ပက်ရှာဝါ- ပါကစ္စတန် အထွေထွေ ရွေးကောက်ပွဲအတွက် အရေးပါသည့် စစ်မြေပြင်
တစ်ခုဖြစ်နေပြီး ဆူပူလှုပ်ရှား နေသော အနောက်မြောက်ဒေသမှ အဓိက နိုင်ငံရေးပါတီတစ်ခုမှာ
ပါကစ္စ တန် တာလီဘန်တို့ကြောင့် မဲဆွယ်ပွဲများ ကို ပုန်းလျှိုးကွယ်လျှိုး ပြုလုပ်နေရသည်။
ပါကစ္စတန် အနောက်မြောက်ဘက်ရှိ ပထန်ခွာပြည်နယ်တွင် ယခင်ငါးနှစ်က ပထန်ခွာပါတီက
ကြီးစိုးခဲ့သော်လည်း ယခုတာလီဘန်တို့ အကြမ်းဖက်မှုဒဏ် ခံနေရသည်။ တာလီဘန်တို့၏ တာ
ရစ်အယ်လ် တာလီဘန် (ွွှှဏ) ပါတီသည် သက်တမ်း ကုန်ဆုံးတော့မည့် အစိုးရအဖွဲ့တွင်ပါ၀င်
သည့် အေအင်န်ပီ၊ အမ်ကျူအမ်နှင့် ပီပီပီ (ပါကစ္စတန်ပြည်သူ့ပါတီ) ပါတီ များကို အဓိကပစ်မှတ်
ထားခဲ့သည်။
ဧပြီလ ၁၁ ရက်မှစ၍ တာလီဘန် တို့၏ ပစ်ခတ်မှု၊ ဗုံးခွဲမှုကြောင့် လူ ၅၀ ကျော်သေဆုံးခဲ့သည့်
အနက် ထက်ဝက် ၀န်းကျင်မှာ အေအင်န်ပီပါတီက ပစ်မှတ် ထားတိုက်ခိုက်မှုများတွင် သေဆုံးခဲ့
ကြသည်။
အေအင်န်ပီခေါင်းဆောင် ဂူလန်ဘီလားသည် ပက်ရှာဝါမြို့တွင် ၎င်း၏ကားကို အသေခံဗုံးခွဲသူတစ်
ဦး က ဗုံးခွဲတိုက်ခိုက်ရာ လွတ်မြောက်ခဲ့ သော်လည်း ၁၆ ဦးသေဆုံးခဲ့သည်။ ညီဖြစ်သူ ဘာရှား ဒီ
ဇင်ဘာလက လုပ်ကြံခံခဲ့ရပြီးနောက် (ပြည်နယ်အစိုးရ အဖွဲ့၏ ဒုတိယအရေးအပါဆုံး ဖြစ်သော)
အစ်ကိုဖြစ်သူ ဂူလန်က တာလီဘန်တို့အား ဆက်လက်တိုက်ခိုက် ရန် အခိုင်အမာ သန္နိဋ္ဌာန်ချ
ထားသည်။
သို့သော် တာလီဘန်တို့၏ အရှိန်မြှင့် ခြိမ်းခြောက် တိုက်ခိုက်မှုများကြောင့် အေအင်န်ပီပါတီ
အနေဖြင့် အစည်း အဝေးကြီးများကို ချန်လှပ်၍ ပါတီဝင် ပါတီမိတ်ဆွေများဖြင့် သီးသန့်လုံခြံုရာ
တွင် မထင်မရှား စုဝေးနေကြရသည်။
(အေအက်ဖ်ပီ)
















