ကွာလာလမ်ပူ - မလေးရှားအစိုးရ၏ လွန်ခဲ့သည့် ၁၅ နှစ်အကြာက အပယ်ခံ
နိုင်ငံရေးသမားဘဝအဖြစ် တွန်းပို့ခြင်း ခံခဲ့ရသည့် အန်ဝါအီဘရာဟင်သည် ရွေးကောက်ပွဲ၏
အရေးအကြီးဆုံးကာလ မေလ ၅ ရက်နေ့တွင် ၎င်း၏ အကောင်းဆုံးနှင့် နောက်ဆုံးကြိုးပမ်းမှု
တစ်ရပ်လည်းဖြစ်နိုင်သည့် အခြေအနေ တစ်ခုကို ရင်ဆိုင်ရမည်ဖြစ်သည်။
အာဏာရ မလေးအမျိုးသား ညွန့်ပေါင်းအဖွဲ့ (UMNO) ၏ တစ်ချိန်က မလွဲမသွေ ၀န်ကြီးချုပ်
တစ်ဦးအဖြစ် ဆက်ခံရမည့်သူ အန်ဝါသည် ယနေ့ အချိန်၌ ယင်းပါတီ၏ ပါတီမှ ခွဲထွက် သွားသည့်
ကြောက်စရာအကောင်းဆုံး သော အတိုက်အခံရန်သူ ဖြစ်လာကာ ကမ္ဘာပေါ်တွင် ကာလအရှည်
ကြာဆုံး အုပ်ချုပ်သည့် အစိုးရများအနက် တစ်ခု ဖြစ်သော အာဏာရအစိုးရအဖွဲ့ကိုလည်း အာ
ဏာစွန့်ရေး အသင့်ပြင်ထားရန် အိပ်မက်ပေးခဲ့သူလည်း ဖြစ်လာသည်။
"ဒီလောက်ကြီး လျှောက်လှမ်းလာခဲ့ တဲ့အတွက် ကျွန်တော်ရူးမယ်ဆိုလည်း ရူးနိုင်ပါတယ်။ ဒါပေမဲ့
ကောင်းမွန်တဲ့ အုပ်ချုပ်ရေး၊ မသမာမှုတွေဖယ်ရှားပြီး မလေးရှားနိုင်ငံကို ရင့်ကျက်တဲ့ ဒီမို ကရေစီနိုင်
ငံဖြစ်အောင်လုပ်ဖို့ ကျွန်တော် သက်သေပြချင်ပါတယ်" ဟု အသက် ၆၅ နှစ်အရွယ် အန်ဝါက အေ
အက်ဖ်ပီနှင့် တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ပြောသည်။
UNMO သည် ၁၉၅၇ ခုနှစ်က ဗြိတိန်နိုင်ငံထံမှ လွတ်လပ်ရေးရရှိခဲ့ချိန်မှ စတင်၍ အစွန်းမရောက်
သည့် မွတ်စလင် နိုင်ငံကို ညွန့်ပေါင်းအစိုးရတစ်ရပ်ဖြင့် အုပ်ချုပ်လာခဲ့ခြင်းဖြစ်သော်လည်း ခြစား
မှုများနှင့် အာဏာရှင်ဆန်သည့် နည်း ဗျူဟာများအပေါ် ဖိအားများနှင့် ရင်ဆိုင် ရလျက်ရှိသည်။
တိုင်းရင်းသားပေါင်းစုံရှိရာ မလေးရှား နိုင်ငံ၏ လူမျိုးစုံအပေါ် ဩဇာတိက္ကမ ကြီးကာ အဟောအပြော
ကောင်းမွန် သည့် အရည်အချင်းများကြောင့်လည်း တစ်ချိန်တစ်ခါက ကံမကောင်း အကြောင်းမလှ
ခဲ့သည့် အန်ဝါမှာ လူထု ထောက်ခံမှု များစွာရရှိနိုင်ခြေရှိသည်။
၎င်း၏ သုံးပါတီ Pakatan Rakyat (People's Pact)သည် အင်အားကြီး သည့် အတိုက်အခံနှင့်
ရင်ဆိုင်နေရ သည့်တိုင် ကောင်းမွန်သည့်ရလဒ် ရရှိရန် အလွန်နီးကပ်နေပြီဖြစ်ကြောင်း လေ့လာ
သုံးသပ်သူများက ပြောသည်။
(အေအက်ဖ်ပီ)

















