မနီလာ - ကွန်မြူနစ်သူပုန်တို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်သွားခဲ့ပြီး ဆယ်စုနှစ်များစွာ
ကြာပြီဖြစ်သော ဖိလစ်ပိုင်နိုင်ငံတွင်း ဆူပူသောင်းကျန်း မှုများ ၂၀၁၆ တွင် အဆုံးသတ်ရေး ရည်မှန်း
ချက်သည် အောင်မြင်မှုမရနိုင်ကြောင်း ဖိလစ်ပိုင်အစိုးရက ဧပြီလ ၂၉ ရက်က ဆိုသည်။
သုံးနှစ်နီးပါး အချိန်အတွင်း စေ့စပ် ဆွေးနွေးမှုများ မအောင်မမြင်ဖြစ်ခဲ့ပြီး လူအသေအပျောက်
ရှိသော ပိုမိုဆိုး ရွားလာသည့် အကြမ်းဖက် တိုက်ခိုက်မှု တစ်ခုဖြစ်ပွားပြီးနောက် ပြဿနာဖြေရှင်း
ပုံ နည်းလမ်းသစ်တစ်မျိုးကို သမ္မတ အကွီနိုအစိုးရက ရှာဖွေနေသည်ဟု စေ့စပ်ညှိနှိုင်းရေးအရာရှိ
ချုပ် အဲလက်စ် ပက်ဒီလာက ဆိုသည်။
"ခုချိန်မှာ ကျွန်တော်တို့က ထွက်ပေါက်မရှိဘဲ ကျဉ်းထဲကျပ်ထဲ ရောက်နေတာပါ။ ဆွေးနွေးမှုလုပ်
သည် ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ဒီလိုအကြမ်း ဖက်မှုတွေက ဖြစ်နေဦးမှာပဲ။ အပြောင်း အလဲ သိပ်
မရှိနိုင်ဘူး။
ဒါကြောင့် ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွေဖြစ်ဖို့ ဘာလို့ကြိုးစား မှာလဲ" ဟု ပက်ဒီလာကဆိုသည်။
သမ္မတအကွီနိုက ၎င်း၏သမ္မတ သက်တမ်းကုန်ဆုံးမည့် ၂၀၁၆ ခုနှစ် မတိုင်မီ ခန့်မှန်းခြေ လူ့အ
သက်ပေါင်း သုံးသောင်းခန့်သေဆုံးခဲ့သည့် နှစ်ပေါင်း ၄၄ နှစ်ကြာ အကြမ်းဖက်မှုကို အဆုံးသတ်
ရန် တရားဝင်ငြိမ်းချမ်းရေး သဘောတူ ညီမှု ရစေချင်သည်ဟု ပြောကြားခဲ့သည်။
နော်ဝေနိုင်ငံတွင် ထိပ်တန်းအဆင့် ဆွေးနွေးပွဲကျင်းပပြီးနောက် ကြေညာ ချက်ထုတ်ပြန်ရာတွင်
၎င်းတို့နှစ်ဖက် စလုံးသည် မှန်ကန်သည့်လမ်းကြောင်း ပေါ်တွင် ရောက်ရှိနေသည်ဟုဆိုပြီး ၂၀၁၁
ခုနှစ် အစောပိုင်းတွင် အစိုးရနှင့် သူပုန်အဖွဲ့များအကြား ပြေလည်မည့် ကနဦး မျှော်လင့်ချက်များ
ပေါ်ပေါက်ခဲ့ သည်။
နော်ဝေနိုင်ငံတွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် ၂၀၁၂ ခုနှစ်၊ ဇွန်လက ငြိမ်းချမ်းရေးသဘောတူညီ
မှု စာချုပ် ချုပ်ဆိုရန် နှစ်ဖက်စလုံးက သဘောတူ ညီခဲ့ခြင်းဖြစ်သည်။ သို့သော် အဆိုပါ ဆွေးနွေးပွဲ
ပြီးနောက် တိုးတက်မှုမှာ မရှိသလောက်ဖြစ်ခဲ့သည်။
မေလတွင်ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ဒေသတွင်းရှိ ရာထူး များအတွက် ကိုယ်စား
လှယ်များ ထောင် နှင့်ချီပြီး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ ရွေးကောက်ပွဲ မကျင်းပမီ သူပုန်များ ပိုမို
အားကောင်းလာဖွယ်ရှိသည်။
၎င်းတို့သည် ဧပြီလ ၂၀ ရက်နေ့တွင် နိုင်ငံရေးသမားတစ်ဦး၏ လက်ထောက် နှစ်ဦးအားသတ်ခဲ့ပြီး
ရွေးကောက်ပွဲတွင် လွတ်လပ်စွာ ပါ၀င်ခွင့်ရရန် ကိုယ်စားလှယ် လောင်း အများအပြားထံမှ ဒေါ်လာ
ငွေသန်းနှင့်ချီပြီး ခြိမ်းခြောက်ရယူခဲ့ သည်ဟု စစ်တပ်က စွပ်စွဲထားသည်။
သူပုန်များသည် ၂၀၁၂ ခုနှစ်အတွင်း လုံခြံုရေးတပ်ဖွဲ့နှင့် အရပ်သားစုစုပေါင်း ၁၆၄ ယောက်ကို
သတ်ဖြတ်ခဲ့သည်ဟု စစ်တပ်က ဖေဖော်ဝါရီလတွင် ပြော ကြားခဲ့သည်။
(အေအက်ဖ်ပီ)
















