တောင်ကိုရီးယားဝန်ထမ်းများအား အထောက်အပံ့ပေးမည့် ကိုယ်စားလှယ်အဖွဲ့ကို မြောက်ကိုရီးယားက ပိတ်ပင်

တောင်ကိုရီးယားဝန်ထမ်းများအား အထောက်အပံ့ပေးမည့် ကိုယ်စားလှယ်အဖွဲ့ကို မြောက်ကိုရီးယားက ပိတ်ပင်

ဆိုးလ် - မြောက်ကိုရီးယားနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့ ပူးတွဲဆောင် ရွက်နေသည့် လုပ်ငန်း
များ ရပ်ဆိုင်း လိုက်ရပြီဖြစ်သော ကေဆောင် စက်မှု ဇုန်ရှိ တောင်ကိုရီးယားဝန်ထမ်း ၂၀၀ ကို စား
နပ်ရိက္ခာနှင့် အထောက်အပံ့ပစ္စည်း များပေးပို့ရန် တောင်ကိုရီးယားစီးပွား ရေး လုပ်ငန်းရှင်များပါ၀င်
သည့် ကိုယ်စား လှယ်အဖွဲ့တစ်ဖွဲ့၏ တောင်းဆိုမှုကို မြောက်ကိုရီးယားနိုင်ငံက ဧပြီလ ၁၇ ရက်နေ့
တွင် တားမြစ်ပိတ်ပင်ခဲ့သည်။

ကိုရီးယားကျွန်းဆွယ်၌ စစ်ရေးတင်း မာမှုများမြင့်တက်နေသည့် အချိန်တွင် ၀င်ရောက်မှုအားလုံး
ကို မြောက်ကိုရီး ယားနိုင်ငံက ပိတ်ပင်ခဲ့ပြီးနောက် ရက် သတ္တနှစ်ပတ်အကြာတွင် တောင်ကို ရီး
ယားကုမ္ပဏီ ၁၂၃ ခုမှ ကိုယ်စားလှယ် ၁၀ ဦးက ကေဆောင် စက်မှုဇုန်သို့ သွားရောက်ခွင့် တောင်း
ဆိုခဲ့ခြင်း ဖြစ်သည်။

"ကေဆောင်မှာရှိတဲ့ စီးပွားရေး လုပ်ငန်းကုမ္ပဏီတွေရဲ့ ကိုယ်စား လှယ် ၁၀ ယောက်ကသွား
ရောက်ခွင့် တောင်းဆို ထားတာကို မြောက်ကိုရီး ယားနိုင်ငံက ပယ်ချတဲ့အကြောင်း မကြာခင်
ကပဲအကြောင်းကြားလာပါ တယ်" ဟု ပေါင်းစည်းရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ ကင်မ်
ဟွမ်ဆွတ်ခ်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံက ဧပြီလ ၃ ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယား
အလုပ်သမားများ လာရောက်ခွင့်ကို ပိတ်ပင်ခဲ့သည့်အချိန် တွင် ယင်းစက်မှုဇုန်၌ အလုပ်လုပ်
ကိုင်နေ သော တောင်ကိုရီးယား အလုပ်သမား ၉၀၀ နီးပါးရှိပြီး အလုပ်သမား ၂၀၀ ခန့် မှာ ၎င်း
တို့၏ ကုမ္ပဏီများဆက်လက် လည်ပတ်ရန် ကြိုးစားသည့်အနေဖြင့် ထွက်ခွာသွားခြင်းမရှိဘဲ
ဆက်လက်နေ ထိုင်လျက်ရှိသည်။

သို့သော် မြောက်ကိုရီးယားနိုင်ငံက ကုန်ကြမ်းပစ္စည်းများအပါအဝင် ၎င်းတို့ နေ့စဉ်လိုအပ်သည့်
အထောက်အပံ့ ပစ္စည်းများကို မပေးဘဲနေလျက်ရှိသည်။ "ကေဆောင်မှာရှိတဲ့ လုပ်သားတွေရဲ့
အခြေခံအကျဆုံး လိုအပ်ချက်တွေကို တာဝန်တသိနဲ့ ဖြည့်ဆည်းဆောင်ရွက် ပေးဖို့ မြောက်ကို
ရီးယားနိုင်ငံကို လေးလေးနက်နက် ထပ်မံတိုက်တွန်း ပါတယ်" ဟု ကင်မ်ကပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံက ဧပြီလ ၈ ရက်နေ့တွင် ကေဆောင်စက်မှုဇုန်၏ လုပ်ငန်းလည်ပတ်မှုများ
ကို ရပ်ဆိုင်းခဲ့ပြီး မြောက်ကိုရီးယား အလုပ်သမား ၅၃,၀၀၀ ကို လည်းပြန်လည်ခေါ်ယူခဲ့ သည်။

(အေအက်ဖ်ပီ)