တိုကျို- 'ဖူကူရှီးမား ဒိုင်အီချီ' နျူကလီး ယားဓာတ်အားပေးစက်ရုံကြီးတွင် မတော်တဆ ပျော်ကျ
ချင်းပေါင်းစုံ ဖြစ်ပြီး နှစ်နှစ်ကျော်အကြာတွင် များမကြာမီကဖြစ်သည့် အနည်းအကျဉ်း မတော်တ
ဆထိခိုက်ခြင်းများဖြစ်သော ကြွက်သေတစ်ကောင်ကြောင့် မီးမှောင် ကျခြင်းနှင့် ဂါလံထောင်ပေါင်း
များစွာ သော ရေဒီယိုသတ္တိကြွရေယိုစိမ့်မှုကို တွေ့ရှိခြင်းသည် ထိုစက်ရုံ မည်မျှ အားနည်းချက်ရှိ
နေသေးကြောင်းကို မီးမောင်းထိုးပြလျက်ရှိသည်။
ထိုစက်ရုံ၏ လုပ်ငန်းရှင် Electric Pouler Company (တက်ပ်ကို)သည် ၎င်း၏ဓာတ်ပေါင်းဖိုကို
ဆယ်စုများစွာ ကြာမည့် သန့်ရှင်းရေးနှင့် ပိတ်ပင်ရေး တွင် ပြည်သူများနှင့် ပတ်ဝန်းကျင်ကို မထိ
ခိုက်စေဘဲ တာဝန်ယူဆောင်ရွက် ရန် စိတ်မချနိုင်ကြောင်း ကျွမ်းကျင်သူ များက ပို၍ပို၍ ငြင်းခုန်
လာကြသည်။
တစ်ချိန်တည်းမှာပင် နိုင်ငံ၏ နျူကလီး ယားထိန်းသိမ်းရေး အဖွဲ့အစည်းသစ် တွင် ဆိုးရွားစွာ
လူအင်အားနည်းနေဆဲ ဖြစ်သည်။ အလုပ်သမား ၃၀၀ ခန့်၏ အလုပ်ကိုစောင့်ကြည့်စစ်ဆေးရန်
ကိုးယောက်မြောက် အရာရှိတစ်ဦးကို ထိုနေရာသို့ စေလွှတ်မည်ဟု ဧပြီလ ၁၀ ရက်နေ့၌ ကြေ
ညာခဲ့သည်။
ဖူကူရှီးမားဒိုင်အိချိစက်ရုံဟာ မတည် ငြိမ်တဲ့ အခြေအနေမှာရှိနေတုန်းပဲ။ နောက်ထပ် မတော်တ
ဆဖြစ်မှုကို ကျွန်တော်တို့ မကာကွယ်နိုင်မှာကို စိုးရိမ်ပါတယ်" နျူကလီးယားထိန်းသိမ်း ရေးအာ
ဏာပိုင်အဖွဲ့ဥက္ကဋ္ဌ ရှူနီချိတာ နာကာက သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောခဲ့သည်။
မကြာမီရက်များ၌ စက်ရုံ၏ အကြီး မားဆုံး ထိတ်လန့်စရာတစ်ခုမှာ မြေအောက် လှောင်ကန်ခုနစ်
ခုအနက် သုံးခုထက်မနည်းမှ ဂါလံထောင်ပေါင်း များစွာ ရေဒီယိုသတ္တိကြွရေများ မြေကြီး ထဲသို့
ယိုစိမ့်ထွက်မှုကို တွေ့ရှိခြင်း ဖြစ်သည်။
မြေအောက်ရေကန်များအတွက် တွင်းများကို ၁ ဒသမ ၅ မီလီမီတာစီ ထူသော ပလပ်စတစ်အ
လွှာနှစ်ထပ်နှင့် ၆ ဒသမ ၅ မီလီမီတာထူသော ရွှံ့စေး အလွှာတတိယထပ်တို့ဖြင့်သာ အနား ကွပ်
ထားသည်ကို ပြင်ပကျွမ်းကျင်သူ များက ထိတ်လန့်ဖွယ်တွေ့ရှိသည်။ ကန်များတွင် အလွှာများစွာ
ကို ထပ်ချုပ် ပြီး အနားသတ်ဖို့လိုသဖြင့် ချုပ်ရိုးများမှ ယိုပေါက်များ ပွင့်လာနိုင်ကြောင်း တက်ပ်ကို
ကပြောသည်။
တက်ပ်ကိုဥက္ကဋ္ဌ နာအိုမီဟီရိုဆီသည် ဒေသတွင်း နေထိုင်သူများသို့ စိတ်သောကရောက်စေသည့်
ယိုစိမ့်မှု များအတွက် တောင်းပန်ရန် ဗုဒ္ဓဟူး နေ့၌ လေယာဉ်ဖြင့် ဖူကူရှီးမားသို့ သွားခဲ့သည်။ ထို
ဘေးအန္တရာယ်ဖြစ်ပြီး နောက် လူ ၁၆၀,၀၀၀ ခန့်သည် ၎င်းတို့၏အိမ်များကို စွန့်ခွာသွားကြပြီး စက်
ရုံပတ်လည် ကျယ်ပြန့်သော ဧရိယာ ကို တားမြစ်နေရာအဖြစ် ထားနေဆဲ ဖြစ်သည်။
(နယူးယော့ခ်တိုင်းမ်)
















