ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးစစ်သည်များ သချႋုင်းသို့ ဂျပန်အမတ်များ သွားရောက်

ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးစစ်သည်များ သချႋုင်းသို့ ဂျပန်အမတ်များ သွားရောက်

တိုကျို - အငြင်းပွားရေပိုင်နက်အတွင်း သို့ တရုတ်အစိုးရပိုင် ပင်လယ် ရေကြောင်း
စောင့်ကြည့်ရေးသင်္ဘော ရှစ်စင်း ၀င်ရောက်ခြင်းကြောင့် တရုတ် နှင့်ဂျပန်နိုင်ငံတို့အကြား
တင်းမာမှုများ ဖြစ်ပွားနေသည့်အချိန်တွင် သမိုင်းတွင် ဂျပန်နိုင်ငံ၏ နယ်ချဲ့ဝါဒကို အထင်
အရှားပြသနေသည့် အမှတ်အသားတစ်ခုအနေဖြင့် သတ်မှတ်ထားသည့် ဒုတိယကမ္ဘာ
စစ်အတွင်းက ကျဆုံး ဂျပန်စစ်သည်များ၏ အငြင်းပွား စစ်သချႋုင်းတစ်ခုသို့ ဂျပန်ဥပဒေ
ပြု လွှတ်တော်အမတ် ၁၇၀ နီးပါးသွား ရောက်ခဲ့သည်။

ထို ရာဆူကူနီ စစ်သချႋုင်းသို့ ဥပဒေပြု လွှတ်တော်အမတ်များ နှစ်စဉ်သွား ရောက်ကြခြင်းကို
အိမ်နီးချင်း တရုတ် နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံများကို ဒေါသဖြစ်စေသည်။ ယခုတစ်ခေါက်တွင်
လည်း ထိုစစ်သချႋုင်းသို့ ဂျပန် အစိုးရအဖွဲ့ဝင်အချို့ သွားရောက်ခဲ့ပြီး နောက် တရုတ်နိုင်ငံနှင့် တောင်
ကိုရီး ယားနိုင်ငံတို့တွင် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်။

ဧပြီလ ၂၃ ရက်နေ့နံနက်ပိုင်းက တိုကျိုမြို့လယ်၌ရှိသော စစ်သချႋုင်းသို့ ပါလီမန်အဖွဲ့ဝင် ၁၆၈ ဦး
သွားရောက်ခဲ့ ကြောင်း အထက်လွှတ်တော်အမတ် တစ်ဦးဖြစ်သည့် တိုရှီအီ မစ်ဇူချီ၏ ပြောကြား
ချက်အရသိရသည်။ ကျဆုံး စစ်သည်များကို ဂုဏ်ပြုထားသည့် အဆိုပါ စစ်သချႋုင်းတွင် စစ်ရာဇ
၀တ် ခေါင်းဆောင် ၁၄ ဦးအပါအဝင် ဂျပန် စစ်သည် ၂ ဒသမ ၅ သန်းကို မြှုပ်နှံထား သည်။

သို့သော်လည်း ဂျပန်နိုင်ငံ၏အာရှအိမ်နီးချင်းများက ယင်းစစ်သချႋုင်း ကို ဒုတိယ ကမ္ဘာစစ်အတွင်း
က ဂျပန် နိုင်ငံ၏ ကျူးကျော်တိုက်ခိုက်မှုများ၏အမှတ်အသား သတ်မှတ်ထားသည်။ ဂျပန်အစိုးရ
အဖွဲ့ဝင် ၀န်ကြီးများ ယင်း သချႋုင်းသို့ သွားရောက်ခြင်းကို ကန့်ကွက်သည့်အနေဖြင့် တောင်ကိုရီး
ယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ယွမ်ဗျောင်ဆေး၏ တိုကျိုသို့သွားရောက် မည့် ခရီးစဉ်ကို ရပ်ဆိုင်း
လိုက်ပြီး နောက်တစ်ရက်အကြာတွင် ထိုသို့သွား ရောက်ခဲ့ခြင်းဖြစ်သည်။

"ယာဆူကူနီစစ်သချႋုင်းက စစ်ပွဲကို အမွှမ်းတင်ပြီး စစ်ရာဇဝတ်သားတွေကို ဂုဏ်ပြုထားတဲ့ နေရာ
ဖြစ်ပါတယ်"ဟု တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူ ချိုတေ ယောင်း
က သတင်းထောက်များကို ပြောကြားခဲ့သည်။

တရုတ်နိုင်ငံကလည်း ယင်းစစ် သချႋုင်းသို့ သွားရောက်ခြင်းကို ကန့်ကွက် ခဲ့သည့်အနေဖြင့်
တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချန်ယင်းက ဂျပန်နိုင်ငံက ၎င်း၏
အတိတ်ကာလက ပြုလုပ်ခဲ့သော အပြု အမူအတွက် ပြေရာပြေကြောင်း လုပ်ဆောင်ရမည်
ဖြစ်ကြောင်း သတင်း ထောက်များကို ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံက ၎င်း၏ ကျူးကျော်တိုက် ခိုက်ခဲ့သည့် အတိတ်သမိုင်းကို နောင်တ ရပြီး ရင်ဆိုင်ခြင်း
ကသာလျှင် အနာဂတ် တွင် အဆင်ပြေမည်ဖြစ်ကြောင်းနှင့် သို့မှသာ အိမ်နီးချင်းများနှင့် ရင်းရင်း
နှီးနှီး ပူးပေါင်းဆောင်ရွက်ခြင်းများလည်း ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ဟွာက ပြောကြားခဲ့သည်။

သို့သော်လည်း ဂျပန်အစိုးရအဖွဲ့ဝင် အကြီးအကဲ ယိုရှီဟိုက်ဆူဂါက အဆိုပါ သချႋုင်းသို့ သွားရောက်
မှုနှင့်ပတ်သက် သည့် အိမ်နီးချင်းများ၏ ဒေါသကို ဘေးချိတ်ထားပြီး ထိုသို့သွားရောက် ခြင်းမှာ
ဂျပန် ဥပဒေပြုလွှတ်တော်အမတ် များ၏ ကိုယ်ရေးကိုယ်တာကိစ္စဖြစ် ကြောင်း၊ ထို့ကြောင့် ဂျပန်
အစိုးရအနေဖြင့် ၀င်ရောက် မစွက်ဖက်ခြင်းဖြစ်ကြောင်း ဧပြီလ ၂၃ ရက်နေ့က ပြောကြားခဲ့သည်။

ထိုအချိန်တွင် တရုတ်အစိုးရ၏ ရေယာဉ်အုပ်စု အငြင်းပွားကျွန်းများ အနီးရှိ ရေပြင်သို့ ၀င်ရောက်ခြင်း
ကို ကန့်ကွက် သည့်အနေဖြင့် ဂျပန်အစိုးရက တရုတ်သံအမတ်ကို ဆင့်ခေါ်ခဲ့ကြောင်း ဂျပန်နိုင်ငံက
ပြောကြားခဲ့သည်။

(အေအက်ဖ်ပီ)