မြန်မာနိုင်ငံက သေမင်းတမန်ရထားလမ်းဟောင်း ပြန်လည်ပြင်ဆင်ရန် စီစဉ်နေ

မြန်မာနိုင်ငံက သေမင်းတမန်ရထားလမ်းဟောင်း ပြန်လည်ပြင်ဆင်ရန် စီစဉ်နေ

သံဖြူဇရပ် - မြန်မာနိုင်ငံ၏ အရှေ့ တောင်ဘက်၌ရှိသော စစ်သချႋုင်း တစ်ခုမှာ
ဒုတိယကမ္ဘာစစ်အတွင်း မြန်မာ နှင့်ထိုင်းနိုင်ငံတို့ကို ဆက်သွယ်ထား သည့် သေမင်းတမန်ရထား
လမ်း ဖောက်လုပ်စဉ်ကသေဆုံးခဲ့သော စစ်သုံ့ပန်း ထောင်ပေါင်းများစွာ၏ ကံကြမ္မာကို ပြသနေ
သည့် တစ်ခုတည်းသော သက်သေ အထောက်အထားအနေဖြင့် တည်ရှိခဲ့သည်မှာ အချိန်ကြာ
ညောင်း ခဲ့ပြီဖြစ်သည်။

ယခုအခါတွင် မြန်မာအစိုးရက ပြု ပြင် ပြောင်းလဲမှုများစွာကို ဆောင်ရွက် လျက်ရှိသည့်အလျောက်
နာမည်ဆိုး ဖြင့်ကျော်ကြားသော သေမင်းတမန် ရထားလမ်းမှ ရထားလမ်းပိုင်းတစ်ခုကို ကမ္ဘာလှည့်
ခရီးသွားများကို ဆွဲဆောင် ရန်နှင့် ဆယ်စုနှစ်များနှင့်ချီသည့် စစ်အုပ်ချုပ်ရေး လက်အောက်တွင်
ပဋိပက္ခနှင့် ဆင်းရဲမွဲတေမှုဒဏ်ခံခဲ့ရ သော ကရင်နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးတွင် အထောက်
အကူဖြစ်ရန် အတွက် အသစ်ပြန်လည် ဖောက်လုပ် သွားမည်ဖြစ်သည်။

သေမင်းတမန်ရထားလမ်း ဖောက် လုပ်ရာတွင် သေဆုံးခဲ့ကြသော မဟာ မိတ် စစ်သုံ့ပန်းများထဲမှ
အချို့သော မဟာမိတ်စစ်သုံ့ပန်း ၃,၀၀၀ ကိုမြှုပ်နှံ ထားရာ မွန်ပြည်နယ်ရှိ သံဖြူဇရပ် စစ်သချႋုင်း
တွင် ဒေသတွင်း ဥယျာဉ်မှူး များက သေသပ်စွာ စီတန်းနေသော အုတ်ဂူတစ်ခုနှင့်တစ်ခုကြား
နေရာ များတွင် ပေါင်းပင်များရှင်းလင်းပြီး ပန်းမန်များ စိုက်ပျိုးပြုစုနေကြသည်။

"တိုက်ခိုက်ရင်းကျဆုံးရတာ ဂုဏ်ယူ စရာပါ။ ဒါပေမဲ့ ဒီစစ်သားတွေက စစ်သုံ့ပန်းအနေနဲ့ သေဆုံး
ခဲ့ကြတာမို့လို့ ကမ္ဘာက သူတို့ကိုဝမ်းနည်းတသ သတိ ရနေမှာပါ" ဟု ဥယျာဉ်မှူး ဦးမြတ်စိုးက
အေအက်ဖ်ပီသို့ပြောသည်။ စစ်သချႋုင်းအတွင်း ဗြိတိန်အခြေ စိုက် ဓနသဟာယနိုင်ငံများ စစ်အုတ်
ဂူ များ စောင့်ရှောက်ရေးကော်မရှင် ၏ငွေကြေးထောက်ပံ့မှုဖြင့် ပြုလုပ် ထားသော သချႋုင်းစာ
အများအပြား လည်းရှိသည်။

အဆိုပါ သေမင်းတမန်ရထားလမ်း ကို တောတောင်ထူထပ်ပြီး ကျောက်သား အတိပြီးသော
မြေပြင်ကိုဖြတ်ကာ ဂျပန် တို့က ၁၉၄၂ ခုနှစ် အောက်တိုဘာလမှ ၁၉၄၃ ခုနှစ် ဒီဇင်ဘာလအတွင်း
ဖောက် လုပ်ခဲ့ခြင်းဖြစ်သည်။

ခြေကုန်လက်ပန်း ကျခြင်း၊ အစာရေစာငတ်ပြတ်ခြင်း၊ ရောဂါဘယနှင့် နှိပ်စက်ညှဉ်းပန်းခံရ ခြင်းတို
့မှာ စစ်သုံ့ပန်းများသေဆုံးရသည့် အဓိက အကြောင်းရင်းများဖြစ်သည်။ စင်ကာပူ၊ မလေးကျွန်း
ဆွယ်နှင့် ထို အချိန်က ဒတ်ချ်တို့သိမ်းပိုက်ထားသော နယ်မြေတို့မှ ဖမ်းဆီးထားသော စစ်သုံ့ ပန်း
၁၃,၀၀၀ ခန့်နှင့် ချွေးတပ်သားများ အဖြစ် အသုံးချခဲ့သော အာရှဒေသမှ အရပ်သား ၁၀၀,၀၀၀
ကျော်တို့မှာ ရထားလမ်း ဖောက်လုပ်စဉ်အတွင်း သေကျေပျက်စီးခဲ့ရသည်။


 

"ကမ္ဘာကြီးတည်နေသ၍ ဒီသချႋုင်းက ၀မ်းနည်းစရာ အချိန်ကာလတစ်ခုရဲ့ အမှတ်သင်္ကေတတစ်ခု
ဖြစ်နေမှာပါ" ဟု ဥယျာဉ်မှူး ဦးမြတ်စိုးကပြောသည်။ သူငယ်ချင်းတစ်ဦး၏ အုတ်ဂူဆီသို့ သွားရောက်
ဂါရဝပြုရန် လွန်ခဲ့သည့် နှစ်နှစ်က ယင်းသချႋုင်းသို့ ခက်ခက်ခဲခဲ လာရောက်ခဲ့သော အသက် ၉၀
အရွယ် ဩစတြေးလျနိုင်ငံသား စစ်ပြန်ကြီး တစ်ဦး၏ အကြောင်းကို ၎င်းက ပြန်ပြောင်းပြောပြခဲ့
သည်။

"သူရောက်လာပါတယ်။ ရောက်ပြီး ချက်ချင်းဆိုသလို သူ့သူငယ်ချင်းအုတ် ဂူဘေးမှာအိတ်လေး
ချပြီး အလေးပြုရင်း က ရုတ်တရက် ငိုချလိုက်ပါတယ်။ ဒါဟာ ကျွန်တော်ဒီမှာ အလုပ်လုပ်နေတဲ့
ကိုးနှစ်အချိန် အတောအတွင်းမှာ ကျွန်တော်မြင်ခဲ့ရတဲ့ ၀မ်းနည်းစရာ အကောင်းဆုံး မြင်ကွင်းတစ်
ခုပါပဲ။ ကျွန်တော်လည်း သူ့ဘေးကနေလိုက်ငို မိခဲ့ပါတယ်" ဟု ၎င်းကပြောပြသည်။

ထိုင်းနိုင်ငံဘက်ရှိ ယခုအချိန်အထိ ပြေးဆွဲပေးနေသော သေမင်းတမန် ရထားလမ်းပိုင်းကိုစီးရန်နှင့်
'ကွေးမြစ် ပေါ်ကတံတား' (The Bridge Over the River Kwai ) အမည်ရှိ ရုပ်ရှင် ဇာတ်ကားဖြင့်
လူသိများထင်ရှားသော တံတားကိုကြည့်ရှုရန် ထိုင်းနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား အမြောက်အမြား
လာရောက်ကြသည်။

 ကွေးမြစ်ဖြတ်တံတားကို ဖြတ်ကူးနေကြသော ကမ္ဘာလှည့်ခရီးသည်များ။ ဓာတ်ပုံ - အေအက်ဖ်ပီ

မြို့တော်ဘန်ကောက်မှ ကားဖြင့် သွားလျှင် သုံးနာရီခန့် သွားရသော ခရီးသွားများသွားရောက်ရာ
ထင်ရှား သည့်နေရာတစ်ခုဖြစ်သည့် ကန်ချနာ ဘူရီမြို့၏ ခရီးသွားလုပ်ငန်းမှရရှိသော ၀င်ငွေမှာ
ပြီးခဲ့သည့်နှစ်က ဘတ် ၂ ဒသမ ၄ ဘီလျံကျော် (ဒေါ်လာ ၈၄ သန်း) ရှိကြောင်း ထိုင်းအရာရှိများ
၏ပြောကြားချက်အရ သိရသည်။

ယခုအခါ သံဖြူဇရပ်မှ ထိုင်းနယ်စပ် ရှိ ဘုရားသုံးဆူတောင်ကြားလမ်းအထိ ရထားလမ်းပိုင်းအား
ကွင်းဆင်းလေ့လာ မှုများ စတင်ဆောင်ရွက်နေပြီဖြစ် ကြောင်း အမည်မဖော်လိုသူ မြန်မာ့ မီးရထား
မှ အရာရှိတစ်ဦးက ပြောကြား ခဲ့သည်။

"ဒါဟာခရီးသွားလုပ်ငန်းအတွက် အဓိကကျပါတယ်။ တကယ်လို့ ထိုင်း နိုင်ငံဘက်က ရထားလမ်း
ပိုင်းနဲ့ ဆက်နိုင် မယ်ဆိုရင် ခရီးသွားလုပ်ငန်းတိုးတက် ဖို့ အထောက်အကူပေးမှာဖြစ်ပါတယ်" ဟု
၎င်းက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံကို ဆက်သွယ်ထားသည့် သေမင်းတမန် ရထားလမ်းမှာ ကီလိုမီတာ
၄၂၀ (မိုင် ၂၆၀) အရှည်ရှိပြီး ဗြိတိသျှတပ်များ နှင့်၎င်းတို့၏ မဟာမိတ်များကို ချေမှုန်းတိုက်ခိုက်
ရာ၌ ဂျပန်စစ်တပ် ဘက်သို့ စစ်လက်နက်နှင့် ထောက်ပံ့ရေး ပစ္စည်းများ သယ်ယူပို့ဆောင်ပေးရန်
ရည်ရွယ်ဖောက်လုပ်ထားခဲ့ခြင်းဖြစ် သည်။

(အေအက်ဖ်ပီ)