ဆိုးလ် - ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံ၍ အသစ်ပြန်လည်တည် ဆောက်ခဲ့သော
တောင်ကိုရီးယားနိုင်ငံ ရှိ မီးရှို့ဖျက်ဆီးခံခဲ့ရသည့် 'နမ်ဒေမန်' မုခ်ဦး၏ တည်ဆောက်ရေးလုပ်ငန်း
များ ပြီးစီးသွားပြီဖြစ်ကြောင်း တောင်ကိုရီး ယားနိုင်ငံက ဧပြီလ ၂၉ ရက်နေ့က ကြေညာခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် အနှစ် ၆၀၀ သက်တမ်းရှိသော
ဆိုးလ်မြို့လယ်ရှိ နမ် ဒေမန်မုခ်ဦးကို မေလ ၄ ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။ ကျွမ်းကျင်
လက်မှုပညာရှင် ရာပေါင်းများစွာဖြင့် ပြန်လည်တည်ဆောက်ခဲ့သော နမ်ဒေ မန်မုခ်ဦးမှာ တောင်
ကိုရီးယားနိုင်ငံ၌ တည်ဆောက်ဖူးသမျှသော အရှည် ကြာဆုံးနှင့် အကုန်အကျအများဆုံး ပြန်လည်
တည်ဆောက် မွမ်းမံသည့် စီမံကိန်းများထဲမှ တစ်ခုဖြစ်လာခဲ့သည်။
"ရိုးရာအစဉ်အလာ နည်းစနစ်တွေ၊ ပစ္စည်းကိရိယာတွေကိုပဲသုံးပြီး တည် ဆောက်ခဲ့တာပါ။ သူ့နဂို
ပုံစံအတိုင်း ပြန်ရအောင် ကျွန်တော်တို့ အကောင်း ဆုံးလုပ်ထားပါတယ်" ဟု တောင်ကိုရီး ယား
အစိုးရ၏ အမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးဌာန အကြီးအကဲ ကန်ကျွမ်ဟွမ်က ဆိုသည်။
၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲ ဖြစ်ပွားပြီး နောက် အပျက်အစီးများကြားမှ ကြွင်းကျန်ရစ်သည့် နမ်ဒေ
မန်မုခ်ဦး သည် သစ်သားကို အဓိကအသုံးပြု တည်ဆောက်သည့် ပုံသဏ္ဌာန်မျိုးဖြစ်ပြီး ယင်းကို
၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က မကျေမချမ်းဖြစ်နေသော အသက် ၆၉ နှစ်အရွယ် လူ
တစ်ဦးက မီးရှို့ဖျက်ဆီးခဲ့သည်။
ဆိုးလ်မြို့ အနောက် မြောက်ဘက် ဂိုရန်မြို့တွင် တည်ဆောက် မည့် အိမ်ရာစီမံကိန်းတစ်ခုအတွက်
မြေကိုသိမ်းခံခဲ့ရပြီးနောက် လျော်ကြေး အနည်းငယ်သာရ၍ မကျေနပ်သဖြင့် မီးရှို့ခဲ့ခြင်းဖြစ်သည်။
နမ်ဒေမန်မုခ်ဦးကို ယခင် ခံ့ညား ထည်ဝါမှုပုံစံအတိုင်း ရရှိအောင်ပြန် လည်တည်ဆောက်သည့်
ငါးနှစ်ကြာ စီမံကိန်းတွင် လက်မှုပညာရှင် ၁,၀၀၀ ကျော်အပါအဝင် လူအင်အား ၃၅,၀၀၀ အသုံး
ပြုခဲ့ပြီး ၀မ် ၂၇ ဘီလျံ (ဒေါ်လာ ၂၄ ဒသမ ၄ သန်း) ကုန်ကျခဲ့သည်။
၏နန်ဒေမန်ဂိတ်သည် ၁၃၉၂ ခုနှစ်မှ ဂျပန်တို့ ကျူးကျော်သိမ်းပိုက်ခဲ့သည့် ၁၉၁၀ ခုနှစ်အထိ ကိုရီး
ယားကျွန်းဆွယ် ကိုဂျိုဆောင်မင်းဆက် အုပ်ချုပ်စဉ်အခါ က မြို့တော်ကို ကာကွယ်ရန်တည်
ဆောက်ခဲ့သော ဂိတ်ပေါက်လေးခု အနက်မှ တစ်ခုဖြစ်သည်။ မီးရှို့သူကို ထောင်ဒဏ် ၁၀ နှစ် ချ
မှတ်ခဲ့သည်။
နန်ဒေမန်ဂိတ်ကို ယခု အခါတွင် ပြည့်စုံကောင်းမွန်သည့် မီးဘေးကာကွယ်ရေး စနစ်တစ်ခုဖြင့်
ကာကွယ်ထားကြောင်း ကန်ကပြော ကြားခဲ့သည်။
(အေအက်ဖ်ပီ)

















