တိုကျို - ပိုင်နက်အငြင်းပွားနေသည့် ရေပြင်အတွင်းသို့ တရုတ်နိုင်ငံ၏ သင်္ဘောရှစ်စင်း
၀င်ရောက်ခဲ့ပြီးနောက် အငြင်းပွားသည့်ဒေသရှိ ကျွန်းစုများ ပေါ်သို့ခြေချမည့် မည်သည့် တရုတ်
နိုင်ငံသားကိုမဆို အင်အားသုံး၍ မောင်းထုတ်သွားမည်ဖြစ်ကြောင်း ဂျပန် ၀န်ကြီးချုပ်က ဧပြီလ
၂၃ ရက်နေ့တွင် ကတိပြုပြောကြားလိုက်သည်။
တရုတ် ရေကြောင်းထိန်းသိမ်းရေး သင်္ဘောများသည် ဂျပန်နိုင်ငံ၏အခေါ် ဆင်းကကု၊ သို့မဟုတ်
တရုတ်နိုင်ငံ၏အခေါ် တျောက်ယွီကျွန်းများအနီး ဧပြီလ ၂၂ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၈
နာရီ (ဂရင်းနစ်စံတော်ချိန် ၂၃၀၀ နာရီ) တွင် ရေမိုင် ၁၂ မိုင်အတွင်းသို့ ၀င်ရောက်လာခဲ့ကြောင်း
ဂျပန်ကမ်းခြေ စောင့်တပ်က ပြောသည်။
ကျွန်းစုများ ပိုင်နက်အငြင်းပွားမှုနှင့် စပ်လျဉ်း၍ ယခုကဲ့သို့ နောက်ဆုံးထိပ် တိုက်တွေ့ဆုံမှုသည်
တိုကျိုမြို့လယ်ရှိ အငြင်းပွားဖွယ် ယာဆုကုနိ စစ်သချုႋင်း သို့ ဂျပန်ဥပဒေပြုလွှတ်တော်အမတ် ၁၆၈
ဦးက သွားရောက်ခဲ့ပြီးနောက်တွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ယင်းစစ် သချုႋင်းကို တရုတ်နှင့်
တောင်ကိုရီးယား နိုင်ငံတို့က ဂျပန်နိုင်ငံ၏ အတိတ်က နယ်ချဲ့မှု၏ အရေးပါသည့်လက္ခဏာ တစ်ရပ်
အဖြစ် ရှုမြင်ကြကာ မကျေမနပ် ဖြစ်လျက်ရှိကြသည်။
အငြင်းပွားသည့် ရေပြင်အတွင်းသို့ တရုတ်အစိုးရပိုင် သင်္ဘောရှစ်စင်း ၀င်ရောက်ခဲ့ပြီးနောက် ဧပြီလ
၂၃ ရက်နေ့ တွင် ဂျပန်အစိုးရက ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးကို ဆင့်ခေါ် သတိ ပေးခဲ့
သည်။
ဂျပန်အစိုးရက လွန်ခဲ့သည့် စက်တင်ဘာလအတွင်း ကျွန်း၏ အစိတ် အပိုင်းတချို့ကို နိုင်ငံပိုင်ပြုခဲ့
ချိန်မှစ၍ တစ်ရက်တည်းအတွင်း အငြင်းပွားသည့် ရေပြင်အတွင်းသို့ ယင်းသို့သော သင်္ဘောများ
၀င်ရောက်ခြင်းသည် အများပြားဆုံး အရေအတွက်ဖြစ်သည်။ "ပင်လယ်ရေပိုင်နက်အတွင်း ၀င်
ရောက်ပြီး ကျွန်းတွေပေါ်ကို ခြေချဖို့ ကြိုးစားတဲ့ ဘယ်သူ့ကိုမဆို ပြတ်ပြတ် သားသား အရေးယူ
သွားမှာပါ။
ခြေချမှု မှန်သမျှကို ကျွန်တော်တို့ ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ပါဘူး" ဟု ဥပဒေပြု လွှတ်တော်
အမတ်များ၏ မွေးခွန်းကို တုံ့ပြန်ဖြေကြားလျက် ၀န်ကြီးချုပ် ရှင်ဇို အာဘေးက ပါလီမန်လွှတ်တော်
၌ ပြောကြားခဲ့သည်။
"တရုတ်လူမျိုးတွေကသာ ခြေချမယ် ဆိုရင်တော့ ကျွန်တော်တို့ အင်အား သုံးပြီး မောင်းထုတ်ရ
တော့မှာပါပဲ" ဟု ၎င်းကဆိုသည်။ ဂျပန်နိုင်ငံက ထိန်းချုပ်ထားသည့် ကျွန်းစုငါးခုအနီး၌ တရုတ်
သင်္ဘောများ သည် မကြာသေးသောလများအတွင်း ကြိမ်ဖန်များစွာပင် လှည့်လည်သွားလာ ခဲ့ကာ
နှစ်နိုင်ငံသံတမန်ဆက်ဆံရေး မပြေမလည်ဖြစ်ခဲ့ရသည်။
(အေအက်ဖ်ပီ)

















