အိန္ဒိယနိုင်ငံမှ ငါးနှစ်သမီးကလေးကို အဓမ္မကျင့်မှု ဒုတိယတရားခံဖမ်းမိ

အိန္ဒိယနိုင်ငံမှ ငါးနှစ်သမီးကလေးကို အဓမ္မကျင့်မှု ဒုတိယတရားခံဖမ်းမိ

နယူးဒေလီ- နယူးဒေလီမြို့တွင် ဖြစ်ပေါ်ခဲ့သော ငါးနှစ်အရွယ် မိန်းကလေးအား
ပြန်ပေးဆွဲမှုနှင့် အဓမ္မ ကျင့်မှုတို့နှင့်ပတ်သက်သော ဒုတိယ မြောက်တရားခံ ယောကျ်ားတစ်ဦးကို
ဧပြီလ ၂၂ ရက်နေ့တွင် အိန္ဒိယရဲတို့က ဖမ်းဆီးရမိခဲ့သည်။

သို့ရာတွင် အဆိုပါ အမှုကို ဖမ်းဆီးဖော်ထုတ်ရာတွင် စာနာ ထောက်ထားမှုကင်းမဲ့သည့်အတွက်
ရဲ အမှုထမ်းတို့အား ဆန့်ကျင်ဆန္ဒပြခဲ့ ကြပြီး ပြစ်တင်ဝေဖန်မှု အမြောက်အမြား ပြုလုပ်ခဲ့ကြသည်။

အိန္ဒိယနိုင်ငံ၏မြို့တော် နယူးဒေလီ၌ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် အဆိုပါ ငါးနှစ်သမီးငယ်
အား အဓမ္မ ပြုကျင့်ခဲ့ခြင်းအတွက် ဆန္ဒပြခဲ့ကြပြီး နောက်တစ်ဖန် ဆက်လက်၍ ကျောင်းသူ တစ်ဦး
အား ယခင်က ဘတ်စ်ကား ပေါ်တွင် အုပ်စုလိုက် အဓမ္မပြုကျင့် ခဲ့ကြခြင်းအတွက် ဒီဇင်ဘာလတွင်
ဆူပူ ဆန္ဒပြမှုများ အရှိန်မြင့်မားစွာ ဖြစ်ပေါ် ခဲ့ပြီးနောက် ယခုအခါ လိင်မှုအကြမ်းဖက် ခြင်းအတိုင်း
အတာ မြင့်မားလာခဲ့ခြင်း အတွက် ဆက်လက်၍ ဒေါသအမျက် ပြင်းပြစွာ ဖော်ထုတ်ပြသခဲ့ကြသည်။

ထိုအတောအတွင်း ဆရာဝန်များက ယခုနောက်ဆုံး ဖြစ်ပေါ်ခဲ့သော အဓမ္မ ကျင့်ခံရသည့် ကလေး
ကလေး၏ အခြေအနေမှာ တည်ငြိမ်မှုရှိလာပြီ ဖြစ်ပြီး ၎င်းသည် မိဘများအား စကား စတင် ပြော
ဆိုနိုင်ပြီဖြစ်ကြောင်း ပြောကြားလိုက်သည်။

ဧပြီလ ၁၅ ရက်နေ့တွင် စတင် ဖြစ်ပေါ်ခဲ့သော အဆိုပါအမှုတွင် ငါးနှစ် သမီးငယ်အား ၎င်း၏နေ
အိမ်မှ ပြန်ပေး ဆွဲပြီး အခန်းတစ်ခန်းအတွင်း သော့ ခတ်၍ လှောင်ထားပြီးနောက် ၎င်းအား ထပ်
ခါတလဲ အဓမ္မပြုကျင့်ခဲ့သည့် အမှုနှင့်ပတ်သက်၍ ယခုအခါ ယောကျ်ားနှစ်ဦးအား ဖမ်းဆီးချုပ်နှောင်
ထားပြီးဖြစ်သည်။

အဆိုပါ ငါးနှစ်သမီးငယ်၏အိမ်တွင် အိမ်ငှားအဖြစ်နေထိုင်သော အသက် ၂၂ နှစ်အရွယ် အထည်
ချုပ်လုပ်သား အား ဧပြီလ ၂၀ ရက်နေ့တွင် ဖမ်းဆီး ခဲ့ပြီးနောက် သင်္ကာမကင်းခံရသူ ဒုတိယ လူ
အား ဘီဟာပြည်နယ်အရှေ့ဘက်ရှိ ဦးလေးတော်စပ်သူ နေအိမ်တွင် ထိုနေ့ ညတွင်းချင်း ဖမ်းဆီး
ရမိပြီး ချုပ်နှောင် ထားခဲ့သည်။

"ကျွန်တော်တို့ သူ့ကို နှစ်ယောက် ပူးတွဲစစ်ဆေးမှုနဲ့ ဆေးစစ်ဖို့အတွက် ဒေလီမြို့ကိုခေါ်လာမှာဖြစ်
ပါတယ်"ဟု အမှု လိုက် ရဲအရာရှိက အေအက်ဖ်ပီကို အမည်ဖော်ပြရန် ငြင်းဆန်၍ သတင်း ပေးခဲ့
သည်။

ဒုတိယဖမ်းဆီးရမိသူ၏ အမည်မှာ ပရာဒီးပ်ကူးမားဖြစ်ပြီး ၎င်းသည် အဓိက တရားခံဖြစ်သော
မနော့ဂျ်ကူးမား ၏ မိတ်ဆွေဖြစ်ကြောင်း သိရသည်။

The Hindu နေ့စဉ်သတင်းစာက အခြားမုဒိမ်းမှု တသီတတန်းတွင် ရဲတို့က လိင် ကျူးလွန်ခံရသူ
တို့အပေါ် ထောက်ထားညှာတာမှု ကင်းမဲ့စွာ ပြုမူဆက်ဆံမှုများအား မီးမောင်းထိုး ဖော်ထုတ်ခဲ့သည်။

(အေအက်ဖ်ပီ)