတန် နိုင်ငံမှတာလီဘန်များကို ဖယ်ရှား ရှင်းလင်းသည့်စစ်ဆင်ရေး ပြီး
သည့် နောက် ကာဇိုင်းအာဏာရရန် အမေရိ ကန်က အကူအညီပေးခဲ့ခြင်းကြောင့် ကာဇိုင်းကို အ
မေရိကန်၏ ရုပ်သေးရုပ် တစ်ရုပ်ဟုပြောကာ စစ်သွေးကြွများ က ၎င်းနှင့် တိုက်ရိုက်ဆက်သွယ်ရန်
ငြင်းပယ်လျက်ရှိသည်။
သို့သော် အမေရိကန်ဦးဆောင်သော နေတိုးတပ်ဖွဲ့များကို ၂၀၁၄ ခုနှစ် နှစ်ကုန် ပိုင်းတွင် အာဖဂန်
နစ္စတန်နိုင်ငံမှ ပြန်လည်ရုပ်သိမ်းမည်ဖြစ်၍ ဒိုဟာမြို့ တွင် တာလီဘန်ရုံး ဖွင့်လှစ်မည်ကို ကာဇိုင်းက
မကြာသေးမီက ထောက်ခံ ခဲ့ပြီး ထိုအစီအစဉ်ကို မတ်လ ၃၁ ရက် နေ့တွင် အကောင်အထည်ဖော်
မည်ဖြစ် ကြောင်း ကာဇိုင်း၏ သမ္မတရုံးမှ ပြောကြားခဲ့သည်။
တာလီဘန်ဘက်မှ မည်သူကိုယ်စား ပြုမည်နည်းဆိုသည့် ကိစ္စနှင့်ပတ်သက် ၍ မဆုံးဖြတ်နိုင်သေး
ခြင်း အပါအဝင် ကာဇိုင်းက ၎င်းခန့်အပ်ထားသည့် ကိုယ်စားလှယ်များမှာ ဆွေးနွေးညှိနှိုင်း မှုများ
တွင် အဓိက တာဝန်ယူရသူများ ဖြစ်သင့်သည်ဟု အခိုင်အမာပြော ဆိုထားခြင်းကြောင့် အနာဂတ်
ငြိမ်းချမ်း ရေးဆွေးနွေးမှုများ စတင်ခြင်းမပြုမီ၌ပင် အခက်အခဲ တော်တော်များများနှင့် ရင်ဆိုင်နေရ
သည်။
"ကျွန်တော်တို့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆွေးနွေးမှာဖြစ်ပါတယ်။ နောက်ပြီး ကာတာမှာ တာ
လီဘန်တွေ အတွက် ရုံးတစ်ရုံးဖွင့်လှစ်ဖို့လည်းပါပါ တယ်" ဟု ကာတာနိုင်ငံသို့ ကာဇိုင်း မသွား
ရောက်ခင် သမ္မတရုံးမှပြောရေး ဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် အိုင်မယ် ဖာအီဇီက အေအက်ဖ်ပီကို
ပြောခဲ့သည်။
"တကယ်လို့ ကျွန်တော်တို့က အာဖ ဂန်နစ္စတန်နိုင်ငံ ငြိမ်းချမ်းရေးရဖို့ ဆွေးနွေးပွဲလုပ်မယ်လို့ ဆန
္ဒရှိတယ်ဆိုရင် အဓိကဆွေးနွေးမယ့်ဘက်က ကိုယ်စား လှယ်တွေက ဗဟိုငြိမ်းချမ်းရေး ကောင်စီက
အာဖဂန်အစိုးရကခန့်အပ် ထားတဲ့ ကိုယ်စားလှယ်တွေဖြစ်ရပါမယ်" ဟု ဖာအီဇီက ထပ်လောင်း
ပြောကြားခဲ့ သည်။ ဗဟိုငြိမ်းချမ်းရေးကောင်စီတွင် အာဖဂန်နိုင်ငံလူမျိုးစုများနှင့် နိုင်ငံရေး အသိုင်း
အဝိုင်းအားလုံးမှ အဖွဲ့ဝင်များ ပါ၀င်သည်။
စစ်သွေးကြွများက အယ်လ်ကေဒါ အဖွဲ့နှင့် အဆက်အသွယ်များအားလုံးကို ဖြတ်တောက်ပြီး အ
ကြမ်းဖက်မှုများ လည်းလုပ်ဆောင်ခြင်းမရှိတော့ပါမှ ဆွေးနွေးပွဲများကို စတင်နိုင်မည်ဟု အာဖဂန်
အစိုးရက ထပ်တလဲလဲ အလေးနက် ပြောကြားထားသည်။ ကာတာနိုင်ငံရှိ မည်သို့သော တာလီ
ဘန် ရုံးမဆို တင်းကျပ်သည့် စည်းမျဉ်း စည်းကမ်းများကို လိုက်နာရမည်ဟု ဖာအီဇီက ပြောသည်။
"ဒီရုံးက လက်နက်ကိုင်အတိုက်အခံ တွေ အာဖဂန်အစိုးရနဲ့ဆွေးနွေးနိုင်တဲ့ နေရာတစ်ခုသာဖြစ်မှာပါ။
ဒီရုံးကို တခြား ရည်ရွယ်ချက်တွေနဲ့ အသုံးပြုလို့မရနိုင်ပါ ဘူး" ဟု ၎င်းကပြောသည်။
ကာဇိုင်းက ကာတာရင်းနှီးမြှုပ်နှံသူ များနှင့်လည်း မတ်လ ၃၀ ရက်နေ့ညနေ ပိုင်းက တွေ့ဆုံခဲ့ပြီး
လာမည့်နှစ်၌ နေတိုး ဦးဆောင်သည့်တပ်ဖွဲ့များ အာဖဂန်မှ မရုပ်သိမ်းမီ တည်ငြိမ်မှုရရှိအောင်
အာဖ ဂန်က လုပ်ဆောင်နေသည့်အလျောက် အာဖဂန်နိုင်ငံတွင် လာရောက် ရင်းနှီး မြှုပ်နှံကြရန်
တိုက်တွန်းခဲ့သေးသည်။ ကာဇိုင်း ကာတာနိုင်ငံသို့သွားမည် ကို ကုလသမဂ္ဂကကြိုဆိုကြောင်း
ပြီးခဲ့ သည့်ရက်သတ္တပတ်က ပြောကြားခဲ့ပြီး တာလီဘန်များကိုလည်း ဆွေးနွေး ညှိနှိုင်းပွဲတွင်
ပါ၀င်ရန် တောင်းဆို ခဲ့သည်။
(အေအက်ဖ်ပီ)
















