တန်ဂရိန်း (အင်ဒိုနီးရှား) - မျိုးသုဉ်းလု နီးပါးဖြစ်နေသော ၀က်နှုတ်သီးပုံ လိပ် ကောင်ရေ ရ၀၀
နီးပါးကို မြို့တော် ဂျကာတာရှိ အဓိကလေဆိပ်တွင် အင်ဒို နီးရှား အာဏာပိုင်များက ဖမ်းမိခဲ့
ကြောင်း တာဝန်ရှိသူတစ်ဦးက ဧပြီလ ၁ ရက် နေ့တွင် ပြောကြားခဲ့သည်။
တစ်လသားအရွယ်ပင် မရှိသေးသော အဆိုပါလိပ်များကို နိုင်ငံ၏ အရှေ့ ဘက်စွန်းရှိ ပါပူးဝါးပြည်
နယ်မှ ပြည်တွင်းလေယာဉ်တစ်စင်းဖြင့် ဆိုခါနိုဟတ်တာ လေဆိပ်သို့ သယ်ယူလာခြင်းဖြစ်ကာ
မည်သည့်ဒေသသို့ နောက်ဆုံးတင်ပို့ မည်ဆိုခြင်းကိုမူ မသိရှိရကြောင်း အရာရှိတစ်ဦးဖြစ်သူ တေ
ဂူဆမ်မူဒိုက ပြောသည်။
"ထုပ်ပိုးထားတဲ့အထုပ်မှာ လိပ်စာ ကို မဖော်ပြထားတဲ့အတွက် ဘယ်ကို ပို့မယ်ဆိုတာ ကျွန်တော်
တို့အနေနဲ့ ပြောလို့မရပါဘူး" ဟု ယင်းတာဝန်ရှိသူက ပြောသည်။ ဖမ်းဆီးရမိသည့် လိပ်များ ကို
၎င်းတို့ကျက်စားရာ ပါပူးဝါးဒေသ သို့ မကြာမီပို့ဆောင်မည်ဟု ၎င်းအရာရှိ က ထပ်လောင်းပြော
ကြားသည်။
တိရစ္ဆာန်နှုတ်သီးကဲ့သို့ ပုံသဏ္ဌာန် နှင့်ကွဲပြားသည့် မျိုးစိတ်နွယ်ဝင် ၀က်နှုတ်သီးပုံလိပ် ၆၈၇
ကောင်သည် မတ်လ ၁၅ ရက်နေ့တွင် လေဆိပ်သို့ ရောက်ရှိခဲ့သော်လည်း မည်သူမည်ဝါ ပို
့လိုက်သည်ဆိုသည်ကို တာဝန်ရှိသူ များက မသိခဲ့ဟုဆိုသည်။
အင်ဒိုနီးရှားဥပဒေအရ ယင်းသို့ ပြစ်မှုကျူးလွန်သူသည် အမြင့်ဆုံးထောင် ဒဏ်သုံးနှစ်နှင့် ဒဏ်
ငွေရူပီယာ သန်း ၁၅၀ (၁၅,၄၀၆ ဒေါ်လာ) ပေးဆောင် ရမည်ဖြစ်သည်။
(အေအက်ဖ်ပီ)
















