အဆောက်အအုံပြိုကျမှု အသက်ရှင်သူများ ကယ်ဆယ်ရေးမျှော်လင့်ချက်ကုန်

အဆောက်အအုံပြိုကျမှု အသက်ရှင်သူများ ကယ်ဆယ်ရေးမျှော်လင့်ချက်ကုန်

ဆာဗာ - ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လူအသေအပျောက် အများဆုံးသော အဆောက်အအုံ
ပြိုကျမှု၌ မီးလောင်မှု ဖြင့် နောက်ဆုံးကျန်ရစ်သူတစ်ဦး သေဆုံးခဲ့ရအပြီး ဧပြီလ ၂၉ ရက်နေ့တွင်
အထည်စက်ရုံဝင်းအတွင်းရှိ အပျက် အစီးများကို ၀န်ချီစက်ကြီးများဖြင့် စတင်ရှင်းလင်းနေပြီဖြစ်
သည်။

ရှစ်ထပ်အဆောက်အအုံ ဖြစ်ခဲ့သည့် ကွန်ကရစ်ပုံကြီးရှိရာသို့ ၀န်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ ပထမ
ဆုံးအကြိမ်လာ ရောက်ကြည့်ရှုခဲ့သည့် အချိန်မှာပင် ကယ်ဆယ်ရေးအဖွဲ့များကို ဦးစီး ဦးဆောင်ပြု
နေကြသူများက အသက်ရှင် ကျန်ရစ်သူများကို တွေ့ရှိရန် မမျှော်လင့် နိုင်တော့ကြောင့် ဆိုခဲ့ကြ
သည်။

"ကယ်ဆယ်ရေးအဖွဲ့တွေဟာ အသက်ရှင်ကျန်ရစ်သူတွေကို ကာယ အားနဲ့ ရှာဖွေရေးလုပ်ငန်းတွေ
ကို ရပ်လိုက်ပါပြီ။ ကွန်ကရစ်တုံးကြီးတွေကို ရှင်းလင်းဖို့အတွက် ၀န်ချီစက်ကြီး နှစ်ခုနဲ့ လုပ်ငန်းစနေ
ပါပြီ။ ခုချိန်ထိတော့ ၁၂ တန်လေးတဲ့ ကွန်ကရစ်အပြားကြီး တစ်ခုကို ဖယ်ရှားထားပါတယ်။ ဒီလိုမျိုး
ကွန်ကရစ်ပြားကြီး ခုနစ်ခုကိုလည်း ဒီနေ့ဆက်ပြီး ဖယ်ရှားရဦးမှာပါ" ဟု စစ်တပ်ပြောရေးဆိုခွင့်ရှိသူ
ရှာဟီနူလ် အစ္စလာမ်က ပြောသည်။

ကယ်ဆယ်ရေးလုပ်ငန်းများကို ကြီး ကြပ်နေသည့် ဘင်္ဂလားဒေ့ရှ်စစ်တပ်၏ အဆိုအရ မျက်မှောက်
ကာလအထိ သေ ဆုံးသူဦးရေမှာ ၃၈၁ ဦးရှိခဲ့ပြီဖြစ်ကြောင်း အတည်ပြုထားသော်လည်း ယင်းထက်
ပိုမိုများပြားလာဖွယ် ရှိမည်ဟုလည်း ယူဆထားကြသည်။ အ

ပြိုအပျက်များကြား၌ မီးဖွားခဲ့သည့် အမျိုးသမီးတစ်ဦးကို ကယ်ဆယ်ရေး ၀န်ထမ်းများက ဧပြီလ
၂၇ ရက်နေ့တွင် ဆွဲထုတ်နိုင်ခဲ့ကြောင်း နိုင်ငံပိုင်သတင်း ဌာနက ဖော်ပြခဲ့သည်။ သို့ရာတွင် မိခင်နှင့်
ကလေးငယ်တို့သည် ကယ်ဆယ် ခြင်းခံခဲ့ရပြီးနောက် မည်သို့မည်ပုံ ရှိနေကြောင်းကိုမူ သေချာစွာ
သိရှိရခြင်း မရှိဘဲ နီးစပ်ရာ သတင်းများအရ ဒုက္ခ ရောက်ခဲ့ရကြောင်း သိရှိရသည်။ အခင်းဖြစ်ပွားရာ
သို့ ၀န်ကြီးချုပ် လာရောက်ခဲ့ပြီး အဖြစ်ဆိုးကြီးအတွက် တာဝန်ရှိသူများကို ဖော်ထုတ် အရေးယူ
သွားမည်ဟု ကတိပြုပြောကြား ခဲ့အပြီးမှာပင် စက်ရုံပိုင်ရှင်နှစ်ဦးနှင့် အင်ဂျင်နီယာနှစ်ဦးကို ဖမ်းဆီး
သည့် သတင်းများ ထွက်ပေါ်လာခဲ့သည်။

ထောင်ပေါင်းများစွာသော ဘင်္ဂလား ဒေ့ရှ် အထည်ချုပ်စက်ရုံ လုပ်သားများ သည် ဧပြီလ ၂၉
ရက်နေ့က ၎င်းတို့၏ သက်ဆိုင်ရာစက်ရုံများမှ ထွက်လာခဲ့ကြ ကာ လူပေါင်းများစွာ သေဆုံးခဲ့ရ
သော အဖြစ်ဆိုးကြီးဖြစ်ပွားရာ အဆောက် အအုံပိုင်ရှင်ကို သေဒဏ်အပြစ်ပေးရန် တောင်းဆိုခဲ့
ကြသည်။

(အေအက်ဖ်ပီ)