အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် ရွေးကောက်ပွဲကြောင့်၊မလေးရှားမွှန်ထူ

အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် ရွေးကောက်ပွဲကြောင့်၊မလေးရှားမွှန်ထူ

ရုတ်ရုတ်သဲသဲဖြစ်တယ်ဆိုတဲ့ စကား အဓိပ္ပာယ်ဖော်ဆောင်ချက် တစ်ခု ကတော့
ငါးတွေထုတ်လုပ် စီမံပြုပြင်တဲ့ ဌာနက အမျိုးသမီးတစ်စုနဲ့ နှိုင်းယှဉ် ဖော်ပြထားတယ်။

အခုအချိန်မှာတော့ တောင်ပိုင်းမှာ ရှိတဲ့ ဂျိုဟိုးပြည်နယ် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်နေတဲ့
မလေးရှားနိုင်ငံရေးသမား တစ်စုကို နှိုင်းယှဉ်ဖော်ပြထားတာဆိုရင် ပိုပြီးသင့်တော်မယ်လို့
ထင်ပါတယ်။

၀န်ကြီးချုပ် နာဂျစ်ရာဇတ် (၅၉ နှစ်) က ဧပြီလ ၃ ရက်မှာ ပါလီမန်အစည်းအဝေး ကို ရုပ်
သိမ်းပြီးနောက်ပိုင်း မလေးရှား နိုင်ငံရေးသမားတစ်စုရဲ့ အပြုအမူကို သွေးရူးသွေးတန်း ဖြစ်
နေကြတယ်လို့ ပြောရင် မှန်လိမ့်မယ်ထင်တယ်။ ဒီလကုန်လောက်မှာ ကျင်းပလိမ့် မယ်လို့
ယူဆထားတဲ့ မလေးရှားနိုင်ငံရဲ့ (၁၃) ကြိမ်မြောက် အထွေထွေ ရွေးကောက်ပွဲမှာ မလေးရှား
နိုင်ငံရဲ့ သမိုင်းတစ်လျှောက်မှာ အပူတပြင်း ယှဉ်ပြိုင်ကြမယ့် ပွဲတွေရှိမှာဖြစ်ပြီး ဘယ်လိုရလဒ်
ထွက်လာမယ် ဆိုတာ ကိုတော့ ပြောနိုင်ကြဖို့ ခဲယဉ်းတယ်။

အောင်နိုင်သူဖြစ်လာနိုင်တာကတော့ ၀န်ကြီးချုပ် နာဂျစ်ရဲ့  National Front ပါတီဖြစ်လာနိုင်
တယ်။ ဒီပါတီဟာ ၂၀၀၈ ခုနှစ် ရွေးကောက်ပွဲတုန်းက အမတ် ၁၃၇ နေရာရရှိသွားခဲ့တယ်။
ဒုတိယဝန်ကြီးချုပ်ဟောင်း အန်ဝါ အီဘရာဟင် (၆၅ နှစ်) ဦးဆောင်တဲ့ People Alliance ပါတီ
လည်းဖြစ်နိုင် တယ်။ ဒီပါတီက အမတ် ရ၅ နေရာ ရခဲ့တယ်။


 

ဂျိုဟိုးပြည်နယ်က အခြေအနေကို လေ့လာရင် လူတိုင်းဟာ ရင်တမမ ဖြစ်နေကြတယ်။ ဒီနေရာ
ဟာ National Alliance ရဲ့ ကြီးစိုးနေတဲ့ UMNO ပေါက် ဖွားလာတဲ့ နေရာလည်းဖြစ်တယ်။ ပုံမှန်
အရဆိုရင် UMNO နဲ့ ညွန့်ပေါင်း မဟာမိတ်တွေဟာ ဂျိုဟိုးပြည်နယ် မှာ အမတ်နေရာ အများအ
ပြားကို ရရှိသွားမှာဖြစ်သလို အတိုက်အခံပါတီ အနေနဲ့ အလားအလာကောင်းတဲ့ တခြားနေရာ
တွေကို အာရုံစူးစိုက်ကြမှာ ဖြစ်တယ်။

ဒီတစ်ခါတော့ ဒီလိုမဟုတ်တော့ဘူး။ အန်ဝါရဲ့ လူတွေဟာယုံကြည်မှု ဘယ်လောက်ရှိသလဲဆိုရင်
သူတို့ရဲ့ နာမည်ကြီး ယှဉ်ပြိုင်သူများဟာ သူတို့ရဲ့ အန္တရာယ်ကင်းတဲ့နေရာတွေကို စွန့်လွှတ်ကာ
UMNO တို့ အခိုင်အမာ အလုံးအရင်းနဲ့ရှိတဲ့ ဂျိုဟိုးပြည်နယ်မှာ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ထုတ်
ဖော် ပြောဆိုခဲ့တဲ့အတွက် လေ့လာသူတွေ အံ့အားသင့်ခဲ့ကြရတယ်။

ပထမတော့ အရူးထတာလို့ထင်ရ ပေမယ့် သေချာစဉ်းစားကြည့်တဲ့အခါမှာ ဒီရူးသွပ်မှုများ နည်း
နိဿယရှိတာကို တွေ့လာရတယ်။ လုပ်ရဲရင်နိုင်မှာပဲ။ ဒါကြောင့် မလေး ရှားနိုင်ငံရေးမှာ အလွန်
ဆန်းကြယ်တဲ့ ဒီလုပ်ရပ်ဟာ အတိုက်အခံပါတီအတွက် အမတ်နေရာများများ ရသွားနိုင်တဲ့ လုပ်
ရပ်ပဲဖြစ်တယ်။

၀ါရင့် အတိုက်အခံခေါင်းဆောင် တစ်ဦးဖြစ်တဲ့ လင်ကစ်စီယန်က သူဟာ သူ့ရဲ့ အန္တရာယ်ကင်းတဲ့
ဂျိုဟိုးမှာ ရှိတဲ့ ပီရတ်မဲဆန္ဒနယ်ကနေ ဂီလန် ပါတား မဲဆန္ဒနယ်ကို ယှဉ်ပြိုင်မယ်လို့ ကြေညာခဲ့တယ်။
ဒီလိုကြေညာလိုက်ခြင်းဟာ ဂျိုဟိုး၊ ၀န်ကြီး အကဲဂါနီအော့သ်မန်နဲ့ ရင်ဆိုင် ရမှာဖြစ်တယ်။ ဒီပုဂ္ဂိုလ်
ဟာ ပြည်နယ် တစ်ခုလုံးမှာ ဩဇာအကြီးမားဆုံး နိုင်ငံရေးသမားတစ်ဦးဖြစ်တယ်။

အပေါ်ယံကြည့်လိုက်ရင်တော့ လင် ဟာ နိုင်ငံရေးသေကြောင်းကြံစည်သလို ဖြစ်ပေမယ့် ဒီပုဂ္ဂိုလ်
ဟာ လူပြိန်းမဟုတ် ဘူး။ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တဲ့ စိတ်မျိုးရှိတဲ့ လူစားမျိုးလည်းမဟုတ်ဘူး။
သူသိနေတာက ဂါနီမှာ အားနည်း ချက်ရှိတယ်ဆိုတာရယ်၊ ဂီလန်ပါတား ဟာ တရုတ်လူမျိုး ၅၂
ရာခိုင်နှုန်း၊ အိန္ဒိယ လူမျိုး ၁၂ ရာခိုင်နှုန်းဆိုတာ ဖြစ်တယ်။

နောက် သူသိတာတစ်ခုက မလေး လူမျိုးမဟုတ်သူတွေက National Front ကို ဆန့်ကျင်နေတဲ့
အတွက် လင်ဟာ သူတို့ရဲ့ မဲအများစုကိုရခဲ့ရင် မဲဆန္ဒနယ် အတွင်းရှိ မလေးလူမျိုး ၃၄ ရာခိုင်နှုန်း
တို့ရဲ့ ထောက်ခံမှု နည်းနည်းပင်ရခဲ့ရင် သူအဆင်ပြေပြီဆိုတာကို လင်က သိနေတယ်။

ပြည်နယ်မြို့တော် ဂျိုဟိုး ဘာရုမှာ လင်အပြင် မလေးရှားစစ်ဦးစီးချုပ် ဟောင်း ဟာရှင်ဟူစိန်တို့ဟာ
အန်ဝါ အတွက် တိုက်ပွဲဝင်ပေးကြမှာဖြစ်တဲ့ အပြင် တခြားနာမည်ကြီး အတိုက်အခံ ပါတီဝင်တို့ဟာ
UMNO ရဲ့ အချက် အချာဒေသတစ်လျှောက် ယှဉ်ပြိုင် ကြမှာဖြစ်တယ်။ နာဂျစ်ရဲ့လူတွေဟာ ဒီလုပ်
ရပ်ကြောင့် အထိတ်တလန့်ဖြစ်ကာ ၀န်ကြီးချုပ် ဟောင်း မဟာသီ မိုဟာမက်ကို အခြေ အနေထိန်း
သိမ်းဖို့ တောင်ပိုင်းကို လွှတ်ခဲ့တယ်။

သူဟာလည်း ဂျိုဟိုးနယ်သူနယ် သားတွေကို အန်ဝါနဲ့ လင်တို့ရဲ့ နိုင်ငံရေး သက်မွေးမှုလုပ်ငန်းတွေ
အဆုံးသတ် သွားစေဖို့ ဂျိုဟိုးနယ်သူနယ်သားတွေ က ကြိုးပမ်းရန် မဟာသီမိုဟာမက်က တိုက်
တွန်းခဲ့သေးတယ်။ အသက် ၈၇ နှစ်ရှိပြီဖြစ်တဲ့ မဟာသီ မိုဟာမက်လို လူတစ်ဦးက လင်ကို နိုင်ငံ
ရေးလုပ်လာတာ အလွန်ကြာပြီ။ ဘက်လိုက်တယ်လို့ပြောခဲ့တာကို မဲဆန္ဒ ရှင် အတော်များများတို့
က အစွယ် ပြူးပြူး အာဖရိကတောဝက်က ရုပ်ဆိုးတယ်လို့ ပြောတာနဲ့အတူတူပဲလို့ ပြောဆိုကြတယ်။

နာဂျစ်အဖွဲ့ကို စိတ်အနှောင့်အယှက် ပေးလိုက်တဲ့ သတင်းတစ်ခုကတော့ အလွန်တော်ပြီး ထက်
မြက်တဲ့ UMNO လူငယ်ခေါင်းဆောင် ခိုင်ရီဂျမ္မလူဒင်က ရွေးကောက်ပွဲမှာ မယှဉ်ပြိုင်တော့ဘူးလို့
ကြေညာလိုက်တာပဲဖြစ်တယ်။ ဂျမ္မလူဒင် ဒီလိုလုပ်လိုက်တာဟာ အရှုံးနဲ့ရင်ဆိုင်ရမယ့်အဖြစ်မှ
ကင်းဝေး ရန်လို့ လူတွေကယူဆကြတယ်။ ဒီလိုဖြစ်ဖို့ အလားအလာကတော့ ဝေးပါသေးတယ်။

နာဂျစ်အပေါ်လည်း တရားမမျှတဘူးလို့ဆိုရမယ်။ နာဂျစ် ဟာ အန်ဝါလောက် မပြတ်သား၊ အမြော်
အမြင်မရှိပေမယ့် ခင်မင်စရာကောင်း တာကိုတော့ လျစ်လျူရှုလို့မရဘူး။ ဒါပေမဲ့လည်း ဘဝဟာမ
ညီမျှဘူး။ တရားမျှတမှုသာရှိခဲ့ရင် အန်ဝါနဲ့ သင်တို့နှစ်ယောက်ဟာ ထောင်ကျခံရမှာ မဟုတ်ဘဲ
တုရာလည်း အသက်ရှင်နေ ဦးမှာဖြစ်တယ်။

(ယခုဆောင်းပါးမှာ ဆောင်းပါးရှင် ရော်ဂျာ မစ်တန်၏ အာဘော်သာဖြစ်ပါသည်။)