ကွာလာလမ်ပူ - အပြောင်းအလဲကို လိုလားနေကြသော မဲဆန္ဒရှင်များနှင့် သဘော
ထားတင်းမာသည့် အတိုက် အခံများအကြား နှစ်ပေါင်းများစွာ သတိကြီးကြီးနှင့် ဆောင်ရွက်လာ
ခဲ့သော ၀န်ကြီးချုပ် နာဂျစ်ရာဇတ်သည် မတ်လ ၅ ရက်နေ့က ကျင်းပပြုလုပ်သည့် ရွေးကောက်
ပွဲတွင် အနိုင်ရရှိပြီး ပိုပြီး ခိုင်မာသည့် အခြေအနေတစ်ရပ် ရရှိ သွားပြီဖြစ်သည်။
နှစ်ပေါင်း ၅၆ နှစ်အတွင်း အစိုးရ၏ ရွေးကောက်ပွဲရလဒ် အဆိုးဆုံးအခြေ အနေဖြစ်ခဲ့သော
၂၀၀၈ ၌အာဏာရ ပါတီက နာဂျစ်အရှေ့က ၀န်ကြီးချုပ်ဖြစ် သွားသူအားဖြုတ်ချပြီးနောက်
နာဂျစ် ရာဇတ်က ၀န်ကြီးချုပ်ဖြစ်လာခဲ့သည်။ မတ်လ ၅ ရက်နေ့ ရွေးကောက်ပွဲတွင် လွန်ခဲ့
သည့်ငါးနှစ်က ရှုံးနိမ့်ခဲ့ရသည့် အဓိကပြည်နယ်တစ်ခုမှပင် ထောက်ခံမဲ များ သိမ်းကြံုးရရှိကာ
မျိုးနွယ်စုပေါင်းစုံ ပါ၀င်သည့် အတိုက်အခံအဖွဲ့တစ်ဖွဲ့၏ စိန်ခေါ်မှုကို ကျော်လွှားနိုင်ခဲ့ပြီးနောက်
နာဂျစ်ရာဇတ်က အုပ်ချုပ်ရေးအာဏာ ကို ရရှိခဲ့ခြင်းဖြစ်သည်။
မလေးရှားနိုင်ငံကို တည်ထောင်သူ၏ သားဖြစ်သည့် အသက် ၅၉ နှစ်အရွယ် နာဂျစ်ကို
မွတ်စလင်အများစု နေထိုင် သည့် မလေးရှားနိုင်ငံမှ လူအများ လေးစားခြင်းခံရသည့်
တိုင်းရင်းသား မလေးအထက်တန်းလွှာများက ထောက်ခံ ကြိုဆိုကြသည်။
နာဂျစ်က မလေးနိုင်ငံ ၏ အဓိကပါတီဖြစ်သည့် မလေး အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့
(UMNO) တွင် ဆယ်စုနှစ်သုံးခုကြာ တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်း၏ဖခင် ရာဇတ်ဟူစိန်မှာ
မလေး ရှားနိုင်ငံ၏ ဒုတိယမြောက် ၀န်ကြီးချုပ် ဖြစ်ပြီး ၁၉၅၇ ခုနှစ်၌ ဗြိတိန်နိုင်ငံမှ လွတ်လပ်
ရေးရအောင် ဆောင်ရွက် ရာတွင် အဓိကပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
နာဂျစ်က အင်္ဂလန်နိုင်ငံတွင် စီးပွား ရေးပညာသင်ယူခဲ့ပြီး အသက် ၂၃ နှစ် အရွယ် ၁၉၇၆ ခုနှစ်၌
၎င်း၏ဖခင် ကွယ်လွန်ပြီးနောက် လစ်လပ်နေသည့် ပါလီမန်အမတ်နေရာကို ရရှိခဲ့သည်။
ထို့နောက် ၎င်းက မလေးရှားနိုင်ငံ တော်ဗဟိုဘဏ်၊ နိုင်ငံပိုင် ရေနံကုမ္ပဏီ နှင့် ကာကွယ်ရေးဝန်ကြီး
ဌာနအပါအဝင် အစိုးရအဖွဲ့တို့တွင် အဆင့်မြင့်ရာထူး နေရာများ၌ တာဝန်ထမ်းဆောင်ခဲ့ သည်။ ၎င်း
မှာ လက်ရှိတွင် ဘဏ္ဍာရေး ၀န်ကြီးတစ်ဦးလည်းဖြစ်သည်။
နာဂျစ်ရာဇတ်ကို ၂၀၀၂ ခုနှစ်က ပြင်သစ် ရေငုပ်သင်္ဘောများ ၀ယ်ယူ ရာတွင် အကြီးအကျယ်
ငွေကြေးမသမာ မှုများနှင့်ပတ်သက်မှုရှိကြောင်းနှင့် မွန်ဂို လီးယား အမျိုးသမီးတစ်ဦး ၂၀၀၆ ခုနှစ်
က အသတ်ခံရမှုနှင့် ဆက်စပ်မှုရှိကြောင်း စွပ်စွဲထားပြီး ၎င်းကအဆိုပါစွပ်စွဲမှုများ ကိုငြင်းဆိုထား
သည်။
ယခုရွေးကောက်ပွဲတွင် နာဂျစ် အ နိုင်ရရှိခြင်းမှာ ၎င်းကိုပြစ်တင်ဝေဖန် မှုများအား ကြံ့ကြံ့ခံရင်ဆိုင်
ရန်အတွက် ပိုကောင်းသည့်အခြေအနေတစ်ရပ်ရ ရှိသွားခြင်းဖြစ်ပြီး မလေးရှားနိုင်ငံတွင် အုပ်ချုပ်ရေး
အာဏာကိုဆောင်ရွက်နိုင် မည်ဖြစ်သည်။
(အေအက်ဖ်ပီ)

















