စုန်းကဝေဟုဆိုကာ၊၊သတ်ခဲ့သူကို၊၊ထောင်ဒဏ်နှစ်၊၊၃၀၊၊ချ

စုန်းကဝေဟုဆိုကာ၊၊သတ်ခဲ့သူကို၊၊ထောင်ဒဏ်နှစ်၊၊၃၀၊၊ချ

ဆစ်ဒ်နီ - အဒေါ်ဖြစ်သူကို စုန်းကဝေဟုစွပ်စွဲပြီး ပုဆိန်ဖြင့်ခုတ်သတ်ခဲ့သော
ပါပူးဝါးနယူးဂီနီသားတစ်ဦးကို ထောင်ဒဏ်နှစ် ၃၀ ချမှတ်ခဲ့ကြောင်း ဧပြီလ ၂၂ ရက်နေ့က
အစီရင်ခံစာတစ်စောင်တွင် ဖော်ပြခဲ့သည်။ ကုလသမဂ္ဂကလည်း ထိုသို့သောပြစ်မှုများကို
ပြစ်ဒဏ်များ ပို၍ပြင်းပြင်းထန်ထန်ချမှတ်ရန် ပါပူးဝါး နယူးဂီနီအစိုးရကို တိုက်တွန်းထားသည်။

ဆင်းရဲသော ယင်း ပစိဖိတ်နိုင်ငံ၏ မြောက်ပိုင်း ကုန်းမြင့်ဒေသများပေါ်ရှိ အန်ဂါစီရင်စုတွင်
နှစ်ရက်ကြာ ရုံးတင် စစ်ဆေးမှုပြုလုပ်ပြီးနောက် အသက် ၂၁ နှစ်အရွယ် ဆာကူယူကီအီ
ရာကို အသိတရားမရှိ ရိုင်းစိုင်းရက်စက်စွာ သတ်ဖြတ်မှုဖြင့် ပြစ်မှုထင်ရှားစီရင်ခဲ့ ခြင်းဖြစ်
သည်။

ထိုအမှုမှာ ယင်းဒေသ၌ဖြစ်ပွားသော စုန်းကဝေဟုစွပ်စွဲပြီး သတ်ဖြတ်မှုများတွင် တရားရုံးချုပ်
သို့ရောက်ရှိသည့် ပထမဆုံးအမှုဖြစ်ကြောင်း ဒေသတွင်းရဲအရာရှိ ဆိုင်မွန်မာ့ခ်၏ ပြောစကားကို
ကိုးကားပြီး နေရှင်နယ် သတင်းစာတွင် ဖော်ပြခဲ့သည်။

ပါပူးဝါးနယူးဂီနီနိုင်ငံတွင် စုန်းကဝေ မှော်အတတ်ကို ယုံကြည်သူများ ကျယ်ပြန့်များပြားစွာရှိပြီး
မကြာသေးမီကပင် ထင်ရှားသည့်ပြစ်မှုများ အများအပြားဖြစ်ပေါ်ခဲ့သည်။

ယခုလအစောပိုင်းတွင် အမျိုးသမီးကြီးတစ်ဦးကို စုန်းကဝေပညာဖြင့် ပြုစားသည်ဟုစွပ်စွဲပြီး
ခေါင်းဖြတ်ကွပ်မျက်ခဲ့သည်။

(အေအက်ဖ်ပီ)