အဲန်းစမက်ဒင်းဟော့ဖ်ဟာ လုံခြံုရေး တင်းကျပ်စွာချထားတဲ့ ခြံဝင်းထဲမှာ နေပါတယ်။ ဒါပေမဲ့
ကဘူးလ်မြို့ တော်ရှိ အမေရိကန်သံရုံးက ပြည်သူ့ ဆက်ဆံရေးအရာရှိကတော့ သူ့ကို ဒီခြံ ၀င်း
အပြင်ဘက်ထွက်နေဖို့ အမြဲတမ်း တိုက်တွန်းခဲ့ပါတယ်။
"သံရုံးခြံဝင်းထဲမှာ သူ့အတွက် အတော်လေးလုံခြံုနေပြီလို့ ကျွန်တော် တို့က ထင်နေကြတာကိုး။
တကယ်တော့ သိနေကြတဲ့အတိုင်းပါပဲ။ အဲန်းမှာ လုပ်ချင်တာတွေက အများသား" လို့ ဖခင်ဖြစ်သူ
တွမ်စမက် ဒင်းဟော့ဖ်က စီအင်န်အင်န်သတင်းထောက်ကို ဧပြီလ ရ ရက်နေ့က ပြောပါတယ်။
အဲန်းဟာ နေအိမ်ပြင်ပထွက်ရမယ့် အာဖဂန်နစ္စတန်နိုင်ငံတွင်း ပြည်နယ် တွေနဲ့ နိုင်ငံဝန်းကျင်က
စီမံကိန်းနဲ့ လုပ်ငန်းတာဝန်တွေကို အမြဲရှာဖွေ ဆောင်ရွက်နေချင်သူဖြစ်ကြောင်း၊ ယင်း ဆန္ဒတွေ
က သူ့အတွက် တွန်းအား ဖြစ်နေကြောင်း၊ သူ့သမီးအဲန်းဟာ အာဖဂန်ပြည်သူလူထုနဲ့ တိုက်ရိုက်
ထိတွေ့ပြီး အတူတူ အလုပ်လုပ်ရတဲ့ အခြေအနေကို ခုံမင်မြတ်နိုးတာကြောင့် အာဖဂန်မှာ အာဖ
ဂန်လူထု အကျိုး စီးပွားအတွက် သူဆောင်ရွက်ပေးနိုင် တာတွေ အများအပြားရှိနေတာ ကိုလည်း
တွေ့မြင်နေရတာကြောင့် အာဖဂန်မြို့တော် ကဘူးလ်ကို သွားရောက် တာဝန်ထမ်းဆောင်ဖို့ ကိုယ်
တိုင် ဆန္ဒပြုခဲ့တာဖြစ်ကြောင်း ဖခင်ကြီး တွမ်စမက်ဒင်းက ဆိုတယ်။
ယခု သီတင်းပတ်ကုန်ရက်ဖြစ်တဲ့ ဧပြီလ ၆ ရက်က အာဖဂန်နစ္စတန် နိုင်ငံတောင်ပိုင်းရှိ စာသင်
ကျောင်း တစ်ကျောင်းကို စာအုပ်တွေဖြန့်ဝေတဲ့ အစီအစဉ်တစ်ခုမှာ အဲန်းစမက်ဒင်း ဟော့ဖ်ရဲ့
ကားတန်းကို အသေခံဗုံးခွဲ သမားတစ်ဦး ၀င်ရောက်တိုက်ခိုက်လို့ အသက် ၂၅ နှစ်သာရှိသေးတဲ့
အဲန်း ခမျာ ဇီဝိန်ချုပ်သွားခဲ့ရပါပြီ။
ယခင်နှစ် စက်တင်ဘာလမှာ ဖြစ်ပွား တဲ့ ဘင်ဂါဇီမြို့ (လစ်ဗျားနိုင်ငံ) အဓိ ကရုဏ်းမှာ အမေရိ
ကန်သံအမတ် တစ်ဦးအသတ်ခံရတဲ့ နောက်ပိုင်းမှာ တော့ အဲန်းဟာ ပထမဆုံး အသတ်ခံရ ပြန်
တဲ့ အမေရိကန်သံအမတ်ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ရက်စက်မှု
အမျိုးမျိုးနဲ့ ကမ္ဘာ့ အတင်းမာဆုံးဒေသတစ်ခုဖြစ်တဲ့ အာဖဂန်နိုင်ငံတွင်း အပြောင်းအလဲ တစ်ရပ်
အရေးတကြီးလိုအပ်နေပုံနဲ့ အန္တရာယ်နဲ့ အခက်အခဲတွေကို အဲန်း အသက်ပေးလိုက်ရတဲ့ အသည်း
ခိုက် ဖွယ် ယခုဖြစ်ရပ်က သတိပေးနှိုးဆော် နေတာဖြစ်တယ်လို့ ပြောပါတယ်။
အနာဂတ်တွင် လူမှုအကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် ယုံကြည်ချက် အပြည့်ဖြင့် လှုပ်ရှားနေတဲ့
ငယ်ရွယ်တဲ့ အမျိုးသမီးတစ်ယောက်ကို လုပ်ကြံ သတ်ဖြတ်လိုက်ခြင်းမှာ ကမ်းကုန် အောင် ရက်
စက်ကြမ်းကြုတ်သော ဆန့်ကျင်ဘက်လုပ်ရပ်သာ ဖြစ်နေတယ် လို့လည်း သူက ဝေဖန်ရှုတ်ချ
လိုက်တယ်။
"သူ့စိတ်ကြိုက် လုပ်ခွင့်ရခဲ့တာတွေ၊ ကမ္ဘာမှာ ကောင်းတဲ့အကျိုးတရားတွေ ဖြစ်ထွန်းအောင် ကူ
ညီပေးရင်း ကိုယ့် အမိနိုင်ငံတာဝန်ကို ဆောင်ရွက်ခဲ့တာ တွေအတွက် ကျွန်တော်တို့ ကျွန်မတို့
ဖြေသိမ့်ကြရပါတယ်"လို့ အဲန်း၏ မိဘ တွေကပြောကြပါတယ်။ အဲန်းဟာ ဗင်နီဇွဲလားနိုင်ငံ၊ ကာ
ရကတ်စ်မြို့ကို တာဝန်နဲ့သွားခဲ့ပြီး နောက် ကဘူးလ်မြို့ရှိ အမေရိကန် သံရုံးမှာ တာဝန်ထမ်းဆောင်
ဖို့ ကိုယ်တိုင် ဆန္ဒပြုခဲ့တာဖြစ်ပါတယ်။
ယခင်နှစ် ဇူလိုင်လကတည်းက တာဝန်ထမ်း ဆောင်ခဲ့တာဖြစ်ပါတယ်။ အဲန်းဟာ နိုင်ငံခြားရေးဝန်
ကြီးဌာနကို မရောက်မီက ့ူာညေ ဃညေခနမ င်္ကညိ်သမ ့သကညါ ဗိကူအျဒ ၄ု အဖွဲ့ရဲ့ ကင်ဆာ
ရောဂါကုသရေး ရန်ပုံငွေရှာဖွေ တဲ့အစီအစဉ်တစ်ခုမှာ စေတနာ့ဝန်ထမ်း ၀င်ရောက်ကူညီရင်း ရန်
ပုံငွေရဖို့ အတွက် အမေရိကန်နိုင်ငံတစ်ခွင် ဆိုင်ကယ်စီးနင်း ခရီးရှည်ကြီးမှာ ပါ၀င် ခဲ့ပါသေးတယ်။
"အဲန်းဟာ အံ့ဩစရာကောင်း လောက်အောင် အကောင်းဘက်က တွေးမြင်တတ်သူဖြစ်ပြီး အ
ကြောက် တရားကင်းသူ၊ စိတ်ရင်းစေတနာ ကောင်းသူဖြစ်တယ်"လို့ ရန်ပုံငွေ အစီ အစဉ် တည်
ထောင်သူ ရန်းဟန်လေက ချီးမွမ်းစကားဆိုတယ်။ အဲန်းကို ဗုံးခွဲလုပ်ကြံမှုရဲ့နောက်ကွယ် မှာ ဘယ်
သူရှိနေတယ်ဆိုတာကိုတော့ သက်ဆိုင်သူတွေ ထုတ်မပြောသေး ကြပေမယ့် ကယ်ရီကတော့
ဧပြီလ ရ ရက်က အစ္စတန်ဘူးလ်အခြေစိုက် အမေရိကန် သံရုံးအဖွဲ့သားတွေကို ပြောခဲ့တဲ့အတိုင်း
အပြင်းအထန် ရှုတ်ချ လိုက်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ ဂျွန် ဟော့ကင်း တက္ကသိုလ်က နိုင်ငံတကာ
ဆက်ဆံရေးဘာသာနဲ့ ဘွဲ့ရခဲ့တဲ့ အဲန်းဟာ နိုင်ငံခြားရေးဌာနမှာ စတင် တာဝန်ထမ်းဆောင် ခဲ့တယ်။
အဲန်းနဲ့ အထူးသင့်လျော်တဲ့ လုပ်ငန်း ဌာနဆိုလို့ နိုင်ငံခြားရေးဌာနပဲရှိနေ ကြောင်း အဲန်းရဲ့မိဘနှစ်ပါး
ကလည်း ပြောကြတယ်။
(စီအင်န်အင်န်)
















