အသေးစိတ်ကိစ္စများတွင် အသေးသုံး ကိစ္စသည် အလွန်ထင်ရှားနေသည့် အတွက် အာဖဂန်
နစ္စတန်နိုင်ငံ၏ အမျိုးသမီးများအပေါ် ထားရှိသည့် သဘောထားကို ဖော်ပြလျက်ရှိသည်။
ထိုအမျိုးသမီးများမှာလည်း အခြား မဟုတ်၊ အာဖဂန်အစိုးရက အမျိုးသား ရဲတပ်ဖွဲ့၌ပါ၀င်စေလို
သည့် အမျိုးသမီး များဖြစ်ကြသည်။
တပ်ဖွဲ့ဝင်စုဆောင်းရေး ကြော်ငြာ များ၊ ပြည်သူ့အတွက် သတင်းအချက် အလက်များဖော်ပြထား
သည့် ရုပ်ရှင် များ၊ အနောက်အုပ်စုနိုင်ငံများမှ သင်တန်းပို့ချခြင်းများနှင့် အထူးချုပ်လုပ် ထားသည့်
၀တ်စုံများလည်းရှိသည်။
သို့သော်လည်း အမျိုးသမီးအရာရှိများ တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာ ကြသည့် အမျိုးသမီး
များအတွက် သီးသန့်သုံးရန် အဆောက်အအုံများ မရှိကြောင်း Human Rights Watch (HRW)
၏ အစီရင်ခံစာတစ်ခု၌ ဖော်ပြထားသည်။သူတို့၏ ရဲတပ်ဖွဲ့ ၀တ်စုံကို အိမ်ပြန် ရာ၌ လဲရန်နေရာမရှိ
သောကြောင့် လည်းကောင်း ၀တ်စုံဝတ်လျက် အိမ်ပြန် လျှင်လည်း တာလီဘန်တို့၏ ပစ်မှတ် ဖြစ်
လာနိုင်ပေသည်။
"အမျိုးသားအဆောက်အအုံတွေကို ကျွန်မတို့သုံးနေရတယ်။ ရဲတပ်ဖွဲ့တွေ လုပ်နေကြတဲ့
အမျိုးသမီးတွေအတွက် ရေအိမ်တွေနဲ့ အဝတ်အစားလဲခန်း တွေဟာ လုံးဝမရှိမဖြစ်တဲ့ အရာတွေပါ"
ဟု အမည်မဖော်လိုတဲ့ အမျိုးသမီး အဆင့်မြင့် ရဲအရာရှိတစ်ဦးကပြောသည်။ သူ့အထက်အရာရှိ
များက တွေ့ဆုံ မေးမြန်းခန်းအတွက် ခွင့်ပြုချက်မရ သည့်အတွက် အမည်ထုတ်ဖော်မပြော ခြင်းဖြစ်
သည်။
အမြဲလိုလို ညစ်ပတ်ပြီး ရေလျှံနေ သည့်အခန်း၌ သော့ခလောက်များ မရှိသဖြင့် လိုအပ်၍သုံး
သည့်အခါ များ၌ အမျိုးသမီးအချင်းချင်း စောင့်ပြီး သွားကြရသည်။ ရဲတပ်ဖွဲ့ဝင် အမျိုးသမီးအရာရှိ
များ အတွက် အန္တရာယ်ကင်းပြီး လုံခြံုသည့် အဆောက်အအုံများကို အာဖဂန်အစိုးရ က မဖြည့်
ဆည်းပေးနိုင်သည့်အတွက် အမျိုးသမီးရဲတပ်ဖွဲ့အရာရှိများ စော်ကား ခံရရန် အခွင့်အလမ်းများ
ကြောင်း HRW အဖွဲ့ အာရှဆိုင်ရာညွှန်ကြားရေး မှူး မြေိ ဗိောျ ကပြောသည်။
"ရေအိမ်ကိစ္စ တစ်ခုတည်းသာ မဟုတ် ဘူး။ အာဖဂန်နစ္စတန်မှာ ဥပဒေ ထိန်းသိမ်းမှုအတွက်
အမျိုးသမီးတွေရဲ့ အရေးပါတဲ့ကဏ္ဍကို အစိုးရက အသိအမှတ်ပြုဖို့လိုကြောင်း" သူက ဆက်
လက်ပြောသည်။
အာဖဂန်အမျိုးသမီးများကို မကြာ ခဏဆိုသလို လုပ်ဖော်ကိုင်ဖက် အာဖဂန် အမျိုးသားများက
ပစ်မှတ်ထားတတ်ကြ သည်။ အမျိုးသမီးတပ်ဖွဲ့ဝင်များ အသုံးပြုလေ့ရှိသည့် သန့်စင်ခန်းများ၌
ချောင်းကြည့်သည့်အပေါက်များ ရှိသည့် အပြင် တံခါးများမှာလည်း သော့ခတ်လို့ မရပေ။
အမျိုးသမီးတစ်ယောက်တည်း သွားရန်မသင့်တော်သဖြင့် အဖော်နှင့် သွားကြရသည်။ အမျိုး
သမီးများသည် အာဖဂန်နစ္စ တန်ရဲတပ်ဖွဲ့ အရာရှိများ၏ တစ်ရာခိုင် နှုန်းသာရှိကြောင်း HRW
အဖွဲ့၏ ကိန်းဂဏန်းများအရ သိရသည်။
"ကျွန်မထက် ရာထူးငယ်တဲ့ ယောကျ်ားတွေက ကျွန်မကိုအလေးမပြု ဘူး။ အမျိုးသမီးတွေကို
တန်ဖိုးထား သင့်တာကို တန်ဖိုးမထားဘူး။ ကျွန်မက အမျိုးသားတပ်ဖွဲ့ဝင်သစ်တွေ စုဆောင်း
ရမယ့်တာဝန်ရှိပေမယ့် အန္တရာယ် မကင်းလို့ သမီးတွေကိုမလွှတ်ဘူးလို့ လူတွေကပြောကြတယ်"
ဟု ထိုအဆင့် မြင့်အမျိုးသမီး ရဲအရာရှိကပြောသည်။
အာဖဂန်နစ္စတန် ရဲတပ်ဖွဲ့အတွက် ရန်ပုံငွေအများစုမှာ ကုလသမဂ္ဂကွပ်ကဲ သည့် အုပ်ထိန်းမှုအဖွဲ့မှ
တစ်ဆင့် ရရှိ ခြင်းဖြစ်ပြီး ယခုနှစ်စီမံကိန်းအတွက် အမျိုးသမီးများ ရေအိမ်အစီအစဉ်များ ပါရှိကြောင်း
HRW အဖွဲ့ကပြောသည်။
သို့သော်လည်း ဤအစီအစဉ်မှာ ပြည်ထဲရေးဝန်ကြီးထံမှ သဘောတူညီ ချက် လိုအပ်သည့်အပြင်
ပုံမှန်ငွေကြေး ရရှိ နေမှုကိုလိုအပ်သည်။ တာလီဘန်ကို ဖြုတ်ချပြီး ၁၂ နှစ်အကြာ၌ အခြခံ အကျ
ဆုံးဖြစ်သည့် အမျိုးသမီး ရဲတပ်ဖွဲ့ ၀င်များအတွက် အဆောက်အအုံများ မှာ ဦးစားပေးအဆင့် ရရှိ
ပုံမပေါ်သေး ပေ။
(ဂါးဒီးယန်း)
















