တိုကျို- ဂျပန်နိုင်ငံ၏ အကြီးအကျယ် ထိခိုက်ပျက်စီးနေသော ဖူကူရှီးမား နျူ ကလီးယား
စက်ရုံသည် ယိုစိမ့်မှုများနှင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု များကို ကိုင်တွယ်ဖြေရှင်းရန်
လုံးပန်းနေ၍ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (အိုင်အေအီးအေ)က ထိုစက်ရုံလုပ်ငန်း
ရှင်အား မုချလိုအပ်သည့် စနစ်များကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ရန် ဧပြီလ ၂၂ ရက်နေ့က
နှိုးဆော်လိုက်သည်။
မျိုးဆက်တစ်ခုတွင် အဆိုးရွားဆုံး အဏုမြူကပ်ဘေး၏ နောက်ဆက်တွဲတွင် ပြည်သူများ၏
ယုံကြည်မှုကို လှုပ်ခတ်စေသည့် ရေဒီယိုသတ္တိကြွ ရေယိုစိမ့်မှု တသီတတန်းအပါအဝင် မတော်
တဆ ထိခိုက်မှုများကိုတိုး၍ တိုး၍ ခံစားလျက်ရှိသည်။
တိုကျို လျှပ်စစ်ဓာတ်အားကုမ္ပဏီ TEPCO အနေဖြင့် ဓာတ်ရောင်ခြည်ထုတ် လွှတ်ခြင်းနှင့်
ထိတွေ့မှုနှင့် ပတ်သက် သော ပြဿနာများကို ဆက်ပြီးကိုင်တွယ် ဖြေရှင်းသင့်ကြောင်း ကုလ
သမဂ္ဂ နျူကလီး ယား စောင့်ကြည့်အဖွဲ့က ပြောသည်။ လွန်ခဲ့သောသီတင်းပတ်က အိုင်အေ အီး
အေအဖွဲ့သည် ဂျပန်အစိုးရနှင့် TEPCO ကို တိုကျိုမြို့၌ တွေ့ဆုံပြီး စက်ရုံသို့ သွားရောက် မစစ်
ဆေးမီ အဆိုပါထင်မြင်ချက် ထွက်လာခဲ့သည်။
အတိမ်းအစောင်းမခံသော ပစ္စည်း ကိရိယာအနီး ကြွက်သေတစ်ကောင်ကို တွေ့ပြီးနောက်
ဓာတ်ပေါင်းဖို အအေးခံ စနစ်ကို ယာယီပိတ်လိုက်ကြောင်းနှင့် ၎င်းတို့ကို ဖယ်ရှားပြီး အနုစိတ်သော
လျှပ်စစ်စနစ်များတွင် ကြွက်များက တစ်စုံတစ်ရာဖျက်ဆီးမှုများ ပြုလုပ်၊ မလုပ် စစ်ဆေးခဲ့ကြောင်း
TEPCO က ပြောသည်။
လွန်ခဲ့သောလက ကြွက်တစ်ကောင် သည် စက်ရုံ၌ လျှပ်စစ်ပတ်လမ်း ပြတ်အောင် ပြုလုပ်ခဲ့ပြီး
နောက် နျူကလီးယားလောင်စာ သိုလှောင်သည့် ကန်များအတွက် အအေးခံစနစ်များသို့ လျှပ်စစ်
ဓာတ်အားကို ပြိုလဲသွားစေခဲ့ရာ အဏုမြူဓာတ်ပေါင်းဖို မတော်တဆ ပျော်ကြခြင်းဖြစ်မည်ကို စိုးရိမ်
ခဲ့ရသည်။
အိုင်အေအီးအေမှ လာရောက်စစ် ဆေးခြင်းသည် တတိယအကြိမ်ဖြစ်ပေ သည်။ ပုံမှန်လည်ပတ်
ချိန်တွင် နျူကလီး ယား ဓာတ်အားပေးစက်ရုံများတွင် ဖြစ်သလို ယခုကဲ့သို့ ရှုပ်ထွေးနေသော နေ
ရာတွင် မတော်တဆဖြစ်မှု ပိုဖြစ်နိုင် သည်ကို မျှော်လင့်ရကြောင်း အိုင်အေအီး အေအဖွဲ့ခေါင်းဆောင်
ဂျူအင် ကားလိုး လင်တီဂျိုက သတင်းထောက် များအား ပြောကြားခဲ့သည်။
(အေအက်ဖ်ပီ)

















