နယူးဒေလီ - နှစ်နိုင်ငံ သံတမန်ဆက်ဆံ ရေးအကြား အစွန်းအထင်းဖြစ်ခဲ့ရသည့် အီတလီ
ရေတပ်သားနှစ်ဦးကြောင့် အိန္ဒိယငါးဖမ်းလုပ်သားနှစ်ဦး သေဆုံး ခဲ့ရမှုအပေါ် စုံစမ်းစစ်ဆေးသွားရန်
အိန္ဒိယ အမျိုးသားစုံစမ်းရေးအေဂျင်စီ (ြှုဗ) ကို တာဝန်ပေးထားကြောင်း အရာရှိတစ်ဦးက ဧပြီလ
၁ ရက်နေ့တွင် ပြောသည်။
တောင်ပိုင်းကမ်းခြေ ပြည်နယ်နှင့် ရေပိုင်နက်အလှမ်းဝေးသည့် နေရာတွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှု
များကို စုံစမ်း စစ်ဆေးရန် ကီရာလာအစိုးရတွင် တရားစီရင်ပိုင်ခွင့်မရှိဆိုသော ဆုံးဖြတ် ချက်ကို နိုင်
ငံတော်တရားရုံးချုပ်က ဇန်နဝါရီ လတွင် အမိန့်ချမှတ်ပြီးနောက် ယင်းဖြစ်ရပ်အား ဖြေရှင်းရေးကိစ္စ
ကို လွှဲပြောင်းရန် ဆုံးဖြတ်ချက်ထွက်ပေါ် လာခြင်းဖြစ်သည်။
အိန္ဒိယ ပင်လယ်ရေကြောင်းဥပဒေ ကိုလိုက်နာရန် တာဝန်ပေးအပ်ခြင်း ခံထားရသော ြှုဗ ဌာနသည်
အသားစ စစ်ဆေးမှုပြုလုပ်မည်ဖြစ်ကာ ယင်းအမှု ကို အထူးတရားရုံးတစ်ခု၌ စစ်ဆေး ကြားနာသွား
မည်ဖြစ်ကြောင်း ပြည်ထဲ ရေးဝန်ကြီးဌာနရှိ အမည်မဖော်လိုသော အဆင့်မြင့်အရာရှိတစ်ဦးက အေ
အက်ဖ် ပီကိုပြောသည်။
မတ်စီမီလီယန်နို လတ်တိုရီနှင့် ဆာလ်ဗာတိုရီ ဂျီရိုနီ အမည်ရှိ အီတလီ ရေတပ်သားနှစ်ဦးသည်
ပြီးခဲ့သည့်နှစ်က အီတလီရေနံတင် သင်္ဘောတစ်စင်း ပေါ်တွင် လုံခြံုရေးအစောင့်များအဖြစ် တာ
၀န်ထမ်းဆောင်နေစဉ် ကီရာလာ ပြည်နယ် ကိုချီဆိပ်ကမ်းနှင့် ခပ်လှမ်း လှမ်းမှ ငါးဖမ်းလုပ်သား
များကို သေနတ် ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့က သင်္ဘောသားများအား ပင်လယ်ဓားပြ
ဟု ယူဆခဲ့သည့်အတွက် ပစ်ခတ် ခဲ့သည်ဟုဆိုသည်။
အိန္ဒိယတရားရုံးချုပ်က ၎င်းအီတလီ စစ်သားနှစ်ဦးကို မကြာသေးမီက ကျင်းပ ခဲ့သည့် အီတလီ
နိုင်ငံ၏ ရွေးကောက်ပွဲ တွင် မဲပေးနိုင်ရန် နယူးဒေလီသို့ တစ်လ အတွင်း ပြန်လာ ရမည်ဆိုသော
သဘော တူညီချက်ဖြင့် အိမ်ပြန်ရန် အာမခံပေးခဲ့ သည်။
အကျဉ်းသားလွှဲပြောင်းရေး နှစ်နိုင်ငံ ကြား သဘောတူညီချက်အရ အီတလီ စစ်သားများသည်
စီရင်ချက်ချပြီးပါက ၎င်းတို့၏ပြစ်ဒဏ်များကို အီတလီတွင် ကျခံရမည်ဖြစ်သည်။
(အေအက်ဖ်ပီ)

















